ကျွန်တော်၏ မိတ်ဆက်စကားကျွန်တော်သည် IT နည်းပညာပိုင်းတွင် တတ်လွန်း၊ သိလွန်းလို့ လဲ မဟုတ်ပါ။ ITနည်းပညာကို စူးစမ်းလေ့လာနေသူ တယောက်သာဖြစ်ပါသည်။ ကျွန်တော်တို့  မြန်မာ IT သမားများ အနေနှင့် မြန်မာနိုင်ငံကို တကယ်ပင် IT နည်းပညာ ဖွံဖြိုး တိုးတက် စေချင်သည်ဟု ရည်ရွယ်ထားပါက ကိုယ်ကိုတိုင်ကလည်း လေ့လာမှု၊ လေ့ကျင့်မှု အားကောင်းဖို့ လိုသလို ကိုယ်ရထားတဲ့နည်းပညာကို ပြန်လည် မျှဝေပေးဖို့ ၊ တဦးနှင့်တဦး ပညာချင်း နှီးနှော ဖလှယ်ဖို့ လည်း ၀န်မလေးဖို့လိုပါသည်။ ကဲ... ဒါဆိုရင် ကျွန်တော်တို့ ရဲ့ Sharing လေး စလိုက်ကြရအောင်နော်... http://nyinyi.mandalaybloggers.org ကျွန်တော် ဤစာကို ရေးချိန်မှ စ၍ ပို့ စ်အသစ်များ နှင့် အမေး - အဖြေ များကို http://nyinyi.mandalaybloggers.org မှာပဲ ရေးသားတော့မည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ကျွန်တော်စီသို့  လာရောက် လည်ပတ်ကြသော မိတ်ဆွေများ၊ သူငယ်ချင်းများ၊ အိုင်တီ ဝါသနာရှင်များ၊ အိုင်တီ နည်းပညာရှင်များ အားလုံး http://nnyioo.googlepages.com အစား ကျွန်တော်၏ New Blog- http://nyinyi.mandalaybloggers.org သို့  ကူးပြောင်း၍ အားပေးကြပါ။ လာရောက်၊ လေ့လာ ကြပါ။ ဝေဖန်မှု ၊ အကြံပေးမှုများ ပေးကြပါ လို့ ပြောချင်ပါသည်။ ယခုပဲ http://nyinyi.mandalaybloggers.org ဆိုသည့် စာလေးပေါ် မှာ Click ကလေး တစ်ချက်သာနှိပ်ပြီး လာလည်ကြပါ ခင်ဗျာ။ နွေးထွေးစွာ၊ လေးစားစွာ ကြိုဆိုလျှက်။ ရေးသားသူ - ကိုညီ ( 18.9.2009 ) ကိုပီကေကို ကျွန်တော်ကျေးဇူးတင်ခြင်း
ရေးသားသူ - ကိုညီ(9.9.2009) လူဆိုတာ အကောင်းကြိုက်သတ္တဝါပါ။ ကောင်းတာမှန်သမျှ အကုန်ကြိုက်ကြမယ်လို့  ထင်ပါသည်။ (ဟီးးးး ကျွန်တော်ထင်တာကို ပြောတာနော်) ကျွန်တော်လည်း အခု Windows 7 ကို တော်တော်ကြိုက်နေပါသည်။ မိတ်ဆွေတို့ လည်း Windows 7 ကို သုံးမိရင် အကြိုက်တွေ့ မည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ ကြောင့် Windows 7 နှင့် ပတ်သက်သည့် Info တစ်ချို့ ကို တင်ပေးလိုက်ပါသည်။ Windows 7 ကို စမ်းသုံးချင် သော မိတ်ဆွေတို့ အတွက် လိုအပ်ချက် - ရေးသားသူ - ကိုညီ (5.9.2009) Remote Installation Services (RIS) အပိုင်း ( ၃ ) ဘာမှန်းမသိတဲ့ အလုပ်တွေနဲ့ ရှုပ်နေလို့  ပို့ စ်တင်တာနောက်ကြသွားတယ် အဲဒီအတွက် အားလုံးကိုတောင်းပန်ပါတယ်။ ကျွန်တော်အပိုင်း ( ၂ ) မှာပြောခဲ့တဲ့ အဆင့်တွေ အတိုင်းအောင်မြင်ပြီ ဆိုလျှင်တော့ ကိုယ်ထည့်သွင်းလိုက်တဲ့ Partition အပိုင်းထဲမှာ သွားကြည့်လိုက်ပါ။ ဒီလိုမြင်နေရပါ လိမ့်မည်။ သတိပြုရန်မှာ - ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ Remoteinstall ဆိုတဲ့ Folder က share ပေးထားတာ ဖြစ်နေရပါမယ်။ သူ့ ကိုဖွင့်ကြည့်လိုက်မယ်ဆိုလျှင်တော့ ဒီလိုမြင်ရပါ့မယ်။ Admin, OSChooser, Setup, tmp ဆိုတဲ့ Folder လေးခု ပါရှိပါတယ်။ အခုပြောသွားတာတွေကတော့ ကိုယ်ဖန်တီးခဲ့တာတွေကို ပြန်လည်စစ်ဆေးတဲ့ အပိုင်းပါ။ အခုဆက်ပြီး AD အပိုင်းကို သွားပါ့မယ်။ ဒါကြောင့် Active Directory Users and Computers ကိုဖွင့်ပါ။ အဲဒီထဲကမှ Computers ကိုသွားပါ။ ပြီးလျှင် ပုံပါအတိုင်း Computers ပေါ်မှာ Right Click >>> New >>> Computer ဆိုတာကိုရွေးလိုက်ပါ။ အဲလိုရွေးလိုက်လျှင်... ယခု မြင်နေရတဲ့ ပုံအတိုင်း ကျလာမည်။ Computer Name တစ်ခုကို သတ်မှတ် ပေးလိုက်ပါ။ ကျွန်တော်ကတော့ client1 လို့ ပေးလိုက်ပါတယ်။ (မှတ်ချက် - ဤလုပ်ငန်းစဉ်သည် Client 10 လုံးစာကို ပြုလုပ်လိုပါက ထို Client 10 လုံးစာအတွက် Computer Name 10 ခုစာဖန်တီးပေးဖို့ လိုပါသည်။ ) ပြီးလျှင် Next မှာနှိပ်ပါ။ ဤအဆင့်သည် အရေးကြီးတဲ့ အပိုင်းကိုရောက်လာပါပြီ။ ကိုယ် windows လှမ်းတင် မည့် Client စက်၏ GUID ကိုသိဖို့ လိုလာပါပြီ။ ကျွန်တော့်ကလည်းတုန်းက ဒီအဆင့်လည်းရောက်ရော.. ရွာလည်တော့တာပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ GUID ဆိုတာ ဘာမှန်းကို မသိလို့ ပါ။ Google မှာရှာကြည့်မှ GUID ဆိုတာ Globally Unique IDentifier ဖြစ်ကြောင်း Device တွေကို တန်ဖိုးသတ်မှတ်ပေးတဲ့ စနစ်ဖြစ်ကြောင်း သိရပါတယ်။ ဒါဆိုလျှင် ကိုယ်လှမ်းတင်မဲ့ client စက်၏ GUID ကိုသိဖို့ အတွက် Client စက်၏ BIOS ထဲမှာ ဝင်ပြင်ဖို့  လိုပါတယ်။ Client စက်တွင်လုပ်ရန်။ Client စက်၏ BIOS ထဲကိုဝင်ဖို့ အတွက် Delete, F1, F2 စသည်ဖြင့် သက်ဆိုင်ရာ Key ကိုနှိပ်၍ ဝင်လိုက်ပါ။ ရောက်လျှင် Boot Tab ကိုသွားပြီး Boot Device Priority ၏ First boot Device နေရာမှာ PXE UNDI(Bus0 Slot) ကိုထားပါ။ ပုံပါအတိုင်းပြောင်းလဲပြီးပါက Save and Exit ဖြင့်ထွက်ပြီး Boot တက်ပေးလိုက်ပါ။ Boot တက်တဲ့အချိန်မှာ သေချာရှာကြည့်လိုက်ပါ။ ကျွန်တော်တို့ လိုချင်တဲ့ GUID ကို တွေ့ နေရပါမည်။ ကဲ... ဒီလောက်နည်းပဲ ကျွန်တော်နားအုန်းမည်။ ရေးသားသူ - ကိုညီ (29.8.2009) Naevius USB Antivirus 2.1 လူသုံးများနေတဲ့ USB Disk Security လို ဆော့ဖ်ဝဲလ်တစ်ခုပါ။ ဒါပေမဲ့ USB Disk Security ထက် ပိုပြီး ကောင်းပါတယ်။ ဘယ်နေရာ ပိုကောင်းသလဲဆိုတော့ USB Disk Security က USB Stick ထိုးလိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ပါတယ်ဆိုရင် ပါတဲ့အကြောင်း သတိပေးပါတယ်။ user က ကိုယ့်ဘာသာကို Delete လုပ်ပေးရပါတယ်။ အခု Naevius ကတော့ ကွန်ပျူတာမှာ ဗိုင်းရပ်စ်ပါတဲ့ Memory Stick ထိုးလိုက်ရင် အဲဒီဗိုင်းရပ်စ်ကို အလိုလို ဖျက်ပစ်ပါတယ်။ ပြီးတော့ သူ့မှာ USB Protect ဆိုတဲ့ Function လေးတစ်ခုပါပါတယ်။ သူကဘာလဲဆိုတော့ ကျွန်တော်တို့ Memory Stick ထဲကို