နီးလို့ပဲနေနေ
ဝေးလို့ပဲသွားသွား
မင်းအတွက်ဆို
ကိုယ့်နှလုံးသားတံခါး
အမြဲဖွင့်လှစ်ထားပါတယ်...
လွမ်းတဲ့အခါကြည့်ဖို့လေ ကြည့်ချင်မှာတော့ မဟုတ်လောက်ပါဘူး...
ချစ်သူပေးတဲ့ အင်္ကျီလေးနဲ့ အမှတ်တရပေါ့...
၇-၁၁-၂၀၀၉
ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ခဲ့ပြီနော်...
ခုတော့ ကိုကိုတစ်ယောက်ထဲ
အထီးကျန်သတိရခြင်းတွေနဲ့
အဖြစ်ချင်ဆုံးဆန္ဒကိုပြောပါဆိုရင်
မင်းနဲ့အတူရွှေကြက်ကျဘုရားကိုသွားချင်တယ်...
ပြီးတော့ ရုပ်ရှင်ကြည့်ချင်တယ်...
မင်းနဲ့ငါချစ်သူစဖြစ်တဲ့နေ့ကလိုပေါ့...