မိဘများနှင့် အုပ်ထိန်းသူများသို့
နွေဦးရာသီ စာမေးပွဲရာသီ နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ ကျောင်းသားများသည် အိုဟိုင်းယိုပြည်နယ် စာမေးပွဲများ (OST) မှတစ်ဆင့် ၎င်းတို့၏ ကြိုးစားအားထုတ်မှုနှင့် ပညာရေးဆိုင်ရာ တိုးတက်မှုကို ပြသရန် ပြင်ဆင်နေကြသည်။ ဤအကဲဖြတ်မှုများသည် ကျွန်ုပ်တို့၏ ကျောင်းသားများအတွက် ကျောင်းနှစ်တစ်လျှောက်လုံး ၎င်းတို့၏ တိုးတက်မှုကို ပြသရန်နှင့်ကျောင်းသားများလိုအပ်ချက်နှင့်ကိုက်ညီသော အရည်အသွေးအမြင့်ဆုံးပညာရေးများပေး ဆောင်နေကြောင်းသေချာစေရန် ကူညီပေးသော အရေးကြီးသည့် အခွင့်အရေးတစ်ခုဖြစ်သည်။
အိုဟိုင်းယိုပြည်နယ်စာမေးပွဲ ၏အရေးကြီးချက်များ
အိုဟိုင်းယိုပြည်နယ်စာမေးပွဲသည်ကျောင်းသားအောင်မြင်မှု၏ အကျဉ်းချုပ်ကိုသိနိုင်ရန်နှင့် ကျောင်းသား၏အားသာချက်များနှင့်လိုအပ်ချက်များအတွက် အခွင့်အလမ်း များကိုဖော်ထုတ်ရန်ကူညီပေးပါသည်။ အထက်တန်းကျောင်းသားများအတွက် ဤအကဲဖြတ်မှုများသည် ၎င်းတို့၏ ပညာရေးခရီးတွင် မရှိမဖြစ် ခြေလှမ်းတစ်ခုဖြစ်ပြီး ဘွဲ့ရရှိရန် လိုအပ်ချက်တစ်ခုဖြစ် ပါသည်။ ဘွဲ့ရရှိရန်အတွက် ကျောင်းသားများသည် အဓိကဘာသာရပ်ဖြစ်သော (အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ်) တွင် စုစုပေါင်းအမှတ် ၁၈ မှတ် ရရှိရမည်။ ယခင်က စာမေးပွဲတွင် အမှတ် ၁ မှတ်သၥ ရရှိခဲ့သောဘာသာတခုခု ရှိပါက ကျောင်းသားများသည် ၎င်းတို့၏အဆင့်ကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ဒီပလိုမာအတွက် လမ်းကြောင်းမှန်ပေါ်တွင် ရှိနေစေရန်အတွက် စာမေးပွဲကို ပြန်လည်ဖြေဆိုရန် လိုအပ်ပါသည်။
ကလေးတိုင်းဟာ အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပြီး ဒီအကဲဖြတ်ချက်တွေက သူတို့ဘာတွေ သိပြီး ဘာတွေလုပ်နိုင်လဲဆိုတာ သက်သေပြနိုင်စေပါတယ်။
Spring Testing Schedule နွေဦးရာသီ စာမေးပွဲ အချိန်ဇယား
စမ်းသပ်မှုသည် ဧပြီလ ၆ ရက်အပတ်တွင် စတင်သည်-နွေဦးရာသီအားလပ်ရက် (မတ်လ ၃၀ ရက် - ဧပြီလ ၃ ရက်) ပြီးနောက်
April 6-April 24 ဧပြီလ ၆ ရက်မှ ဧပြီလ ၂၄ ရက်အထိ
English Language Arts (ELA): Grades 3-8 ၃တန်း မှ ၈ တန်းအထိကျောင်းသူကျောင်းသားများ
English Language Arts II (ELA): Grade 10 ၁၀ တန်းကျောင်းကျောင်းသားများ
April 20-May 8 ဧပြီလ ၂၀ ရက်မှ မေလ ၈ ရက်အထိ
Math: Grades 3-8, Algebra I, Geometry ၃တန်း မှ ၈ တန်းအထိကျောင်းသူကျောင်းသားများ
Science: Grades 5, 8, Biology ၅ တန်းနှင့်၈ တန်းကျောင်းသူကျောင်းသားများ
Social Studies: US History, US Government
စာမေးပွဲပတ်ဝန်းကျင်၏ သမာဓိကိုသေချာစေရန်နှင့် ကျောင်းသားအားလုံးအတွက် တရားမျှတသောအခွင့်အလမ်းများပေးအပ်ရန်အတွက် Akron Public Schools သည် ပြည်နယ်မှသတ်မှတ်ထားသော စာမေးပွဲလုံခြုံရေးပရိုတိုကောများကို တင်းကြပ်စွာလိုက်နာပါသည်။ အောက်ပါလိုအပ်ချက်များကို သင့်ကလေးနှင့် ဆွေးနွေးပါ။
Electronic and Smart Devices:အီလက်ထရွန်းနစ်နှင့် စမတ်ကိရိယာများ-
ကျောင်းသားများအနေဖြင့် စာမေးပွဲကာလအတွင်း မည်သည့်အီလက်ထရွန်းနစ်ပစ္စည်းများကိုမျှ ကိုင်ဆောင်ခွင့်မရှိပါ။
၎င်းတွင် ဆဲလ်ဖုန်းများ၊ စမတ်နာရီများ၊ နားကြပ်များ (ဥပမာ AirPods) နှင့် အခြားဆက်သွယ်ရေး သို့မဟုတ် အသံသွင်းကိရိယာများ ပါဝင်သည်။
