<( JEAN LADY )>



  FASHION  or  HEALTH

Jeans have become a necessary item in people's closet worldwide, thanks to big-time celebrities docking jeans to Red Carpet events. For young Burmese people jeans are the most attractive casual wear now. We are not against the cultural trend for wearing jeans, but for a tropical country like Burma, we have to pay close attention to our personal hygiene.

Especially for young girls wearing skin-tight jeans. Urinary tract infection ( U.T.I ) or bladder infection can occur if the genital area is not properly cleaned after using the lavatory and thoroughly laundering of the undergarments. Skin infections like yeast, herpes, and skin irritation can happen due to the lack of ventilation in lower parts of the body.

Therefore, it is better to wear loose clothing like traditional Burmese dress, which is more healthier and comfortable. But if you choose to wear jeans, pay attention  and be careful about your personal hygiene. The most important is to prevention.




       ကျွန်တော်၏ မိတ်ဆွေ သည် 99 စနေ ၏ စာဖတ် ပရိတ်သတ် တစ်ဦး ဖြစ်ပါသည် ။ စာပေဝေဖန် ရေးကိုလည်း e-mail
ပို့၍ ဝေဖန် အကြံပြု တတ်ပါသည် ။ 99 စနေ ၏ မြစ်ဝ ကျွန်းပေါ် ခရီးစဉ် ဆောင်း ပါးတွင် ဖော်ပြထားသည့်  Jean ဘောင်းဘီ
ဝတ် ထားသော မိန်းမ ပျို တစ်ဦး ၏ ဓါတ်ပုံ ကို တွေ့ ရ သောအခါ ကျန်းမာရေး  ပညာပေး  ဆောင်းပါး တစ်ပုဒ် ရေးခြင်လာ၍
 အထက် ပါ စာကို ရေးပို့ လာပါသည် ။ ထို ဓါတ်ပုံ ကို ပူးတွဲ ဖော်ပြနိုင် ရန် mail ပို့၍ ခွင့်ပြု ချက် တောင်း ရာတွင် ရေးသားမည့်
အကြောင်းအရာ ကိုသေသေ ချာချာ မသိရခြင်း နှင့် ဓါတ်ပုံ ရှင်ကို အသိပေး ရန် မလွယ်ကူခြင်း တို့ကြောင့် ခွင့်ပြု ချက် မရခဲ့ပါ ။

         ယခု အခါ မြန်မာနိုင်ငံ တွင် အမျိုးသား များ သာမက အမျိုးသမီး များပါ ဘောင်းဘီ ဝတ်၍ သွားလာလှုပ်ရှားနေ ကြ ပါပြီ ။
မြန်မာနိုင်ငံ  ၏ ရာသီဥတု  အခြေ အနေ အရ  Jean ဘောင်းဘီ ဝတ်လျှင် သတိထား သင့် သည့်  အချက် ကို အ ကြံ ပြု
ထားခြင်း ဖြစ်ပါ သည် ။





    Jean အဝတ် အထည် သည် အလုပ်ကြမ်း လုပ်သူ များကြာရှည်ခံ ဝတ် နိုင်ရန် တာရဘတ် ခေါ်  အမိုး အကာ အဖြစ် အသုံး
ပြု နိုင် သော  ပိတ် စ မျိုးကို အဝတ် အထည် အဖြစ် ချုပ်လုပ် ရာမှ လူသုံး များလာ ခြင်းဖြစ်ပါ သည် ။
     ခေတ်အလိုက်ပုံစံ နှင့် အထူ အပါး ကို အမျိုးမျိုး ပြောင်းလဲ ချုပ်လုပ် ဝတ်ဆင် ကြ ရာ နှစ်ပေါင်း များစွာ ကြာ လာ သည့် တိုင်
မ ရိုး နိုင်သေးပါ ။ design ပညာရပ် တွင် အရိုးဆုံး သည် အဆန်းဆုံး ( simple is the best ) ဟု လဲ လက်ခံ သုံးစွဲ ကြပါ သည် ။
       Jean ပိတ် စ ၏ သဘော အရ မာပြီး ထူပါ သည် ။  နောက်ပိုင်း တွင် ပျော့ ပြီး ပါးအောင် ပြုလုပ် လာစေကာမူ သာမန် ပါး
သော  ပိတ် စ များနှင့် မတူ ဝတ်ဆင် ရာတွင် ထူသော အတွေ့ အထိ ကို ခံစား ရပါသည် ။

