လေးစားချစ်ခင်လျှက် မြတ်ဝေ ၂၀၀၉ မြတ်ဝေ- dr.busukaru@gmail.com မိနှင်းငယ်-tetetartarhnin@gmail.com လင်းဆက်နောင်- linnsatnaung@gmail.com မြတ်ဝေ ၂၀၀၉ ကဗျာဆရာ သုမင်းညို ၏ ကဗျာမပျော်ဘူးလို့ဖြေမယ် ဒါပေမယ့် ပျော်နေပါတယ်
ပုရိသ တစ်ယောက်ယောက်က ကျွန်မကို ဒီပတ်ဝန်းကျင် ဒီအသိုင်းအ၀န်းထဲမှာ ပျော်နေလားလို့မေးခဲ့ရင် မပျော်ပါဘူးရှင်ရယ်ဆိုတာ ကျွန်မ ဖြေဖြေနေကျစကားပဲလေ သိစိတ်က မပျော်ပါဘူးလို့ ဖြေလိုက်မိပေမယ့် မသိစိတ်ထဲမှာတော့ သာယာမိ ကျေနပ်မိ ပျော်နေမိတယ် ဖယောင်းတိုင်တစ်တိုင်ဟာ အပူမီးမှာပျော်သလိုလား ရေခဲတုံး နေပူမှာပျော်သလိုလား မသိပေမယ့် ပျော်တော့ပျော်နေတာပါပဲ ဘာလို့မပျော်လဲဆိုတဲ့ နောက်ဆက်တွဲ အဖြေက ဘ၀ဆိုတာ ဒီလိုပါပဲတို့ ပျော်ရာမှာမနေရ တော်ရာမှာ နေရဆိုတဲ့ စကားပုံတောင်ရှိသေးတာပဲ တို့ ခပ်လွယ်လွယ် ဖြေလိုက်တာပါပဲ မလွယ်ပဲ ခက်နေတာက ဘ၀မှာအနည်းဆုံး တစ်ခေါက်ကြုံနိုင်တယ်ဆိုတဲ့ ကံကောင်းခြင်း အခွင့်အရေး အခွင့်အလမ်းပဲ အဲဒါလေး လက်ဆုပ်ကိုင်မိတဲ့တစ်နေ့တော့ ကျွန်မဒီပတ်ဝန်းကျင်ထဲက ရုန်းထွက်ကောင်း ရုန်းထွက်ဖြစ်လိမ့်မယ်ထင်တယ် သိပ်တော့လည်း မသေချာမှုတွေထဲက တစ်ခုခုပါပဲလေ ကျွန်မလည်း တစ်ချိန်ချိန်တော့ မိခင်စိတ်ထားပြီး သားမွေး သာယာတဲ့အိမ်ထောင်လေးတစ်ခုတည်ထော င်ပြီး ဘ၀ကို ကြည်နူးစွာဖြတ်သန်းချင်သေးတာပေါ့လေ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ဘူးလို့ဆိုလိုက်ရင် ကျွန်မက အရမ်းကို ပျော့ညံ့တဲ့ စိတ်မခိုင်တဲ့ မိန်းမသားတစ်ယောက်ရဲ့ အကောင်းဆုံးဆင်ခြေများ ဖြစ်သွားမလားမသိဘူးနော် သေချာတာကတော့ အဆင်မပြေလည်း ပြေရမယ် မပျော်လည်းအတတ်နိုင်ဆုံး ကျွမ်းကျင်စွာ ပျော်ချင်ယောင်ဆောင်ရမယ် မရယ်ချင်လည်း ဆွဲဆောင်အားပြင်းစွာ ရယ်မော ညှို့ယူနိုင်ရမယ် ကျွန်မရတဲ့လစာလား ကျွန်မသုံးရတဲ့နှုတ်ခမ်းနီဖိုးတို့ ၀င်လာတဲ့ ခေါ်ဆိုမှုတွေကို ပြန်အီရတာတို့ အမြဲဝတ်ရတဲ့ လိင်ဆွဲဆောင်မှုအပြင်စား