ဗိုင်းရပ်စ်မ၀င်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒါကြောင့်မို့ ဗိုင်းရပ်စ်ရှိတဲ့စက်မှာ Stick သွားထိုးလည်း ဗိုင်းရပ်စ်မကူးနိုင်တော့ပါဘူး။ ဒါပေမဲ့ အဲဒီလို Protect မလုပ်သေးခင် Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို အရင်ယူထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ Protect လုပ်တဲ့အခါမှာ Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို ဖျက်ပစ်တာမို့ပါ။ တကယ်ကောင်းတာမို့ ဗိုင်းရပ်စ်ရန်က ကင်းဝေးလိုသူတိုင်း အသုံးပြုစေချင်ပါတယ်။
By IT Men at itmen.myanmarbloggers.org တင်ပြသူ - ကိုညီ (29.8.2009) Remote Installation Services (RIS) အပိုင်း ( ၂ ) ကျွန်တော့်၏ server 2003 မှာ Remote Installation Services component ကို ထည့်သွင်းပြီးပြီဖြစ်သဖြင့် RIS လုပ်ငန်းကို စတင်လို့ ရပါပြီ။ စတင်အသုံးပြုပုံမှာ - Start>>>run box ထဲမှာ risetup ရိုက်ပြီး Enter ခေါက်ပါ။ RIS Setup Wizard box ကျလာပါမည်။ RIS Welcome Screen တွင် RIS installation အပိုင်းပြီးမြောက်ဖို့ အတွက် လိုအပ်ချက်တွေကို ဖော်ပြထားပါတယ်။ ပြီးလျှင် Next မှာနှိပ်ပါ။ ဒီအဆင့်လေးကတော့ မိမိ server ၏ C: Drive မဟုတ်တဲ့။ တခြား Drive letter D:, E:, စသည့်အပိုင်းတွင် Remoteinstall နှင့်ပတ်သက်သော လုပ်ငန်းစဉ်များ သိမ်းဖို့ အတွက်နေရာ သတ်မှတ်ပေးတဲ့ အပိုင်းဖြစ်ပါတယ်။ ထိုသို့ သတ်မှတ်ချင်ပါက Browse တွင်နှိပ်၍သတ်မှတ်နိုင်ပါသည်။ Next မှာနှိပ်ပါ။ ဒီအဆင့်ကတော့ အခုဖန်တီးထားတဲ့ RIS ကို Client သို့ ချက်ခြင်းထောက်ပံမှု ပေးမည်၊ မပေးမည်ကို ရွေးချယ်သည့်အပိုင်းပါ။ ဒီအဆင့်ကတော့ Client မှာ အသုံးပြုမည့် Windows ခွေရဲ့ လမ်းကြောင်းကို ရွေးခိုင်းတာပါ။ အဓိက ကတော့ Windows CD ထဲက i386 folder ကို Copy ကူးယူသွားတာပါ။ win xp CD ရှိတဲ့လမ်းကြောင်းကို ပေးပြီးပြီဆိုလျှင် Next မှာ နှိပ်ပါ။ ဒါကတော့ ကိုယ်ဖန်တီးလိုက်တဲ့ Image အတွက်နာမည်လေးပေးလိုက်တာပါ။ Next မှာနှိပ်ပါ။ ဒီအဆင့်ကတော့ windows image ၏ Descripiton Name ပေးတဲ့နေရာပါ။ Next မှာနှိပ်ပါ။ ဒီအဆင့်ကတော့နောက်ဆုံး ပြီးဆုံးသွားတဲ့အဆင့်ပါ။ Finish မှာနှိပ်ပါ။ Remote Installation Services (RIS) အပိုင်း ( ၁ ) Client Computer တွေသို့  Network ပေါ်ကတဆင့် Windows OS Installation လုပ်တဲ့ပုံစံကို သိချင်ပါတယ်လို့  တောင်းဆိုနေတဲ့  ညီအကို တွေရော။ ကျွန်တော့်ဘလော့ဒ်မှာ လာရောက်လည်ပတ် နေကြသည့် နည်းပညာရှင်၊ ၀ါသနာရှင်များအတွက်ပါ ရည်ရွယ်၍ Remote Installation Services အကြောင်းကို တစေ့တစောင်းရေးသားပါသည်ဟု နိဒါန်းပြုပါသည်။ RIS လုပ်ဖို့ အတွက် ဘာတွေလိုအပ်မလဲ !RIS Requirements
