အာဇာနည် မျိုးဆက်သစ်များ မွေးဖွားသန့် စင်ခြင်း နှင့် ခေတ်သစ်လူငယ်များအား မီးမှောင်းထိုးခြင်း

- သင်သည် နိုင်ငံကိုချစ်မြတ်နိုးပါသလား။
- အမျိုးဘာသာ သာသနာကို..အမိမြေတွင် တည်တံ့လို ပါသ လား။

- အနာဂတ်မဲ့ ဆာလောင်မွတ်သိပ်နေသော မျိုးဆက်သစ်ကလေး များ၏ ဘ၀ကို လှပ စေလိုပါ သလား။
- လူသားပီပီသသ မွေးရာပါ အခွင့်အရေးတို့ ကို ရရှိပိုင်ခွင့် လို လား ပါ သလား
- မုဒိန်းကျင့်ခံ အမျိုးသမီးကလေးများ၏ ဘ၀ကို စာနာတတ်ပါ သလား။

-မြေကြီးမှ ရွှေသီးခဲ့သော ဘိုးဘွား အမွေကို ဆက်လက် ထိန်းသိမ်း ပေးလိုပါသလား။

ဤအချက်များ သင့်တွင်ပြည့်စုံပါက သင်သည် ကျွန်ုပ်တို့ နှင့် တသွေးတသားထည်းရှိပါသည်။ ကမ်းလက်များဖြင့် ဆီးကြိုပါသည်။ ဝင်လာခဲ့ပါ ခင်ဗျာ။


Recent site activity

92days since
Than Shwe will die on this date.

အာဇာနည်မှန်သမျှ

C - box newsသင်တို့ တွင် လွတ်လပ်ခွင့်ပိုင်ဆိုင်သည်။ လွတ်လပ်စွာတွေးခေါ်ရေးသားခွင့်ရှိသည်။ သင်၏အမြင်အားဖေါ်ထုတ်ခွင့်ရှိသည်။ ရေးသားပါ။ ပေးပို့ ပါ။ အာဇာ နည်မှ ဖေါ်ပြသွားပါမည်။ နအဖ ကိုတော်လှန်ရာတွင် အစွမ်းပါသော မီဒီယာတိုက်ပွဲတွင်..သင်လည်း ပါဝင်ခွင့်ရှိသည်။
အမှန်ကို အမှန်အတိုင်းဖေါ်ထုတ်ကြပါ။ မတရားသောအမိန့် အာဏာမှန် သမျှ ဖီဆန်ရမည်သာဖြစ်၏။
သင်သည်..သင့်လူမျိုး သင့် ဘာသာ သာသနာ တည်တံ့ရေး အတွက် အာဇာနည် သူရဲကောင်းဖြစ်၏။
မှန်ကန်သတင်းပေးခြင်း ဖြင့်ကူညီပါ။ ကြုံတောင့်ကြုံခဲ တော်လှန်ရေးကြီး တွင်..သင်ပါဝင်ဘူးကြောင်း သင်၏ မြေးမြစ်များအား ဂုဏ်ယူဝင့်ကြွားနိုင် ပါ စေ။
ဤတော်လှန်ရေး အောင်မြင်ရေးသည် သင့်၏ သမိုင်းပေး တာဝန်ဖြစ်ပါ သည်။

You can send your news to these below address.

သတင်းများပေးပို့ လိုပါ က အောက်ပါ E-mail လိတ်စာတခုခု မှတဆင့်ပေးပို နိုင်ပါကြောင်း။

1. A
rzarnimg@gmail.com
2. Ahbayah@gmail.com
3. Downtamun@rocketmail.com
4. Freeburma.freeburma@gmail.com
5. Minmawsoe1975@gmail.com
6. Nayminthuria@gmail.com
7. N
yiarzarni@gmail.com
8. Nyonya.nay@gmail.com
9. Ronal50@gmail.com
10. Thadarmay@gmail.com
11. Truemmnews@gmail.com
12. Tw23tinwin@gmail.com
13. Wunnahtun1944@gmail.com

အကယ်၍

အကယ်၍

မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . .

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . .

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . .

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . .

အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်…

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . .

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

"IF"


If you can keep your heard when all about you,
Are losing theirs and blaming it on you,

If you can trust yourself when all doubt you,
But make allowance for their doubting too,

If you can wait and be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor take too wise,

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;
If you meet with triumph and Dister,
And tread those two imposters just the same;

IF you can bear to hear the truth you’ve spoker
Twisted by knaves to make atrap for fools,
On watch the things you gave your life to broken.
And stoop and build’em up with won-out tools:

If you can make one heap of all your winnings,
And risk it on turn of pitch-and-toss.
And lose? And start again at your beginnings,
And never breathe a ward about your loss:

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the will which says to them: ‘ Hold on:!’