အ၀တ်စားဖိုးတွေတောင် မ၇ှိပါဘူး ဒါပေမယ့် တိုးတက် ခေတ်မီနေတယ်ဆိုတဲ့ ဂလိုဘယ်ခေတ်ကြီးဆိုတာရယ် ဂုဏ်သရေရှိတို့ မျက်နှာဖုံးစွပ်ဆိုတာတွေကိုတော့ ကျွန်မ အဝေးကြီးမှာ ချန်ထားမေ့ပြစ်လှောင်ရယ်ရဲတယ် သိလား တစ်ယောက်ယောက်ကမေးလာရင် မပျော်ဘူးလို့ ဖြေလိုက်မယ် ဒါပေမယ့် ကျွန်မ ပျော်ပါတယ် ။ ။ သုမင်းညို ၂ ၁ . ၄ . ၂ ၀ ၁ ၁ ၁ ၁း ၄ ၅ နာ ရီ ပြင်ဦးလွင်မြို့နယ် ကဗျာဆရာအေးချမ်း၏ ကဗျာသက်ငြိမ်သစ်အရင်အတိုင်းပဲဆို အရင်အတိုင်းမဟုတ်တဲ့အကြောင်း ဖြေဆိုရတော့မယ် အော်သံတွေစွန်းစွန်းထင်းထင်း ပြန်ပြောပြဖို့တော်တော်ခက်ပါလိမ့်မယ် ပြန်ဖျက်ရန်/ပြုစုပျိုးထောင်ရန် ချွေးပျံနေတဲ့ အိမ်လွမ်းစိတ်လေး ပြတင်းပေါက်ပေါင်ပေါ်တင် ဖွင့်ထားမိတယ် တသွင်သွင်ကူးခတ်လို့ ကိုယ်တို့ခေတ် သီချင်းဟာပုလင်းထဲဘောင်ဘင်ခတ်လို့ အမှောင်ဟာ တခစ်ခစ်ရယ်မောသဘောကျနေတော့မယ် ၀န်ဆောင်မှု/သွေးဆောင်မှု တက်နင်းမိရင် ခြေတစ်ဖက်ပြတ်ထွတ်သွားမဲ့ လွယ်ကူချောမွေ့ မြန်ကောင်းသက်သာ အပေါ်ယံအလွှာတွေ စိုရွှဲလို့နေပါတယ် အခုလို ညစ်ပေနေတဲ့ မျက်လုံးတွေနဲ့တအားစိုက်ကြည့်မနေဖို့ မိကောင်းဖခင်အရေးအသားများဖြစ်ကြောင်း ကျန်းကျန်းမာမာ အဖြေလွှာနဲ့ စောင့်လို့နေပါတယ် တနလာင်္ အင်္ဂါ ဗုဒဟူး မှတနင်္ဂနွေနေ့တွေ ထိထိမိမိမရှိ ဘာတစ်ခုမှတွန်းရွှေ့လို့မရဘူး စာရွက်တစ်ရွက် အဖြူတစ်စက်နဲ့မှဆက်လက်ရွေ့လျားလို့နိုင်တော့မယ် တစ်ရာသီလုံး အချင်းချင်း ချစ်ခြင်းတရားလေး ကော့ပျံမသွားခင်၊စာနာမှုလေး ခြောက်သွေ့မသွားခင် ရေစွတ်ပေးကြဖို့ ကျေးဇူးပြုပြီး အသက်ရှုသံလေးတွေကိုနားစွင့်ထားကြစေဖို့ မကြာခဏဆိုသလို ရာဟုထောင့်မှာ ယာဂုဆွမ်း ကပ်လှူဆုတောင်းလို့ တစ်စစီပြန်လည်တပ်ဆင်ရန်/ဆက်လက်တုန်ခါနိုင်စွမ်းလေး ကဗျာရေးသား ပူပန်ပျော်မွေ့ရန် လိင်မှုရေးရာစိတဇလို၊မှန်းဆလို့ ၊ထိခိုက်နစ်နာခြင်းမရှိစေရန် ၊မွမ်းမံလို့၊ ရှေ့တိုးနောက်ဆုတ် စိတ်အသားအရေ အေးမြရန်၊ တရားဓမမှာအမှုန်အမွှားထလို့ အရေပြားတွေပွန်းပဲ့သည်အထိ နာမကျန်းဖြစ်တည် ပျက်သုဉ်းနေခြင်းမှာ ပင့်ကူအိမ်လိုစွဲငြိစရာ ရွှေမှုံငွေမှုံ လက်လက်လေးလက်အံသေလို့ နောက်ကွယ်တွင်စောင့်ကြည့်ပျက်ရယ်မပြုရန် ဘုရားသခင်အားဆန့်ကျင်စာသားတွေ လေထဲလက်နဲ့ဝှေ့ယမ်း ဖမ်းလို့ စာမျက်နှာပေါ် အစင်းရာ မလုံ့တလုံ ဖင်းပြန်ခေါင်းပြန်ခေါင်းပန်းလှန်လို့ ကဗျာနဲ့ကဗျာဆရာ ပထမဦးစားပေးဘယ်အရာ operation ခန်းထဲသွေးထွက်သံယို အရည်ရောအဖတ်ပါရောနှော အမြုပ်ထလို့ လိမ်ပြီးဆက်ဆံသွားတဲ့ သြဇာသက်ရောက်ကြည်လောင်မှုတွေ မိုးရွာဖို့နေပူသလို နေပူဖို့ မိုးသားတွေရွေ့လျား ရေခိုးရေငွေ့လေး အဖြစ်မျက်ရည်ဝဲရင်း ခက်ခက်ခဲခဲ ရိုးအအလေး ဝေးပြီးရင်းဝေးသွားတဲ့ နှစ်ထောင့်တစ်ဆယ့်တစ် ဧပြီလ နှစ်ဆယ့်လေးရက် ညနှစ်နာရီ အပါအ၀င်အားလုံးသောရယ်မောပျော်ရွှင်ဖွယ်ရာခုနှစ်ရက်လတွေ နာကျင်အဆိပ်တက် ပေါ့ပါးခြင်းပန်းတွေပွင့်လန်းဖို့ လျှာပေါ်တင်ရေဖြန်းမှရွှင်လန်းမဲ့ ဇာတ်လမ်းပမာ အထက်ပါရှုပ်ထွေးမှုတို့အား ထွေရာလေးပါးပြူးတိပြူးကြောင် လမ်းအလယ်ခေါင်မှာ ပူပူနွေးနွေး မီးပွိုင့်ကြီးရဲပတောင်းခတ် ရပ်မယ် ။
သက်ငြိမ်သစ် ၂၄၊ဧပြီ၊၂၀၁၁၊တနင်္ဂနွေ ၂နာရီ ၂၃မိနစ် မြတ်ဝေ၏ ကဗျာသူ့ဘ၀၏ နောက်ဆုံးရယ်သံ မြတ်ဝေ ၁/၂၀၁၁ သက်ဆိုင်သောအရေးအသားများ သာ၍ဝေးရာဆီကိုပါ စကားပြေ တက္ကသိုလ်ဘုန်းနိုငို့
မြတ်ဝေ၏ကဗျာသစ်များကိုဖတ်ရန် ကဗျာသစ် ကိုနှိပ်ပါ။
ကဗျာဆရာ မောင်လင်းရိပ်၏ ကဗျာအဲဒီမှာ သောက် သောက် သောက်နဲ့တဲ့ ကဗျာဆရာလေးတွေ အဲဒီနေ့က သောက်လိုက်ကြတာတဲ့ ခင်ဗျား ကြက်ရေသောက်တာ မြင်ဖူးသလား၊ သိပ်ပင်ပန်းတာပဲနော် နှုတ်သီးချွန်ချွန်နဲ့ ရေကို ဆိတ်ဆွ ပြီး ခေါင်းမော့ မြိုချရပုံ လူသားအမြင်နဲ့ ဆင်းရဲခြင်း ကြီးစွ။ သူတို့ သောက် သောက် သောက်တိုင်း ရှင်ဥတ္တမကျော်ရဲ့ လ လ လ လခဲ့ပုံကို မဆီမဆိုင် သတိရ ကဗျာမှာ နားကွင်းဆွဲခြင်း၊ ကဗျာမှာ ဆံရှည်မြင်းမြီးစီးခြင်း၊ ကဗျာမှာ ကျပ်မပြည့်ဘောင်းဘီဝတ်ခြင်းနဲ့ ခြင်း