ကျောင်းသားများအနေဖြင့် ဤကိရိယာများကို အိမ်တွင် သို့မဟုတ် ၎င်းတို့၏ ဗီရိုများတွင် ထားခဲ့ရန် ကျွန်ုပ်တို့ အထူးအကြံပြုလိုပါသည်။
အရေးကြီးချက်- စာမေးပွဲကာလအတွင်း ထိုကိရိယာတစ်ခုနှင့်အတူ တွေ့ရှိရသည့် ကျောင်းသားတိုင်း၊ (ပိတ်ထားသော်လည်း) ၊ထိုကျောင်းသားကို စာမေးပွဲကို ပြည်နယ်စာမေးပွဲကို ထုတ်ပယ်နိုင်သည်။
ကျောပိုးအိတ်များနှင့် အိတ်များ-
လုံခြုံရေးကိုထိန်းသိမ်းရန်အတွက် ကျောင်းသားများ၏စားပွဲ ပေါ်တွင် အိတ်များနှင့် ကျောပိုးအိတ်များကို တင်ခွင့်မပြုပါ။
စာမေးပွဲခန်းထဲသို့ ယူဆောင်လာသော အိတ်များကို စာမေးပွဲပြီးဆုံးတဲ့အထိ သိမ်းထားမှာဖြစ်သည်။
အားသွင်းထားသော Chromebook များ-
Most testing is digital.စမ်းသပ်မှုအများစုသည် ဒစ်ဂျစ်တယ်ဖြင့် ပြုလုပ်မှာဖြစ်သည်။
ကျောင်းသားများသည် ၎င်းတို့၏ကျောင်းမှထုတ်ပေးသောခရိုးဘုတ်ကို မနက်တိုင်း အပြည့်အဝအားသွင်းထားပြီး ယူဆောင်လာရမည်။
ကျောင်းသားများ စာမေးပွဲအတွက် အဆင့်သင့်ဖြင့်ရန် မိသားစုများမှ အောက်ပါအတိုင်း ပံ့ပိုးပေးပါ။
✓ နေ့တိုင်းကျောင်းတက်ရန်အလွန်အရေးကြီးသည်။: ဧပြီလအစောပိုင်းမှ မေလအစောပိုင်းအထိ စာမေးပွဲကာလဖြစ်သောကြောင့် ကျောင်းပုံမှန်တက်ခြင်းအားဖြင့် ကျောင်းစာ လုပ်စရာများအားလုံး လ်ုပနိုင်များဖြစ်ပြီး မလိုလားအပ်သော အခြားဖိစီးမှုများ သို့မဟုတ် နောက်ကျလို့ ပြန်ဖြည့်ရသည်များ ကို ရှေင်နိုင်ရန်ဖြစ်သည်။
✓ အချိန်မှန်ရောက်လာခြင်း Be on Time: မနက်ကျောင်းစတာနဲ့ စာမေးပွဲစမှာဖြစ်သောကြောင့် သင့်ကျောင်းသား အချိန်မှန်ကျောင်းရောက်လာရန် ကူညီပေးပါ။စောရောက်လာပြီးသူတို့သွားရမည့်အခန်းထိုင်ရမည့်နေရာ အဆင်သင့်ဖြစ်ရန် အရေးကြီးသည်။ .
✓ အနားယူခြင်းနှင့် အာဟာရRest and Nutrition: ကျောင်းသားများသည် ကောင်းမွန်သောညအိပ်စက်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော မနက်စာကို စားသုံးသည့်အခါ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိကြသည်။ နေ့တစ်နေ့ကို တည်ငြိမ်ပြီး အာရုံစူးစိုက်မှုရှိသော အစပြုခြင်းသည် ကျောင်းသား၏ ယုံကြည်မှုနှင့် စွမ်းဆောင်ရည်တွင် သိသာထင်ရှားသော ခြားနားချက်ကို ဖြစ်စေသည်။
✓ စမ်းသပ်ခြင်း စိတ်နေသဘောထား ကျောင်းသားများအား မေးခွန်းတိုင်းကို သေချာစွာဖတ်ရှုပြီး အချိန်ယူရန် ကျွန်ုပ်တို့ အားပေးပါသည်။ မြန်မြန်ပြီးဆုံးလို့ ဆုချီးမြှင့်တာမျိုးမရှိပါ။
သင်နှင့် သင့်ကျောင်းသားသည် အသင့်ဖြစ်နေပြီး ယုံကြည်မှုရှိကြောင်း ကျွန်ုပ်တို့ သေချာစေလိုပါသည်။ ဤအကဲဖြတ်မှုများသည် ကျောင်းသားများအနေဖြင့် ၎င်းတို့သင်ယူခဲ့သည်များကို ပြသရန် အရေးကြီးသောနည်းလမ်းတစ်ခုဖြစ်ပြီး လူအများစုအတွက် အထက်တန်းကျောင်းပြီးမြောက်ရန် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည်။
ဤလိုအပ်ချက်များနှင့် ပတ်သက်၍ မေးခွန်းများရှိပါက သို့မဟုတ် သင့်ကျောင်းသား၏ တိုးတက်မှုကို ဆွေးနွေးရန် အစည်းအဝေးတစ်ခု စီစဉ်လိုပါက သင့်ကျောင်းသား၏ ကျောင်းအုပ်ကြီးထံ ဆက်သွယ်ပါ။
ကျွန်ုပ်တို့၏ ကျောင်းသားများအပေါ် သင်၏ စဉ်ဆက်မပြတ် ပံ့ပိုးမှုအတွက်နှင့် လုံခြုံပြီး ထိရောက်သော စာမေးပွဲပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ကူညီပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏ ပညာရှင်များ ထွန်းတောက်လာမည်ကို မျှော်လင့်ပါသည်။
Sincerely,
Mary B. Outley
Superintendent of Schools