Burmese
မြန်မာနိုင်ငံ
မြန်မာနိုင်ငံ
လေးစားအပ်ပါသော မိဘ သို့မဟုတ် အုပ်ထိန်းသူ၊,
သင့်ကလေး၏ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်ုပ်တို့၏ကတိကဝတ်တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ ကျွန်ုပ်တို့သည် စာသင်နှစ်တစ်လျှောက်လုံးတွင် အချို့သော လိုအပ်ချက် အကဲဖြတ်နိုင်ရန် စီမံခန့်ခွဲပါသည်။ Akron အစိုးရကျောင်းများသည် K-8 တန်းများနှင့် Renaissance STAR အတန်းများတွင်ကျောင်းသားများ၏အရည်အချင်းစစ်ရာမှာ i-Ready ကို အသုံးပြုထားသည်။ ကျောင်းသားများသည် ဤအရည်အချင်းစစ်ခြင်းကို ဆင်းနဲ့ ဆောင်းဉီး တွင် မှာ စစ်ဆေးကြပါသည်။
The iReady/STAR scores စစ်ဆေးခြင်းမှ ရရှိသော အမှတ်များကိုကြည့်ပြီး ကျောင်းသားရဲ့ စာဖတ်ခြင်းနှင့်သၚ်္ချာ အရည်အချင်းတိုးတက်မှုနှင့် လိုအပ်ချက်များကို ကို သိရှိရမှာဖြစ်ပြီး စာသင်ပေးသူများအတွက် ထိရောက်စွာ ပံပိုးပေးနိုင်ရန်အတွက် အထောက်အကူ ဖြစ်ပါသည်။
ဤသည်မှာ ပညာရေးဆိုင်ရာ တိုးတက်မှုကို မြှင့်တင်ရန် စနစ်တစ်ခုလုံး၏ ကြိုးပမ်းမှုဖြစ်သည်။
ဤနိုင်ငံတော်မှ ပြဌာန်းထားသော အကဲဖြတ်ချက်များသည် သင့်ကလေး၏ ပညာရေးတိုးတက်မှုနှင့် ကျွန်ုပ်တို့၏ သင်ရိုးညွှန်းတမ်း၏ အလုံးစုံထိရောက်မှုတို့ကို ပေးစွမ်းသည့် အဖိုးတန်သော ထိုးထွင်းသိမြင်မှုများအအတွက် ဤစစ်ဆေးမှုသည် ပညာရေးစနစ်၏ မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ရလဒ်များသည် ကျောင်းသားတစ်ဦးစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နှင့် ပိုမိုကောင်းမွန်သော သင်ကြားပို့ချမှုကို ပြုလုပ်နိုင်ရန်ဖြစ်ပြီး တိုးတက်မှုလိုအပ်သည့် နယ်ပယ်များကို ခွဲခြားသတ်မှတ်နိုင်ရန်
. သင့်ကလေး၏ iReady/STAR ရမှတ် အသေးစိတ်အချက်အလက်များကို သင့်ကလေး၏ လာမည့် အစီရင်ခံစာကတ်နှင့်အတူ ပါလာပါမည်။
အမှတ်စာရင်းရီပေါ့ကတ်ကို သေသေချာချာ ပြန်ကြည့်ရန်အရေးကြီးသည်။ မေးစရာရှိပါက သို့မဟုတ်အကူအညီ လိုပါက သင့်ကျောင်းသား၏ဆရာ နှင့် ကျောင်းအုပ် ကို မေးမြန်းရန် မနှောက်နှေးပါနှင့်။ ကျွန်ုပ်တို့သည် သင့်အားကူညီရန် အသင့်ရှိနေပြီး သင့်ဘက်က သင့်ကျောင်းသား၏ ပညာရေး တိုးတက်မှုများကို ရှင်းလင်းစွာသိဖို့ရန် အရေးကြီးပါသည်။
iReady/STAR မှ ရရှိသော အမှတ်အပေါ်မူတည်ပြီး ကျောင်းသား၏တိုးတက်မှုအတွက် ကျောင်းဘက်မှ အစည်းအဝေးကို မိသားစုနှင့်အတူ ဆက်လက် ပြုလုပ်သွားမည်။
သင့်ကလေး၏ပညာရေးအတွက် ကျွန်ုပ်တို့အား ယုံကြည်အံ့နှံပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ သူတို့၏ ဆက်လက်တိုးတက်မှုနှင့် အောင်မြင်မှုရရှိရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
လေးစားစွာဖြင့်
Dr. Michael Robinson
Superintendent, Akron Public Schools
ခရိုင်အုပ်ချုပ်ရေးမှူး၊ Akronအစိုးရကျောင်းများ