ခြင်း ခြင်းတွေကို ရိုးသားစွာ ပြုလုပ်နေတာလို့ တရားဝင် အသိပေး ဖော်ထုတ် လူသိရှင်ကြားပြုခြင်း ကျွန်တော်ဖြင့် ညည်းငွေ့လှပြီ မုလေးရုံတောအစ ဒေါနလမ်း မြေညီကိုပဲ ပြန်တော့မည် ရွှေနှင်းဆီချောင်းကလေးကို ဖြတ်ပြီး ဒုက္ခသည်စခန်းကို သွားနေတဲ့ လူတန်းကြီးကို မျက်နှာဘုတ်အုပ်ပေါ်က ဓာတ်ပုံတွေထဲ တွေ့နေရတာက ခက်သည်။ အဲဒီတော့လည်း သောက် သောက် သောက် နဲ့ ကျည်ကုန် ယမ်းကုန်၊ အဲဒီတုန်း အင်္ဂလိပ်စာပြဆရာတစ်ယောက်က ဖောက် ဖောက် ဖောက်နဲ့ ဘာတွေ ဖောက်နေသဒုံး သံဖြူဇရပ် ဘက်မှာ ချွေးတပ်သားဘ၀ လမ်းဖောက်နေတုန်း ငှက်ဖျားမိ ၀မ်းလျှော ပိန်ခြောက် စိတ်ဖောက်ခဲ့တာတွေ နေဦး ခြေဦးတည့်ရာ သွားရင်းနဲ့ ကွေးမြစ်နား၊ ကွေးမြစ်တံတား ရောက်တော့မယ်။ အခုက ၂၀၁၁ ဇန်န၀ါရီလကုန်ရက် လွှတ်တော်ခေါ်တော့မယ်ဆိုတဲ့ ကြေညာချက် ရုပ်သံ ချဲန်နယ်တစ်ခုက ကြားလိုက်ရတယ်။ မြင်လိုက်ရတယ် မဟုတ်ဘူးလား၊ ဟင်အင်း။ ခုနက မိန်းမလှလေးတွေရဲ့ ကေသာ လောမာကို လော်မာချင်အောင် ဖန်တီးပြတတ်တဲ့ မောင်မစ္စကတွေရဲ့ အင်တာဗျူး ကြည့်ရတာ မျက်လုံးညောင်းသွားလို့ မှိတ်နေရင်း ကြားလိုက်တာ။ (အေးလကွဲ့ မှိတ်နေ) ဂေးစ်ရိုက် (gay's right)တွေကို အဲဒီ ချဲန်နယ်မှာ ပြဋ္ဌာန်းပေးပြီးပြီ။ ကျွန်တော်တို့ရဲ့ လွှတ်တော်အသစ်စက်စက်မှာ ဆက်ဆွေးနွေးကြရဦးမလား။ ခင်ဗျား လေသံက အောက်ကလိအာလား၊ အောက်ကလိအားလား။ ဒီမှာ ပို့စ်မိုဒန်အခြေအနေမှာ အားသားဗျ။ အားသား။ အခြားဆိုတဲ့ အားသား။ ဘေးဖယ်ထားဖို့ စိတ်မကူးပါနဲ့။ ခင်ဗျား ပို့စ် ပို့စ် ပို့စ် ရောက်မှ တစ်မျိုးစဉ်းစား(သေချာတာက နောက်ဆုံးပို့စ်ဆိုတာ မရှိလောက်ဘူး)။ ထားတော့၊ မစဉ်းစားခြင်း သစ်သီးတွေ တရုတ် ယူနန်ဘက်ကတစ်ဆင့် နယ်စပ်သွင်းကုန် သစ်သီးမျိုးစုံထဲ ပါလာတယ် ဆိုလား လောက်စာလုံးလောက် လိမ္မော်သီးနဲ့ အတူ၊ ဥသျှစ်သီးလောက် ဆီးသီးနဲ့အတူ မစဉ်းစားခြင်း သစ်သီးဟာ ဖန်သားပြင်ပေါ်က ဥသျှစ်လိုလို နှမ်းလိုလို အကျော်အမော်တွေမျက်ခွက် အူတယားယား