Henry's development




  • 16 Months

သားလေး ၁၆လသားလောက်မှာ လုပ်တတ်နေတာကတော့ ကိုယ်ကို တစ်ပတ်လည် လည်ပီး မူးသွားရင် ထိုင်ချပလိုက်တယ်။ မာမီ ကွင်းထိုး ဘိနပ်တွေကို ယူစီးရတာ တော်တော်ကြိုက်တတ်တယ်။ အဲဒီ ဘိနပ်စီးပီးရင် အပြင်သွားတတ်တာကို သိနေတော့ ဘိနပ်စီးမယ်။ မာမီ ပိုက်ဆံအိတ်ကို လွယ်မယ်။ အိမ်သော့ယူမယ် ဆိုတာချည်းပဲ။  အပြင်ကို အရမ်း ကြိုက်တတ်နေသလို လူလည်း မကြောက်တတ်ဘူး။ တွေ့တဲ့လူတိုင်းကိုလည်း ရီပြနေတော့တာပဲ။ မာမီ နဲ့ မမ Angel နဲ့များ ကွာပါ့။ 



ဒီပုံလေးကတော့ မမ Angel ရေကူးကန်မှာ စီးတဲ့ ကွင်းထိုးဘိနပ်ကို ယူစီးပီး လမ်းလျှောက်နေတာ။ အိမ်မှာ ရှိတဲ့ ကွင်းထိုးဖိနပ်တွေ အကုန်လုံး တွေ့တာနဲ့ လျှောက်စီးနေတော့တာပဲ။ ဘဘ ဘိနပ်လည်း မချွတ်ထားနဲ့။ ချွတ်ထားတာနဲ့ သားသားက စီးပီးသားပဲ။
ခြေစုံ Jamp လည်း ခုန်တတ်နေပီ။
သွားက အပေါ် ၆ချောင်း အောက် ၄ချောင်း (အဖြူအရာလေး ၂ချောင်းကတော့ အောက်ဘက်မှာ နည်းနည်းပေါ်နေပီ)


  • 15 Months




Google Video



သားသားလေး .. circle, traingle, square တို့ကို ထည့်နေတာ။ ဆော့တာတော့ အရမ်းပဲ။ အရုပ်တွေလည်း အများကြီးပဲ။ နောက်ပိုင်းတော့ play & learn လုပ်နိုင်တဲ့ အရုပ်မျိုးတွေကိုပဲ ရွှေးပီး ၀ယ်ဖြစ်တော့တယ်။







Google Video





" Hello ... Hello , ဟုတ်ကဲ့ပါ။ ကြားတယ်။ စားမယ်။ သွားမယ်။ ဆော့မယ်။ okay, bye "





Google Video



နံရံမှာ ချိတ်ထားတဲ့ တယ်လီဖုန်းကို ပြောဖို့ ကြိုးစားနေပုံ။ တယ်လီဖုန်း ပျက်မှာစိုးလို့ နံရံမှာ ချိတ်ထားတာကို မရ ရအောင် ဖုန်းခွက်ကို ရအောင် ယူပီး စကားပြောနေတာ။ မာမီက ဒယ်ဒီနဲ့ အင်တာနက် VZO  web cam ကနေတဆင့် စကားပြောနေတာ။ အနောက်မှာ သားသားက တယ်လီဖုန်း ကြိုးကို လှုပ်ချပီး စကားပြောနေတာ။ ဒယ်ဒီတောင် အွန်လိုင်းကနေတဆင့် တိုက်ရိုက်ကြီး တွေ့လိုက်သေး။ အင်တာနက် web cam နဲ့ နံရံမှာ ချိတ်ထားတဲ့ တယ်လီဖုန်းနဲ့က မျက်နှာချင်းဆိုင်မို့လို့လေ။ မာမီလည်း ချက်ချင်း တယ်လီဖုန်းကို သားသားဆီက ပြန်ယူ သူ့ နေရာပြန်ထား။ ကင်မရာကို ယူပီး ချက်ချင်း အမှတ်တရ မှတ်တမ်းတင်လိုက်တာ။
သားသားနဲ့ သမီးလေးကိုတော့ မာမီ အတတ်နိုင်ဆုံး မဆူဘူး။ မရိုက်ဘူး။ နှုတ်ကနေ တဆင့်ပဲ ဆုံးမတယ်။ မလုပ်စေချင်တဲ့အရာတွေကို စကတည်းကကို ရှောင်ထားလိုက်တယ်။ ဥပမာ သားသား အိမ်ဖွတာ မကြိုက်ဘူး။ စာအုပ်တွေ စီဒီချပ်တွေ ဖွတာ မကြိုက်ဘူးဆို အဲဒီပစ္စည်းတွေကို အခန်း သပ်သပ်ထားပီး သိမ်းထားလိုက်တယ်။ ကလေးတွေ သွားလို့ရတဲ့ နေရာတွေပဲ အတတ်နိုင်ဆုံးသွားတယ်။ တချို့ နေရာတွေက လူကြီးတွေနဲ့ဆိုတော့ ကလေးတွေကို တဟန့် ဟန့်နဲ့ ဟန့်နေရတာ ကိုယ့်ဘာသာ ကိုယ် စိတ်ဆင်းရဲလို့လေ။ ကလေးလည်း စိတ်ပင်ပန်း။ သူ လုပ်ချင်တာကို လုပ်လို့မရ။ မာမီလည်း စိတ်ညစ်ခဲ့ဖူးတော့ နောက်ဆို သွားကို မသွားတော့တာ။ စကတည်းကကို သားသားနဲ့ သမီးလေးတို့ မလုပ်စေချင်တဲ့အရာတွေကို မာမီက ရှောင်ထားလိုက်တာပါ။ ချစ်လွန်းတော့လည်း မဆူရက်ဘူးကွယ်။