       တဖန် လူ အတော် များများ သည် အခြား အဝတ် အထည် များကို တစ်ကြိမ်  သို့မဟုတ် တစ် နေ့ ဝတ် ပြီး လျှင်  လျှော် တတ်
ကြ သော် လည်း Jean အဝတ် အထည် များကို မူ ညစ်ပတ် ပေရေ မှု မရှိလျှင် တစ်ပတ် ကြာ တခါတရံ သည်ထက် ပို ၍  ဝတ်ဆင်
တတ်ပါသည် ။ ထို့ကြောင့်  Jean အဝတ် အထည် များပေါ်တွင် သာမှန်အားဖြင့် မမြင်နိုင် သော မှိုကဲ့သို့သော အမှုန်အမွှား များနှင့်
 ခန္ဓာ ကိုယ် ၏ ချွေး နှင့် အနံ့ အသက် အချို့ ကပ်တွယ် နေ တတ် ပါသည် ။  Jean ဘောင်းဘီ ဝတ် သော အခါ  ပေါင် ဂွ ကြား နှင့်
ဘောင်းဘီ အဖျား နေရာများ တွင် တခါတရံ ဘောင်းဘီ အစ နှင့် အရေပြား ပွန်း သကဲ့သို့ မကြာ ခဏ ဖြစ်တတ်ပါသည် ။
     Jean စကပ် / ဂါဝန် များလဲ အနည်းငယ် ကြပ် လျှင် ပေါင် သို့မဟုတ် ဒူးခေါင်း အနီးတွင် ပွန်း တတ်ပါသည် ။
သို့သော် သွေး မထွက် ၍ ခံ နိုင်ရည် ရှိသကဲ့သို့ ဖြစ်သောကြောင့်   အလေးအနက် မ ထား ကြ ပါ ။ ထိုအခါ ပိတ်စ တွင် ကပ်ငြိ နေသော
မှို သို့မဟုတ် ဘက်တီးရီးယား ပိုး များသည်  ပွန်းနေသော အရေပြား မှ တဆင့် ယားနာ ကဲ့သို့ သော အနာ များ ဖြစ် စေတတ် ပါသည် ။
 တချို့မှာ  ပိတ် စ ကြောင့် ပွန်း မိသည်ကို မသိလိုက် ဘဲ အရေပြား ယားသလို ဖြစ် နေ တတ် ပါသည် ။

          ထို့ကြောင့် တကိုယ်ရည် သန့်ရှင်း ရေး ကို ဂရု ပြု သင့် သကဲ့သို့  ပွန်း မိ သော နေ ရာ များ တွင် ပိုး သေ စေသည့်  လိမ်းဆေး ကို
လိမ်း ပေး သင့် ပါသည် ။ Jean အဝတ် အထည် များ ဝတ် ဆင်လျှင် လိမ်းဆေး ဆောင်ရမလို ဖြစ် နေ သော လဲ အဓိက မှာ  တကိုယ်ရည်
သန့်ရှင်း ရေးပင်ဖြစ်ပါသည် ။

      များသောအားဖြစ် ပူနွေးသော ဒေသ များတွင် နေထိုင် သူများ အဖို့ အတော် အသင့် ပါးပြီး ချောင်ချောင်ချိချိ ရှိသော အဝတ်အစား
များကို ဦးစားပေး ဝတ်ဆင်သင့်ပါသည် ။ သို့မှသာ လေဝင် လေထွက် ကောင်းပြီး ကျန်းမာ ရေး ကိုလဲ အထောက်အကူ ပြု စေပါသည် ။

ဖြည့်စွက်ချက်
your personal hygiene.၏ ဆိုလိုရင်း မှာ တကိုယ်ရည် သန့်ရှင်းရေး  ဖြစ်ပါသည် ။
အနီးစပ်ဆုံး ဥပမာ ပေးရ လျင် အပေါ့အပါး သွားပြီး တိုင်း  တကိုယ်ရည် သန့်ရှင်းရေး မှုကို သေသေ ချာချာ မ ပြုလုပ် လျင် ဆီးလမ်းကြောင်း
မှ ထွက်လာနိုင်သည့် ဘက်တီးရီးယား ပိုးများသည် ကြပ်ကြပ် တည်းတည်း  ဝတ်ထားသည့် Jean  ဘောင်းဘီ တွင် ကျန်ရှိ နိုင် ပါသည် ။



 ကျန်းမာ ချမ်းသာ ကြ ပါ စေ ။

( ကို မျိုး )


Question and Comments




















Comments