DPNS

NCGUB

AAPPB

NCUB

CPBURMA

IDBJAPAN


18-Sept-photos

19-Sept-Photos

20-Sept-Photos

21-Sept-Photos

22-Sept-Photos

23-Sept-Photos
24-Sept-Photos

ဘူတာနံပတ်(၃၈)

* လောက
ခြေဆုံးခေါင်းဆုံး ငါ့ကိုထုဆစ်သွား
ဘ၀ပုံရိပ်က
ရေမျောကမ်းတင်
သစ်သီးတစ်လုံး 

*ဘ၀ကကိုယ့်ကိုကိုယ်
ပြန်ပြန်ဖတ်တိုင်း
မသိနားမလည်မှုတွေ
ခါးသီးမှုတွေ
စိတ်အဆာမပြေမှုတွေ
တကွက်ထဲနဲ့
တဘ၀လုံးရှုံးခဲ့ပြီလား
ရှင်ရက်နဲ့
ငုတ်တုတ်မေ့နေတာလား 

*ဇီဝ..က
ပေါင်းထားတာ သိလျက်နဲ့
စက်ပျက်နာရီတစ်လုံးကိုဖတ်ပြီး
လမ်းလျောက်မိတယ်
ငါ့ကိုနာရီမမေးကြပါနဲ့

သင့်ကောင်း(၂၁.၁၀.၀၇)

 

 

 နိုင်ငံရေးအကျဉ်းသား

တရာသီလုံး ပွဲကျပ်ချည်းကစားနေရပြီး

တနိုင်ငံလုံး လူအချခံနေရတဲ့ပွဲမှာ

သူတို့ဟာ

သစ္စာတရာရဲ့

အားအထားရဆုံးနောက်ခံလူတွေ

တဘ၀လုံးတက်

တဘ၀လုံးဆင်းနဲ့

လူ့သဘာဝရဲ့အလှဆုံး ခံစစ်ရှင်

ပွဲစဉ်ဇယားအရ

တိုက်ရဲသူတို့ 

နရသိန် နဲ့အိမ်ကွင်းကစား ပြီး

 စစ်ဘီလူးတို့က

တိုင်းပြည်နဲ့အဝေးကွင်းကစားပြီ။ 

 

A. M. T 

 

အားနာပါရဲ့ ဇူလိုင် ၀ိဥာဉ်




ဇူလိုင်ဟာ
မကူနိုင်မကယ်နိုင် သူတွေအတွက်ရော
ခိုကိုးရာမဲ့တွေအတွက်ပါ
မျက်နှာမလိုက်ဘူး....။


အသည်းအူ မခိုင် ရင်
အမြဲ အပူ ဖြိုင်စေတဲ့ဇူလိုင်..။

မိုးတွေကဖွဲလို့
ကောင်းကင်ကညို့လို့
မျက်ရည်တွေ ပျို့ပျို့ တက်လာစေတဲ့
ကဝေရဲ့ လ။

မြန်မာပြည်ဖွားမှန်ရင်
ဒီလရောက်တိုင်း နာကျင်ကြရတဲ့
ကျိန်စာဆိုးကြီး ထိုးထွက်တဲ့လ...။

ကြည့်ကြ...
ဇူလိုင်ဆယ့်ကိုးကြမ္မာဆိုးကစ
ခုနှစ် ဇူလိုင် သမဂ္ဂ အထိ
ဘာ ရ စရာ ရှိသေးလဲ....။

တက်ကြွတဲ့ သမဂ္ဂဟာ
လက်မရွံ့ လူသတ်သမားရဲ့
ဖောက်ခွဲ ချက်နဲ့ အသက်ပေါင်းများစွာကို
တခါထဲ ဖြိုခွဲခဲ့တယ်
တကယ်တော့ အဲဒီ အသက်ပေါင်းများစွာထဲမှာ
ငါတို့ ဆိုတဲ့ ပြည်သူ့အနာဂတ်လဲ ပါသွားခဲ့တယ်....။

ဇူလိုင်ပေါင်းများစွာ
ဇရာသာထောင်းသွားတယ်
ဘာမှတော့ မပြောင်းလဲ သေး
အရင်လိုပဲ ငါတို့မှာ အနာဂတ် မဲ့တုန်း
အရင်လိုပဲ ငါတို့မှာ ပစ္စုပ္ပာန်အစိုးမရတုန်း
အရင်လိုပဲ ငါတို့ မှာ အတိတ်ဆိုး ရဲ့ အရိပ်မိုးတုန်း...။