Google Video



သားသား ခြေတွန်းကားလေးကို စီးနေတာ။ စီးနေရင်းနဲ့ mommy ကို မြင်တော့ mom ... mom လို့ ပီပီသသ ခေါ်နေတာ။




  • 14 Months

Google Video




Google Video



သားလေး ကုတင်ပေါ်ကို တွဲတက်နေတာ။ ကုလားထိုင်တို့ mommy တို့ ကုတင်က သားသား ၆ လ သားလောက်ကတည်းက တက် တတ်နေတာ။ သားသားရဲ့ ကုတင် အမြင့်ကိုကျတော့ အခု ၁၄ လ သားလောက်မှ တက် တတ်နေတာ။

(၂၃.၄.၀၉) Google video က အခုရက်ပိုင်း upload video လုပ်လို့မရ။
We are no longer offering uploads to Google Video. This information is for those who have previously used Google Video to upload their videos.
ဒီစာတမ်းပေါ်နေတယ်။ Google ဘက်ကနေဖြစ်နေတာ။
Myspace video နဲ့ တင်ထားတဲ့ ဒီဖိုင်ဆိုဒ်က 140 MB လောက်ရှိတယ်။ google video upload က 100 MB ပဲ upload ပေးထားတာ။ ဒါနဲ့ အရင်တုန်းက ဖိုင်ဆိုဒ်ကြိးလို့ မတင်လိုက်ရတဲ့ ဗီဒီယိုတွေကို myspace upload လုပ်ပီး တင်ထားလိုက်တာ။ သားနဲ့ သမီးအတွက် အမှတ်တရလေးတွေ။

