တားရော့ဆိုတာဘာလဲ

တားရော့ဆိုတာ ရုပ်ပုံတွေပါတဲ့ နိမိတ်ပုံကားချပ်တွေနဲ့ လူတွေရဲ့ ဖြစ်လာမယ့် ကံကြမ္မာအရပ်ရပ်ကို ကြိုတင်သိမြင်နိုင်အောင် လုပ်ထားတဲ့ ဗေဒင်ဟောနည်းတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပုံတွေနဲ့ ဟောရတဲ့ ဗေဒင်ပညာအမျိုးမျိုးအနက်မှာ နာမည်အကျော်ကြားဆုံး၊ လူသုံးအများဆုံး ပညာရပ်တစ်ခုဖြစ်ပါ တယ်။ တားရော့ကို တီထွင်ခဲ့ကြသူတွေဟာ လူသားတွေဖြစ်လို့ သူတို့ တီထွင်ထားတဲ့ တားရော့ပညာကိုလဲ လူသားတွေ၊ လူသားတွေရဲ့ လက်တစ်ကမ်းမှာရှိတဲ့ ဖြစ်ရပ်တွေရယ်ကို ဂဏန်းဗေဒင်နက္ခတ်ဗေဒင်၊ ဂျူးလူမျိုးတွေရဲ့ ကဗလာစနစ်တို့နဲ့ ပေါင်းစပ်ပြီးတော့ လူ့ကံကြမ္မာကို ဖတ်ကြားနိုင်အောင်လုပ်ခဲ့ကြပါတယ်။ တားရော့မှာ အပိုင်းနှစ်ပိုင်းခွဲထားပါတယ်။ ပထမပိုင်းကတော့ မေဂျာလို့ခေါ်တဲ့ ကားချပ် ၂၂ချပ်ပါတဲ့ အဓိကအပိုင်းပါ။ ဒုတိယပိုင်းကတော့ မိုင်နာလို့ခေါ်တဲ့ ကားချပ် ၅၆ချပ်ပါတဲ့ သာမညပိုင်းတို့ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာရော အရှေ့နိုင်ငံတွေမှာပါ တားရော့ကိုအသုံးပြုပြီး ကံကြမ္မာဖတ်တဲ့နေရာမှာ အဓိက အပိုင်းကိုပဲ အသုံးပြုကြပါတယ်။ တားရော့မေဂျာကတ်ပြားတွေရဲ့ အမှတ်စဉ်နဲ့ နာမည်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။



(0) The fool
(1) The magician
(2) The high priestess
(3) The empress
(4) The emperor
(5) The herophant
(6) The lovers
(7) The chariot
(8) Strength
(9) The Hermit
(10) Wheel of Forture
(11) Justice
(12) The hangedman
(13) death
(14) temperance
(15) The devil
(16) The tower
(17) The star
(18) The moon
(19) The sun
(20) Judgement
(21) The world

 

Sign in  |  Recent Site Activity  |  Terms  |  Report Abuse  |  Print page  |  Powered by Google Sites