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute,
With sixth seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

RUDWARD KIPLING (1865-1936) -

ဤကဗျာကို RUDWARD KIPLING ကရေးသားခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် က မူရင်းအတိုင်း အနှစ်သာရပြည့် ၀စွာဖြင့်မြန်မာပြန်ဆိုထားပါသည်။

Navigation

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသည် မြန်မာနိုင်ငံသားအားလုံး၏တာဝန်ဖြစ်သည်။

     ပြည်သူ့ သဘောထား လေးရပ်

  • လက်နက်အားကိုး မိစ္ဆာမျိုး နအဖစစ်ဝါဒီစနစ် အားဆန့် ကျင်ကြ။

  • နိုင်ငံတော်တိုးတက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးကို နှောက်ယှက်ဖျက်ဆီးသူများဆန့် ကျင်ကြ။

  • နိုင်ငံတော်၏ပြည်တွင်းရေးကို ၀င်ရောက်စွတ်ဖက်နှောက်ယှက်ပြီး သံယာဇာတများကို ခေါင်းပံဖြတ် အမြတ်ထုတ်နေသော ပြည်ပနိုင်ငံများအားဆန့် ကျင်ကြ။

  • ကြံ့ ဖွတ်စွမ်းအားရှင် အဖျက်သမားများအား ဘုံရန်သူ အဖြစ်သတ်မှတ်ခြေမှုန်းကြ။

      ဦးတည်ချက် (၃)ရပ်


  • စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး.............................ဒို့ အရေး
  • စစ်မှန်သောဒီမိုကရေစီ စနစ်ရှင်သန်ပေါ်ထွန်းရေး.................ဒို့ အရေး
  • အမျိုးသားတန်းတူညီမျှရေး၊သွေးစည်းရေးနှင့် ငြိမ်းချမ်းရေး....ဒို့ အရေး

Home


ရဲအရာရှိကြီးများ အင်းစိန်မီးရထား ဆေးရုံအတွင်းမှ အနီးကပ်ညွန်ကြားနေ

အင်းစိန် မီးရထားဆေးရုံရှိ မျက်စိအထူးကု ဆရာဝန်ကြီးရုံးခန်းနှင့် မျက်စိစစ်ဆေးသည့် အမှောင်ခန်းအား ရန်ကုန်တိုင်း ရဲမှူးကြီး အဆင့်အပါအ၀င် ရဲအရာရှိကြီးများက သိမ်းယူကာ အင်းစိန်ထောင်ဝန်းကျင်အခြေအနေကို စောင့်ကြည့်ညွှန်ကြားနေသည့်အတွက် ဆေးရုံဝန်ထမ်းများ စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။

အင်းစိန်မီးရထားဆေးရုံသည် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အကျဉ်းဦးစီးနှင့် ကိုက် (၅၀) ခန့်သာကွာဝေးသည်။ ထို့အတွက် အင်းစိန်ထောင် လုံခြုံရေး လိုအပ်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် နှင့် အဓိကရုဏ်းများဖြစ်ပေါ်လာပါက အင်အားသုံးဖြေရှင်းရန် အနီးကပ်စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ဆေးရုံလာ သူ မီးရထားဝန်ထမ်းများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုအား စတင်ကြားနာသည့် မေ (၁၈) ရက်ကတည်းက အဆိုပါ ရဲအရာရှိကြီးများသည် သိမ်းယူထားသည့် ရုံးခန်းအား လေအေးပေးစက်တပ်ဆင်လိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်မပြီး မချင်း ဆေးရုံမှ စွန့်ခွာမည်မဟုတ်ကြောင်း၊ အင်းစိန်ထောင်ဘူး၀၀န်းကျင်ရှိ ထောင်ချီသော အန်အယ်လ်ဒီလိုလား သူများနှင့် စောင့်ကြည့်အကဲခတ်နေသော ပြည်သူများအတွက် လွန်စွာအန္တရာယ်ရှိသောအခြေအနေဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

(အေ) အဆင့် မျက်စိစမ်းသပ်စစ်ဆေးရန် ရောက်ရှိလာသော မီးရထားစက်ခေါင်းမောင်း ၀န်ထမ်းများကိုလည်း မျက်စိစစ်ဆေးမှု ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားရကြောင်း ဆေးရုံဝန်ထမ်းများက အတည်ပြု ပြောကြားသည်။

ဒေါ်စုကို လွှတ်ပေးရန် အာဆီယံ တောင်းဆို

အင်္ဂါနေ့၊ မေလ 19 2009 14:16 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက မြန်မာစစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံ ပါဝင်သည့် အာဆီယံ အသင်းကြီးက ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး မကောင်းသည့်ကြားမှ အင်းစိန်ထောင်တွင် တရား ရင်ဆိုင်နေရခြင်းအတွက် အလွန် စိုးရိမ်ပူပန်ကြောင်းနှင့် အမြန် ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်ဟု အသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ထိုင်းနိုင်ငံက ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားခြင်းမှ အမြန်လွှတ်ပေးရန် အာဆီယံ ခေါင်းဆောင်များက တောင်းဆိုခဲ့သည်ကို မြန်မာအစိုးရ အနေဖြင့် အမှတ်ရစေလိုကြောင်း ထပ်လောင်း ဖော်ပြထားသေးသည်။

