Joint Typhoon Warning Center (JTWC)

About JTWC in Myanmar language.

JTWC ကို ၁၉၅၉ ခုနှစ်မှာ ဂူအမ်ကျွန်း၊ နီးမစ်ဇ် တောင်ကုန်းမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပုလဲဆိပ်ကမ်းကိုပြောင်းရွှေ့ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။
ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာထဲက ရာသီဥတုအခြေအနေတွေကို သိရှိပြီး အဲဒီရေပိုင်နက်တွေအတွင်းသွားလာနေကြတဲ့ အမေရိကန်စစ်သင်္ဘောတွေနဲ့ ဒေသတွင်းရှိအမေရိကန် အစိုးရဌာနအားလုံးအတွက် ရသီဥတုသတင်းများထုတ်ပြန်ပေးနိုင်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအစီအစဉ်နဲ့ ပုလဲဆိပ်ကမ်းက ရေတပ်စခန်းကြီးထဲမှာ တည်ဆောက်ထားတာလဲ ဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာတွေအပြင် ကမ္ဘာ့အခြားဒေသတွေမှာပါ လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာတာနဲ့ စတင်ပြီး ၂၄ နာရီပတ်လုံး အမေရိကန်ရေတပ်နဲ့ လေတပ်အမှုထမ်း ၂၆ ယောက်နဲ့ အလုပ်လုပ်နေကြတာလို့လဲ သိရပါတယ်။

JTWC အဖွဲ့သားတွေဟာ လေဖိအားနည်းရပ်ဝန်းက စပြီး မုန်တိုင်းအဆင့်ရောက်ရှိလာသည်အထိ စောင့်ကြည့်/မှတ်တမ်းတင်/ခန့်မှန်း/သတင်းထုတ်ပြန် စတဲ့ လုပ်ငန်းကြီး ၄ ခုကို အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်းလုပ်နေသော်လည်း ကမ္ဘာ့မိုးလေဝသ အဖွဲ့WMO ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်တည်ရှိနေတာတော့မဟုတ်ပါဘူး၊ ကမ္ဘာ့မိုးလေဝသအဖွဲ့နဲ့ ညှိနှိုင်းပြီး သတင်းများရှုပ်ထွေးမှုမဖြစ်အောင်တော့ သတိထားပြီး အလုပ်လုပ်နေတာပါလို့ JTWC ရဲ့ website က သူတို့ရဲ့ mission မှာ ရေးသားဖေါ်ပြထားပါတယ်။

Joint Typhoon Warning Center Weather Issue Page က ရရှိတဲ့သတင်းတွေကို မြန်မာလိုဘာသာပြန်ပြီး mmweather group မှာရော၊ ဒီ စာမျက်နှာမှာပါ ဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။
Comments