အောင်ဆန်းဟာ ထောင်နှုတ်ခမ်းတွေနင်းခဲ့တယ်
သေတွင်းတွေဆင်းခဲ့တယ် ငါတို့အတွက်။

ဒေါင်းများတက်ကြွတဲ့ ကျောင်းသားမဂ္ဂဟာ
သူ့ ရင်သူဖွင့် ဒေါင်းလံလွှင့်အံတုလို့
ပြည်သူ့အတွက် သူ့ ဖြစ်တည်မှုနဲ့
သူ့ ရင်သွေးတွေ အစတေးခံခဲ့တယ်..။

ဒီဇူလိုင်မှာ ငါတို့ ဟာ ငါတို့ပြန်ကြည့်တော့
နူနာစွဲနေတဲ့ မုဆိုးမတွေလို
ကူပါတကဲကဲ ပဲ ပြောတတ်တဲ့ပါးစပ်တွေနဲ့
ဖိနပ်နဲ့ ဖြတ်ရိုက်ပစ်ဖို့ ထက် ပိုပြီး ဘာများထိုက်တန်သေးသလဲ...

တကယ်ဆို အဲဒီအချိန် ဟောဒီနေ့မှာမွေးခဲ့တဲ့ သူဟာ
အမယ်အိုတောင် ဖြစ်နေပါပြီ လေ
အမျှဝေတောင် မကျွတ်တဲ့လွတ်မြောက်လိုစိတ်တွေနဲ့
ဝိဥာဏ်တွေကတော့ စိတ်ရှည်တုန်း
မျိုးဆက်တွေက ပြုန်းပြီးရင်းပြုန်းကောင်းမြဲ
နည်းနည်းမှ မပြောင်းလဲသေး...။

ဒေါင်းအလံပြန်လွှင့်လို့ တပြည်လုံး
ဝုန်းကနဲ...
ခပ်ရဲရဲ ထချဖို့လိုပြီ
သံသရာကို ဒီမှာတင်ဖြတ်
သူသတ်ရင် ကိုယ် သေ တဲ့စိတ်ကို ပြင်
သူသေ ကိုယ်သေ တိုက်ပွဲဝင်မှ
ဒီလ ကို ငါတို့ ပြန်ရမယ်ဟေ့....။


ကိုမွှေး

 

အသစ်မဖြစ်တဲ့ခုနှစ်နှစ်

တနေ၀င်တယ်၊ တနေထွက်တယ်

တနေထွက်တယ်၊ တနေ၀င်တယ်။

ရိုးအီနေတဲ့မျက်နှာများ

ရိုးအီနေတဲ့ အဖြူထည်များ

ရိုးအီနေတဲ့ ညစာနဲ့ နံနက်စာများ

ရိုးအီနေတဲ့ကြိမ်သံနဲ့ကြိမ်းသံများ။

ရှစ်နှစ်လုံးလုံးပါပဲ

ဘ၀ဆိုတာလက်သုတ်ပ၀ါတစလို အညစ်ထေးခံဖို့မဟုတ်။

စိတ်ဓါတ်ဆိုတာ ရော်ဝါရွက်လို ကြွေလွင့်သွားဖို့မဟုတ်၊

အဲဒီလိုကိုယ့်ကိုကိုယ်ဓါးတစ်ချောင်းလိုသွေး

ကိုယ်သွေးတဲ့ဓါးနဲ့ပဲ ကိုယ့်ကိုကိုယ်အယားဖြေနေခဲ့ရတယ်၊

တစ်ခါတစ်ခါ

အဲ့ဒီဓါးဟာ ပဲ့တဲ့နေရာကပဲ့

လိပ်တဲ့နေ၇ာကလိပ်။

လိပ်တဲ့နေရာကိုဖြေ ပဲ့တဲ့နေရာကိုသွေးရင်း

ရှစ်နှစ်လုံးလုံးအဲ့ဒီဓါးဟာသံချေးမဖုံးခဲ့ပါဘူးလေ။

အောင်မိုး(ဒဂုံတက္ကသိုလ်)



 

 

 


VOA News

BBC News

CNN News

RFA News

Moemakha

Khitpyaing

Thitsar

Irrawaddy

Yoma 3

Mizzima News

DVB News

BLSO

ICFTU

Political Music

Video Footage


Cartoons