Windows Server 2003 or 2000 တွင်ပြုလုပ်ရန်။ ပထမဦးဆုံး Remote Installation Services ဆိုတဲ့ WindowsComponent တစ်ခုကို ထည့်သွင်းပေးရပါမည်။ ထိုသို့ ထည့်သွင်းလို့ ရဖို့ အတွက် Server 2003 CD or Server 2000 CD ခွေကိုကြိုထည့်ထားဖို့ လိုအပ်ပါသည်။ ပြုလုပ်ပုံမှာ - Start>>>Control Panel>>>Add or Remove Programs အဲဒီထဲကမှ Add/Remove Windows Components ကိုရွေးပါ။ Windows Components Wizard Box ကျလာမည်။
ရေးသားသူ - ကိုညီ (10.8.2009)အဲဒီထဲကမှ Remote Installation Services ကိုအမှန်ခြစ်ပေးပါ။ Next မှာနှိပ်ပါ။ Remote Installation Services ကို Install လုပ်ပေးနေပါမည်။ ပြီးလျှင် Complete Wizard Box ကျလာပါမည်။ Finish မှာနှိပ်ပါ။ ဒါဆိုလျှင် Remote Installation Services ကို Install လုပ်တာ ပြီးဆုံးသွားပါပြီ။ တခဏနားအုန်းမည်... ကိုလေး ဗိုင်းရပ်စ် ရှင်းနည်း ( ဒီ Kolay.vbs ဗိုင်းရပ်စ်ဖြေရှင်းနည်းကို သူငယ်ချင်းမြတ်ကျော်ဦးပေးပို့ ချက် အတိုင်းတင်ပြလိုက်ပါသည်။ ) ဖြေရှင်းနည်းမှာ -
ရေးသားသူ - ကိုညီ (7.8.2009) DotA Gamer Tips DotA Allstars Latest Map, AI Map တွေကို Download လုပ်ချင်သူများ http://getdota.com ကနေ အခမဲ့ download လုပ်နိုင်ပါတယ်။ Tower Maps, Test Maps နဲ့ အခြား maps တွေလိုချင်ရင်တော့ www.epicwar.com ကနေအခမဲ့ယူပါ ခင်ဗျာ။ DotA Heroes တွေမှာ စပ်ပေးရတဲ့ Items အပြည့်အစုံကို လေ့လာချင်ရင်တော့ http://www.dota-allstars.com/items ကိုသွားပြီး လေ့လာနိုင်ပါသည်။ DotA မှာ ပါဝင်တဲ့  Hero, New Hero တွေရဲ့  အမည်နှင့် သူတို့ ရဲ့  level တွေကို သိချင် လေ့လာချင်သူများအတွက် http://www.dota-allstars.com/heroes လေ့လာနိုင်ပါသည်။ Online DotA Replay တွေကိုမှ ကြည့်ချင်သူများ၊ Download လုပ်ချင်သူများ အတွက် http://www.gosugamers.net/dota/replays တွင် လေ့လာနိုင်ပါသည်။ Online ပေါ်မှာ Dota ခုတ်ချင်သူများအတွက် http://www.webdota.net မှာ ဆော့နိုင်ပါသည်။ ရေးသားသူ - ကိုညီ (1.8.2009) ebook share အခုပေးထားတဲ့ ebook ကလေးက Windows Server 2003 in Details နှင့် ကျွန်တော်၏ အတွေ့ အကြုံများ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာ ဇော်လင်း ( www.zawlinyouth.com ) ကနေရလာတာပါ။ လိုချင်ရင် ဒီလင့်ကနေ ယူနိုင်ပါသည်။ http://www.4shared.com/file/109068494/cd54fb43/server2003.html ဒါလေးက FL Studio 6 ebook လေးပါ။ ဆရာဇော်လင်းရေးသားထားတာပါ။ အောက်တွင် ဖော်ပြထားသော လင့်ကနေယူပါ။ ရေးသားသူ - ကိုညီ ( 27.7.2009 ) Wireless အလှူပေးတာ ကာကွယ်ရအောင် (ဤအကြောင်းအရာသည် ဆရာကိုမောင်လှ၏ http://blog.mghla.com မှ ကူးယူ ဖော်ပြထားခြင်းဖြစ်ပါသည်။) အိမ်တွေ ရုံးတွေမှာ အင်တာနက်
တပ်ကြတယ်... အင်တာနက်လိုင်းကို ခွဲသုံးဖို့ အတွက် Router ဝယ်တပ်ကြတယ်...