ကြည့်ရတဲ့ အရသာမျိုးလား ဂိဇ္ဈဂုတ်တောင်ခြေက တီထွေးကြီးကရော မစဉ်းစားခြင်း သစ်သီး စားခဲ့သလား သူတစ်ကိုက် ကိုယ်တစ်ကိုက် ၀ိုင်းစားကြရင်းနဲ့ပဲ လူသား သန်းခြောက်ထောင်ကျော်၊ အမှန်တရား သန်းခြောက်ထောင်ပျော့ပျော့ ဗဟုတော့ ဗဟုပဲ၊ ဟုလွန်းသွားတာက ချိန်သီးလွှဲယမ်းခြင်း သမိုင်းအစဉ်အလာ၊ ရိုလာကိုစတာ စီးမျောခြင်း ၀ိမာနအတွေ့အကြုံ၊ တစ်ပတ်ပြီး တစ်ပတ်လည်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဟန်ရတဲ့ ဒြပ်မှုန်စု သီဝရီ ဒီလောက်ဆို ခင်ဗျားလည်း မီမှာပါ၊ ရသေ့စိတ်ဖြေ သေတ္တာ ခုခုပြီး လှမ်းလိုက်ပါ။ မဟုတ်လည်း သောက် သောက် သောက် သောက် သောက် သောက် ရမ်းပဲပေါ့။
မောင်လင်းရိပ် ၂၀၁၀၊ ဇန် ၁၀
လင်းဆက်နောင်၏ ကဗျာ
မြတ်ဝေ ၂၀၀၉
်မြတ်ဝေ ၂၀၀၈
ကဗျာဆရာ အေးမင်းစော၏ ကဗျာ `ဆိုဖီယာ´ဆိုဖီယာ ကျွန်မဆီလာတဲ့အခါ ရှင့်ခေါင်းထဲမှာ တစ်လက်လက်တောက်ပနေတဲ့ အတွေးအခေါ်တစ်ခု ဒါမှမဟုတ် ထိလိုက်တာနဲ့ ငြိသွားမယ့် ဓားမြှောင်တစ်ချောင်း ရှိဖို့ လိုလိမ့်မယ် ကျွန်မ သဘောမကျရင် ကျွန်မ ဆိုးထားတဲ့ နှုတ်ခမ်းနီမှာ ဆိုင်ယာနိုက်အဆိပ်ရှိတယ် ကျွန်မ စိတ်လိုလက်ရရှိရင် ရယ်မောနေတဲ့ ကျွန်မကိုယ်ပေါ်မှာ ကမ္ဘာသစ်တစ်ခုကို ရှင်တွေ့မယ် ကျွန်မ မကြိုက်တာ ရှင်တို့ယောက်ျားတွေက စိတ်ထဲရှိတဲ့ အကြိတ်အခဲမှန်သမျှ လူရှေ့ သူရှေ့ မရှောင်ထုတ်ပြတတ်တဲ့ ဖောက်ခွဲရေးသမားတွေ ဖြစ်နေတာပဲ အခုကိုပဲ ရှင်ဟာ မျက်လုံးနဲ့ ကျွန်မကိုယ်ပေါ်က အ၀တ်တွေကို တစ်လွှာချင်း ဆွဲဖြဲပြီး ကျွန်မခန္ဓာကိုယ်ကို တစ်စခြင်း စုပ်ယူနေပြီလေ တကယ်တော့ ကျွန်မတို့ရွေးရမှာ နှစ်ခုထဲက တစ်ခု ကျေးဇူးပြုပြီး ကျွန်မ ကံကြမ္မာနဲ့ ကျွန်မရွာအကြောင်းမပြောပါနဲ့ ကျွန်မဆံပင်တွေ စိမ်းချင်စိမ်း ပြာချင်ပြာမယ် ကျွန်မ ပါးပေါ်ကမှဲ့ နီချင်နီ နက်ချင်နက်မယ် တစ်ခုပဲ ကျွန်မဆီလာတဲ့အခါ အခန်းတံခါးကိုဖြည်းဖြည်းပိတ်ဖို့ မမေ့ပါနဲ့ ကျေးဇူးပြုပြီး မီးခြစ်ကလေး လှမ်းလိုက်စမ်းပါ ကျွန်မနာမည် ဆိုဖီယာ . . .။ ။ အေးမင်းစော ပန်းအလင်္ကာ၊ မေ၊ ၂၀၁၀