၁၄လသားလေး သူ့ရဲ့ ကုတင်ပေါ်ကို တွယ်တက်လိုက် ကုတင်ပေါ်ကနေ ခုန်ချလိုက်လုပ်နေတာ။




  • ***** 13 Months *****

Daddy ကလည်း သည်းသည်း ... လှေကားကို ကုတင်မှာ ကပ်ပီး ထားလိုက်ပီ Daddy ရေ။ ခိုင်ခံတဲ့ လှေကားချိတ်တဲ့ သံချိတ်လေးတွေ ပါတယ်နော်။ သားသား ကိုယ်စား mommy ပြောပြမယ်။ သူ့ အိပ်ရာက နိုးလာရင် လျှောစီးပီး ဆင်းလို့ရတဲ့ လျှောပါတဲ့ ခုတင် ၀ယ်ပေးပါတဲ့။ :P







~~~~ @@@ ~~~~

သားသား ၂ထပ် ကုတင်လှေကားကို တက်လိုက်ဆင်းလိုက် လုပ်တတ်နေတာ
။ သတိထား ကြည့်နေရတယ်။ သူ့ကိုယ့်သူတော့ လက်ကို မြဲနေအောင် ကိုင်ထားတာပဲ။ daddy, mommy & Angel အသည်းပေါက်မတတ်ချစ်ရတဲ့ သားသားလေးမို့လို့ မျက်စိကို ဒေါက်ထောက်ပီးကြည့်နေရတယ်. မျက်စိအောက်ကကို အပျောက်မခံရဲဘူး။ မလိုအပ်ရင်တော့ အဲဒီ dressing room ကို တံခါးပိတ်ထားလိုက်တယ်။ လှေကားပေါ်က ပြုတ်ကျမှာ ကြောက်လို့လေ။






Google Video



Google Video



သားလေး လျှပ်စစ် မော်တော်ဆိုင်ကယ်ကို မောင်းနေပုံ


Google Video





 သားလေး လျှော အမြင့်ကို မကြောက် မလန့် ပျော်ရွှင်စွာနဲ့ စီးနိုင်တဲ့ သတ္တိကို ဗီဒီယို မှတ်တမ်း တင်ထားတာ။

Google Video



Google Video






  • ***** 1 year old *****

    သားလေးက ၁ နှစ် မပြည့်ခင်လောက်ကလေးက ပိုက်နဲ့ ရေသောက်တာတို့ cocacola သောက်တာ၊ green tea သောက်တာ လုပ်တတ်နေပီ။ သူ့ မွေးနေ့ မှာ ၀ယ်ထားတဲ့ လေမှုပ် ဆော့တဲ့ ဟာလေးကို လည်း သူ့က သဘောကျပီး မှုပ်တတ်နေပီ။



Google Video




  • ***** 11 Months *****


သားလေး ၁၁ လ နဲ့ ခဲတံကို ကိုင်ပီး စာရွှက်မှာ လျှောက်ခြစ်တာကို အမှတ်တရ။ ၁၁ လ လေးနဲ့ ခဲတံကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ် ပုံလေး။


Google Video






  • ***** 9 Months *****

သားလေး ၉ လနဲ့ ဘယ်သူမှ မသင်ပေးဘဲနဲ့ သားသားဘာသာ လမ်းလျှောက်နိုင်တာကို ၀မ်းမြောက် ဂုဏ်ယူစွာနဲ့ မှတ်တမ်း တင်ထားတာ။

Google Video






 
  • ****** 8 Months ******
 
သားလေး ၈လသားလောက်က ၀ါရန်တာကို မသွားစေချင်လို့ သုံးဘီးစက်ဘီးလေးနဲ့ ကာထားတာကို စက်ဘီးအောက်ကနေ လေးဘက်ထောက်ပီး သွားနေတာကို သဘောကျလွန်းလို့ ရိုက်ထားတာ။
 

Google Video

 
 
 

  • ****** 6 1/2 Months *****

သားလေး ၆ လခွဲနဲ့ လေးဘက်ထောက်တာကို သားလေးအတွက် ၀မ်းမြောက်စွာနဲ့ မှတ်တမ်း တင်ထားတဲ့ ပုံလေး။




သားသားက သတင်းစာလာရင် တံခါးအောက်ကနေ security က ထားတာကို သွားယူချင်နေတာကြာပီလေ။ သူ့ ၅လ နဲ့ ထိုင်နိုင်ပီး နောက်ပိုင်း တံခါးဆီကို မောက်ပီး သွားလိုက် လေးဘက်ထောက်ပီးသွားလိုက် နဲ့ caterpillar သွားသလိုမျိုးလေး သွားနေရာကနေ ၆လခွဲလောက်မှာ လေးဘက်ကောင်းကောင်း သွားနိုင်တာ။





  • ***** 5 Months *****

သားလေး ၅ လနဲ့ ထိုင်နိုင်တာကို ဓာတ်ပုံ မှတ်တမ်း တင်ထားတဲ့ ပုံလေး။






  • ***** 3 Months *****

သားလေး ၃ လနဲ့ မောက်တဲ့ ပုံလေး။





  • 5 Weeks

5 ပတ်သားလေး ရီပြနေပုံ





မင်္ဂလာပါ ...



သက်နန္ဒာ မိသားစုမှ နွေးထွေးစွာ ကြိုဆိုပါတယ်။


428days since
သက်နန္ဒာ၏ မှတ်တမ်းမှတ်ရာများ ဒီနေရာမှာ မှတ်တမ်းတင်လာတာ ဒီနေ့နဲ့ဆိုရင်

My Site Cbox

My Site Visitor

born new site

ဓာတ်ပုံနဲ့ ဗီဒီယိုတွေတင်တာများသွား
google site က 100MB ပဲ တင်လို့ရတော့ ပြည့်သွားပီ

ဒီဆိုဒ်က အကြောင်းအရာတွေကို နောက်တခုဆိုဒ်မှာ တစုတစည်းတည်း ရွှေ့ပြောင်းတုန်း။

mommy ဒီရက်ပိုင်း မအားဘူး။ မိသားစုဘလော့မို့လို့ အေးအေးဆေးဆေးပဲ  wordpress ကို ရွှေ့နေတာ။