ဝယ်တပ်လိုက်တဲ့ Router က Wireless (WiFi) ပါတယ်... Wireless လည်း
သုံးချင်တယ် လုံခြုံအောင် ဘယ်လို ပိတ်ရမှန်းမသိတော့ default setting
အတိုင်း သုံးကြတယ်... ဟော ဘေးပတ်ဝန်းကျင်က လူတွေပါ ကိုယ့်ရဲ့ wireless ကို
အလွယ်တကူ မိပြီး ကိုယ့်ရဲ့ အင်တာနက်ကိုပါ သုံးလို့ရရော... ကျတော်တောင်
ဒီပြီးခဲ့တဲ့ သင်္ကြန်တုန်းက အိမ်နားက လှူပေးတားတဲ့ Wireless လေးနဲ့
အလုပ်ဖြစ်လိုက်သေးတယ်... အဲဒီလို default setting တိုင်း တပ်ထားတဲ့
wireless တွေမှာ လုံခြုံမှုရှိအောင် လုပ်နည်းလေး ပြောပါ့မယ်... လတ်တလော
ကျတော် သုံးဖြစ်နေတဲ့ SMC wireless router ပေါ်မှာ အခြေခံပြီး
ပြောပါ့မယ်... Wireless router/access point တစ်ခုနဲ့ တစ်ခု setting ချရတာ
သိပ်မကွာပါဘူး... ၅. SSID ဆိုတဲ့နေရာမှာ
ကိုယ်ပြောင်းလိုတဲ့ နာမည် ပြောင်းပါ... ကျတော်ကတော့ MgHla လို့ပြောင်း
လိုက်ပါတယ်... ပြောင်းပြီးရင်တော့ SAVE ကို နှိပ်ပါ... ၆. Secured Wireless Network ဖြစ်အောင် setting ချဖို့အတွက် ဘယ်ဘက် menu ထဲက WPA ကို ရွေးပါ... ၇. အပေါ်က ပုံထဲမှာ ပြထားတဲ့
setting အတိုင်းထားပြီး Pre-shared Key ထဲမှာ Wireless အတွက် ကျတော်တို့
ပေးလိုတဲ့ network key ကို ရိုက်ထည့်ပါ... အလွယ်တကူ ခန့်မှန်းလို့
ရနိုင်မယ့် စာလုံးတွေ အသုံးပြုခြင်းကို ရှောင်ပါ... စာလုံး အကြီး အသေး နဲ့
ဂဏန်းများ တွဲပြီး သုံးပါ... ကျတော်ကတော့ WPA key ကို Maung150haNdsome
လို့ ရိုက်ထည့် လိုက်ပါတယ်... ပြီးရင်တော့ SAVE ကို နှိပ်ပါ... Wireless Router/Access Point နဲ့ ကွန်ပျူတာနဲ့ကို ချိတ်ဆက်ကြည့်ရအောင် ... ၈. Wireless network ပါတဲ့ ကွန်ပျူတာရဲ့ task bar နာရီ ဖော်ပြတဲ့ နေရာနားမှာ wireless network icon ပေါ် right click နှိပ်ပါ... အဲဒီနေရာမှာ wireless network icon မရှိရင်တော့ Control Panel ထဲက Network Connections ထဲက Wireless Network Connection icon ပေါ် right လုပ်ပါ... ၉. View Available Wireless Networks ကို ရွေးပါ... Wireless Network Connection
ဆိုတဲ့ dialog box ပေါ်လာပါလိမ့်မယ်... ကျတော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့