ကဗျာဆရာ မောင်စိမ်းနီ၏ ကဗျာ `အဲဒီတစ်ယောက်´
အဲဒီတစ်ယောက် ဘုံဆိုင်ထဲက ထွက်ခွာသွားတဲ့ သင်္ဘောတစ်စင်းဟာ မြစ်ကျဉ်းထဲမှာ မလူးသာ မလွန့်သာ။
ရေစီးမကောင်းသလို ရေလာကလည်း မကောင်းနိုင်တော့ ဇာတ်လမ်းက အဟောင်းထဲမှာ တ၀ဲလည်လည်…။
လှော်ထားတဲ့ ဖရုံစေ့ကို ထောက်ခနဲ အသံမြည်အောင် ကိုက်ခွဲတတ်ပေမယ့် အရပ်ထဲက သတ်ပွဲပုတ်ပွဲတွေမှာတော့ ဘေးကရပ်ကြည့်တတ်တဲ့သူ သွားပါ…နေပါစေတော့…။
လုလင်လာခြင်းတဲ့ မြစ်ဝကျွန်းပေါ်သားတစ်ယောက် ရေးတဲ့ကဗျာ အနာတရဖြစ်အောင် စွဲနစ်ခဲ့ လာခြင်းကောင်းဖို့လည်း လိုအပ်ပါတယ် အပေါင်းအသင်း ရောင်းရင်းတဲ့လား သူငယ်ချင်းစစ်စစ် ရဲဘော်ဖြစ်သတဲ့လား ကောင်းကွက်ကို ရှာကြည့်ရင်း နေ့စဉ်ဝင်ထွက်နေကျ ရထားတစ်စင်းဟာ ပူပြင်းတဲ့နေရောင်အောက်မှာ ခွေခေါက်နေတဲ့ ခြေသုတ်ပုဆိုး ကျိုးခဲ့တဲ့အစွယ်တွေနဲ့ ‘သစ္စာဖောက်’။ ။
မောင်စိမ်းနီ ရတီ မေ ၂၀၁၀
ကဗျာဆရာ အောင်မှူးဝေ၏ ကဗျာ
ဒဂုံတောင် ကျူပင်က ကျူသီး သီးမိသော် ကျူပင်သေပေးရအံ့ ၀ါးပင်က ၀ါးသီး သီးမိသော် ၀ါးပင်သေပေးရအံ့ ဟမ္မူရာဘီ ကိုဓဥပဒေ သည် မျက်လုံးတစ်လုံးဆုံးက မျက်လုံးတစ်လုံးပေးလျှော်စေ သွားတစ်ချောင်း ကျိုးက သွားတစ်ချောင်းအလျော်ရစေ ခိုးယူမိသော ပန်းတစ်ပွင့် အတွက် တစ်ပင်လုံး ခုတ်လှဲပေးရမှာလား စာအိတ်ထောင့်လေးကို မီးရှို့ပြီး အိတ်ပေါ်မှာတော့ ဘာမှ မရေးလီုက်ဖြစ်ဘူး မီးခိုးခေါင်းတိုင် ဆေးပြန်သုတ်သူက သုတ်နေကြ ထပ်ခိုးပေါ်တက်သူက တက်သွားကြ ခြင်္သေ့တစ်ကောင် တစ်နေ့(19)နာရီလောက် အိပ်တာကို ကိုရွှေဘုန်းလူ ဆိုသူက လီလီပန်းရောင်းတဲ့ ဆိုင်ထဲမှာ ပြောနေတယ် ။ ကွယ်လွန်သူကဗျာဆရာ(တာရာမင်းဝေ). ......သို့ သူရနီ မြတ်ဝေ ၂၀၀၉ ကဗျာဆရာ နိုင်မွန်အောင်သွင်၏ ကဗျာ
သစ်ကိုင်းနဲ့၊ တောအုပ်နဲ့ ဝေးခဲ့ငှက်တွေ
အသွင်တူတဲ့ငှက်တွေ တစ်ကိုင်းတည်း နားကြတယ်။ သစ်ကိုင်းရှိလျှက် သစ်ကိုင်းနဲ့ ဝေးကြ၊ တောအုပ်ရှိလျက် တောမှောက်၊ တောပျောက်ကြ။ အော်မကြား၊ ခေါ်မကြား မေးထူးခေါ်ပြောထက် နောက်တစ်မေး နောက်တစ်ခေါ်စာ ပိုဝေးကြ။ နေမြင့်လေ အရူးရင့်လေ။ ဘာလဲ မင်းက ရင့်လှချည်လား။ နုတာထက် ရင့်တာက ပိုမကောင်းဘူးလား မိတ်ဆွေ။ မိုက်ခဲ့၊ မဲခဲ့ဖူးသူများရဲ့  နုစဉ်ကာလလို လွတ်လွတ်လပ်လပ်၊ ထမင်းမေ့ ဟင်းမေ့ လွမ်းစရာ၊ တရစ်ဝဲ၀ဲ အလွမ်းဟာ ရာသီမဲ့တယ်။ ရင်ထဲမှာ တစ်ခေတ်ပြီးတစ်ခေတ် သယ်ဆောင်ရင်း ကားလမ်းကို ဖြတ်ကူးခဲ့ပါတယ်။ လက်ဖက်ရည်ဆိုင်က သစ်သားခွေးခြေပုလေးများမှာ ဟိုတစ်ကွက် ဒီတစ်ကွက် ပေကျံ၊ ကျန်ရစ်ခဲ့ကြ… ဒဿန နုနုများ၊ ရင့်ရင့်များ…။ ဒဿန မကျက်တကျက်များ…။ ။ နိုင်မွန်အောင်သွင် ရတီ မေ ၂၀၁၀ မြတ်ဝေ ၂၀၀၉ ကဗျာဆရာ သခွပ်နီ၏ ကဗျာ
သင်္ကြန်ည ခူးလိုက်ကြဟေ့ လမ်းမကိုထွက်၊ ပိတောက်တစ်ခက်တဲ့။
ပွင့်ချင်ဦးလေ၊ မိုးလုံးအ၀ါ၊ ဒဏ်ရာကြေမွ လမ်းမကတ္တရာ၊ ရေထဲပါပြီ။
အေး ကောင်မလေးတွေ ဧပရယ်နွေလ၊ သင်္ကြန်ညမှာ ပိတောက်တစ္ဆေ ခြောက်ပါစေ။ ။ သခွပ်နီ လုံမလေး၊ ဧပြီ၊ ၁၉၈၇ ကဗျာဆရာအောင်ပိုင်စိုး၏ ကဗျာဒီသတ္ထုဟာ အဖိုးတန်တယ်လို့ ဘယ်သူပြောခဲ့တာလဲ ဒီသတ္ထုဟာအဖိုးတန်တယ် တစ်ခုခုတော့လုပ်ရမယ်လို့အချိန်ပြည့်စဉ်းစားတယ်
အောင်ပိုင်စိုး ကဗျာဆရာအောင်ပိုင်စိုး၏ ကဗျာများကိုဖတ်ရန် အောင်ပိုင်စိုး ကိုနှိပ်ပါ။ သုမင်းညို၏ဘလော့ကိုသွားရန်နှိပ်ပါ။ မြတ်ဝေ ၂၀၀၇
ကဗျာဆရာ
မြဆင့်ချယ် အမှတ်တရ ခေါင်းရင်းက စံပယ်ရုံ ခေါင်းရင်းက စံပယ်ရုံမှာ ရနံ့တွေ ကုန်တာ ကြာချင်ပြီ။ အစိမ်းမွဲမွဲ အရွက်တွဲတွဲလေးတွေသာ တစ်ခါတုန်းက စံပယ်တွေ ဖူးပွင့်ဝေခဲ့သား တစ်စွန့်တစား ယိမ်းနွဲ့ပြလို့ အမြစ်အဖျားတွေ တရှည်တမျောသာ၊ မြေမာကြောပေါ် ကွေးကောက်ပြလို့၊ တစ်ခါတုန်းက ရာသီမရွေး ရေခြားမြေခြား မွှေးပြနိုင်ခဲ့တယ်။ ခုတော့.... စံပယ် မပွင့်တော့တဲ့ စံပယ်ရုံလေးပေမယ့် မြင်လိုက်ရုံနဲ့ ရနံ့တွေ ထုံကူးတုန်းပါ။ တို့နှလုံးသားနဲ့'သီ'ထားတဲ့ အဲ့သည် စံပယ်ပွင့်လေးတွေ လေတွေ ခုလိုတိုက်လေ တသွေးသွေး အပင်က မမွှေးလည်းစ ရင်က မွှေးနေဆဲပါပဲ ငါ့ခေါင်းရင်းက စံပယ်ရုံလေးရေ.....။ ။ မြဆင့်ချယ် (ဆောင်းစံပယ်ရုံလေး မမနှင်းသို့) faces magazine၊ no.66၊ january.2007 ကဗျာပို့ ပေးတဲ့ ကဗျာဆရာလမင်းအိုကို ကျေးဇူးတင်ပါတယ်။