ချိတ်ဆက် အသုံးပြုနိုင်မယ့် wireless စာရင်းကို ဖော်ပြထား ပေးပါတယ်... ၁၀. ကျတော်တို့ အဆင့်-၅ တုန်းက SSID မှာ MgHla လို့ နာမည် ပေးခဲ့တဲ့အတိုင်း အခု ကွန်ပျူတာနဲ့ ချိတ်ဆက် နိုင်မယ့် စာရင်းထဲမှာ MgHla ကိုတွေ့နေရပြီဆိုတော့... MgHla ကိုရွေးပြီး connect ကို ကလစ်လုပ်ပါ... ၁၁. ကျတော်တို့ အခု security-enabled wireless network ဖြစ်တဲ့အတွက် network key လာတောင်းပါတယ်... network key နဲ့ confirm network keyနေရာမှာ အဆင့်-၇ တုန်းက ပေးထားခဲ့တဲ့ Maung150haNdsome ကို ရိုက်ထည့်ပါ... ၁၂. connect နှိပ်လိုက်ရင် MgHla Wireless Network နဲ့ ချိတ်ဆက်သွားပါလိမ့်မယ်... မချိတ်ဆက်ဘူး ဆိုရင်တော့ network key ကို သေချာ ပြန်စစ်ပြီး ရိုက်ထည့်ပါ... ပေးထားတဲ့ network key မေ့သွားလို့ ပြန်ကြည့်ချင်တယ် ဆိုရင်တော့ SMC Wireless Router setting ချတဲ့ထဲက WIRELESS sub-menu အောက်ဆုံးက Manual ထဲမှာ ပြန်ကြည့်နိုင်ပါတယ်... ပိုမိုလုံခြုံချင်တယ်ဆိုရင်တော့... Wireless Router ရဲ့ Default IP address ကိုလည်း ပြောင်းပါ... Wireless Router ရဲ့ default password ကိုလည်း ပြောင်းပါ... wireless network key ကို အခြား မသက်ဆိုင်သူတွေ မသိအောင် ထိန်းသိမ်းပါ... လို့ အကြံပြုလိုက်ရပါတယ်... တင်ပြသူ - ကိုညီ (20.7.2009) YOUR FREEDOM CONFIGURATION (ကိုkglay မေးထားတဲ့  Freedom အကြောင်းကို ပို့ စ် တစ်ခုအနေဖြင့် တင်ပြလိုက်ပါသည်။) kglay: ကိုရေ..freedom
softwareနဲ့ သုံးပုံသုံးနည်းမသိလို့ ပြောပြပေးနိုင် မလားခင်ဗျ။
အဆင်ပြေ၇င် freedom လဲယူလို့ ရတဲ့ လင့်လေးဖော်ပြစေချင်ပါတယ်။ Ans: ဟုတ်ကဲ့။ ကိုကောင်လေးရေ... Freedom sotfware ကိုလိုချင်လျှင် အရင်ဦးဆုံး www.your-freedom.net မှာ Register လုပ်လိုက်ပါ။ ကိုယ့်အတွက် ID and Password ရလာပြီဆိုမှ www.your-freedom.net ကနေတစ်ဆင့် Up to Date ဖြစ်တဲ့ Freedom Software ကို Download ယူလို့ ရမှာဖြစ်ပါတယ်။ ကျွန်တော့်စီမှာတော့ 2009.3.23 ရက်နေ့  ကထွက်တဲ့  Freedom တော့ရှိပါတယ် လိုချင်ရင် ဒီကနေ ယူလိုက်ပါ။ ကိုယ်အသုံးပြုမည့်စက်တွင် Install လုပ်ပြီးလျှင် Your Freedom - Configuration Wizard ဆိုသည့် Box ကျလာပါမည်။ ဒီလိုပေါ်လာရင် Next မှာ နှိပ်လိုက်ပေါ့။ ဒီအဆင့်လေးကတော့ ကိုယ်သုံးနေတဲ့  အင်တာနက်က Proxy Address ထည့်မှ သုံးလိုရတာဆိုရင် အဲဒီ ထည့်သုံးနေကြ Proxy Address ကို ဒီအဆင့်မှာ ထည့်ပေးလိုက်ပေါ့။ ဒါမှ မဟုတ် Proxy ကြားခံမှုမရှိဘူးဆိုရင်တော့ ဒီအတိုင်း Blank ပဲထားပြီး Next နဲ့ သွားလိုက်ပါ။ ဒီအဆင့်က ကိုယ်ထည့်ပေးလိုက်တဲ့ Proxy Address ကို စစ်စေးသည့်အပိုင်း ဖြစ်ပါတယ်။ Next