မြတ်ဝေ ၂၀၀၉ ကဗျာဆရာဘုန်းနေသွန်း၏ “အမှတ်တမဲ့...နှင်း ”သို့ သွားရန်နှိပ်ပါ။ ကဗျာစာအုပ် မိတ်ဆက်မေလရဲ့ပန်းပွင့် သို့မဟုတ် ကမ်းပါးပေါ်ကကျွံကျသွားသော နာဂစ်နေ့ နာဂစ်ည နာဂစ်အလွန် ခံစားမှုကဗျာများ
ကဗျာစာအုပ်တစ်ခုလုံးကို ကဗျာဆရာများ၊ ပန်းချီဆရာများ၊ ဒီဇိုင်နာများ၊ ထုတ်ဝေသူများ.......လှူဒါန်းမှုတွေနဲ့ တင်ဆက်ထားတာဖြစ်ပြီး စာအုပ်ရောင်းရငွေများကိုလည်း လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကဗျာနှစ်ပုဒ်မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။ ၂၅၀၀/ကျပ်ပါတဲ့ ကဗျာများကိုခံစားရင်း ကုသိုလ်ယူလိုက်ပါဦး ဆိုတာ .................ကျောင်းတွေပြန်ဖွင့် ကုန်ပြီ...အေးမိစံ ကျွန်မ
ပြန်လာခဲ့မယ်ပြောပြီး မူလတန်းကျောင်းလေးနဲ့
ကလေးတွေက သူငယ်ချင်း-အသိမိတ်ဆွေတွေကိုလည်း သူပျံသန်းမယ့်
အတောင်ပံတွေကို (သူပြန်လာမယ်ပေါ့) နေညိုချိန်အထိ
သူရောက်မလာခဲ့ဘူးလေ
ပိတောက်တွေ
တစ်ကြော့ပြန်ပွင့်လို့ သူတစ်ကယ်
မတက်ရောက်နိုင်တော့ဘူးပေါ့... ငါမတရားမပြောပါဘူး
ကဗျာစာအုပ် မိတ်ဆက်အေးအေးဆေးဆေးလမ်း ခိုင်မြဲကျော်စွာ
ခေတ်ပေါ်ကဗျာတွေ အရေးကောင်းတဲ့ ကိုခိုင်မြဲအတွက် စာအုပ်လေးဝယ်ဖတ်/သိမ်းထားဖြစ်တယ်။ အခုတော့ အေးအေးဆေးဆေးလမ်းကို မိတ်ဆက်ပေးချင်တာနဲ့ အင်တာနက်စာမျက်နှာပေါ် တင်လိုက်တာပါ။ ကဗျာတွေ အကုန် မျှဝေမပေးနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။ ကဗျာအနည်းငယ်အတွက်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျား။
လမ်း ၃၀ ထိပ်က ခရမ်းသို့ခရမ်းရေ… ဒီတစ်ခါ ခရမ်းရေ ရတနာသုံးပါးဆည်းကပ်ပါ။ ခိုင်မြဲကျော်စွာ |