မှာနှိပ်လိုက်ပါ။ ဒီအဆင့်က မိမိအသုံးပြုမည့် Protocols တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။ Next မှာနှိပ်လိုက်ပါ။ ဒါက Freedom Servers တွေကို လှမ်းပြီးချိတ်ဆက်နေတဲ့အဆင့်ပါ။ ဒီအဆင့်ကတော့ Freedom Servers တွေကို ရှာလို့ တွေ့ သွားတဲ့ အနေအထားပါ ခင်ဗျာ။ Next မှာနှိပ်လိုက်ပါ။ ဒီအဆင့်မှာတော့ Your-Freedom.net မှာ Register လုပ်တုန်းက ပေးထားတဲ့ Username and Password ကိုမှန်ကန်စွာရိုက်ထည့်ပါ။ Next မှာနှိပ်လိုက်ပါ။ ဒီအဆင့်ကတော့ နောက်ဆုံး ပြီးဆုံးသွားတဲ့ အဆင့်ဖြစ်ပါတယ်။ Save and Exit ကို နှိပ်လိုက်ပါ။ ဒါဆိုလျှင် Freedom ကို Configuration လုပ်ငန်းပြီးဆုံးသွားပါပြီ။ Freedom ကို စတင်အသုံးပြုရန် မိမိ Desktop ပေါ်မှာ your freedom လို့ ရေးထားတဲ့  Icon မှာ Double-click နှိပ်လိုက်ပါ။ အောက်မှာ ပြထားတဲ့ ပုံအတိုင်းကျလာပါလိမ့်မည်။
| VISIT http://blog.mghla.com http://forums.nativemyanmar.net http://itmen.myanmarbloggers.org့ http://myanmaritpros.com http://www.mysteryzillion.org http://www.myanmarfamily.org http://www.myanmarcupid.net To get the oil price, please enable Javascript. Gold Price![]() လာလည်သွားသောသူငယ်ချင်းများကျွန်တော်၏ Webpageလေးအား လာလည်သွားသော ကိုzawtk, ကိုNonling, ကိုschizo, ကိုsaizaw, ကိုZawHtike, ကိုcomputer, ကိုSomeOne, ကိုတာယာ, ကိုyeman, ကိုရာမညဖိုးလပြည့်, ကိုdeyejar, ကိုMelon, ကိုချစ်လား, ကို John, ကိုSaizaw, ကိုIT Men, ကိုmin, ကိုlayong, ကိုnoor, ကိုညမီးအိမ်၊ ကိုuser=CodeName, ကိုGipsy နဲ့  သူငယ်ချင်းမြတ်ကြီးတို့  အား အရမ်းကျေးဇူးတင်မိပါသည်။ ကျွန်တော်က ကျွန်တော့်ဆိုဒ်လေးကို ဘယ်သူမှ ၀င်မကြည့်လောက်ပါဘူးလို့  ထင်ပြီး အားငယ်နေတာ.. အခုလို လာလည်ကြတာကို တွေ့ တော့ ၀မ်းလည်းဝမ်းသာတယ်.. အားတွေလည်းရှိလာပါတယ်.. ဆက်ပြီးတော့လည်းကြိုးစားသွားပါ့မယ်.. မြန်မာ IT တိုးတက်ရေးအတွက်လည်း တဖက်တလမ်းကနေ ကူညီနေပါ့မယ် လို့ပြောရင်း သူငယ်ချင်းများအား အထူးကျေးဇူးတင်ပါတယ်လို့  ထပ်လောင်းပြောပါရစေ... Website Coppier Softwareမြတ်ကြီးရေ ဒီကနေ ယူလိုက်ကွာ |
လူအချင်းချင်း ဖိနှိပ်ချင်း ကင်းဝေးကြပါစေ... လူအချင်းချင်း ပညာချင်း ဖလှယ်နိုင်ကြပါစေ... မြန်မာITတိုးတက်အောင်လုပ်ဆာင်နိုင်ပါစေ...















