ထို့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံ အနေဖြင့် လူ့အခွင့်အရေးကို ကာကွယ်ရန်နှင့် မြှင့်တင်ရန်လည်း တာဝန်ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အချိန်မီ လိုအပ်သည့် ဆေးကုသမှုပေးရန်နှင့် လူသားတဦး၏ ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံပြုမှုရန် ပြောဆိုထားသည်။  

လက်ရှိအခြေအနေတွင် နိုင်ငံတကာက မြန်မာနိုင်ငံအား စောင့်ကြည့်လျက်ရှိပြီး မြန်မာအစိုးရ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးအတွက် အရေးကြီးသည့် ကာလဖြစ်နေကြောင်းနှင့် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရန်အတွက် အပြုသဘောဆောင်သည့် ချဉ်းကပ်မှုကိုသာ ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချရန်မှ တပါး မရှိ

ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့—! ယနေ့မြန်မာနိုင်ငံသည် အားလုံးတက်ညီ လက်ညီဖြင့်အ ထွေထွေသပိတ်ဆင်နွှဲရမည့် အချိန်ရောက်နေပါပြီ။

န.အ.ဖ စစ်မိစ္ဆာများ၏ဆိုးရွားမှုသည်တနေ့တခြားပိုမိုဆိုးရွားယုတ်မာလာပါသည်။ ပြည်သူလူထူကြီးတရပ်လုံးရှိခိုး ပူဇော်ရာဖြစ်သော သံဃာ တော် များကိုပင် စစ်ဖိနပ်နဲ့ကန်ကျောက်၊ ၀ါးရင်းထုတ်နဲ့ရိုက်သတ်၊ သေနတ်နဲ့ပစ်သတ်ကာ ယုတ်မာချင်တိုင်းယုတ်မာနေကြ ပါသည်။ ယခုထိသံဃာတော်အများအပြား န.အ.ဖ အကျဉ်းထောင်ထဲတွင်အနှိပ်စက်ခံအညှင်းဆဲခံနေကြရဆဲဖြစ်ပါသည်။

ယခု အခါ အပြစ်မရှိဘဲ ဖမ်းဆီးထားသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်အား မေလ ၃၀ရက်နေ့တွင်မဖြစ်မ နေလွတ်ရမည်ဖြစ် သောကြောင့် မလွှတ်ချင် သည့်အတွက်အကောက်ကြံကာ မိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို တခြားလွဲချကာ အကောက်ဥာဏ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် ထောင်သို့ပို့ချင်းသည် ငါတို့ကြိုက်တာလုပ်မည်၊ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဟု ပြည်သူတစ်ရပ်လုံးကိုစော်ကားရာ စိန်ခေါ်ရာရောက်နေပါသည်။

သို့ပါ၍ အခု န.အ.ဖ စစ်အစိုးရ၏ရိုင်းပြစော်ကားမှုများသည် အလွန် ဆိုး ရွားနေပါသောကြောင့် လာမည့်မေလ၃၀ရက်နေ့ကို နောက်ဆုံးထားကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပါ။ ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါက မေလ၃၁ရက် တနင်္ဂနွေနေ့မှ စတင်ကာ တစ် နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီး ဆင်နွှဲမည်အားလုံးအသင့်ပြင်ထား ကြပါ။


သခင်မျိုးများ
www.yangon.tk



ပြည်တွင်းမှဖတ်ရှုနေကြတဲ့ ညီအစ်ကိုများခင်များ

မည်သည့် အခြေအနေတွင်ဖြစ်စေကာမူ ထူးခြားသောသတင်း ပြည်သူများအားလက်ကမ်းဖတ်ရှုစေလိုသော သတင်းများအား ကျွန်တော်များအာဇာနည် စာမျက်နှာတဘက်တချက်တွင် တင်ထားသော လိတ်စာမှတဆင့် ပေးပို့ တင်ပြနိုင်ပါတယ် ၊ ကျေးဇူးတင်စွာဖြင့် ။ အာဇာနည်များ


ကြံရာမရတဲ့လူယုတ်မာတွေရာဇ၀တ်အိုး တုတ်နဲ့ ထိုးမိနေပြီ။ မြန်မာပြည်သူတွေ ပေါက်ကွဲတော့မယ်။

ဝင်းမြတ်
မေ ၁၆၊ ၂၀၀၉
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို




အမေရိကန်နိုင်ငံသား ရေကူးသမားအား လက်ခံထားရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နအဖ အစိုးရက တရားစွဲဆိုရန် ပြုလုပ်နေတာကို ပြည်သူ လူထုထံက မကျေမနပ် တုံ့ပြန်သံများ ထွက်ပေါ်ခဲ့ပါတယ်။
ဒေါ်စုကို ပြန်လည် လွှတ်ပေးဖို့ ရက်ပိုင်းအလိုမှာ အခုလို လုပ်လိုက်ခြင်းဟာ နအဖ အစိုးရရဲ့ ဒေါ်စုအပေါ် ထားတဲ့သဘောထားကို ရှင်းပြစရာ မလိုအောင် ဖော်ထုတ်လိုက်တာပဲဖြစ်တယ် လို့ ဆိုကြပါတယ်။ ဒီလုပ်ရပ်ဟာ ပေါ်ပေါ်တင်တင် ဥပဒေမဲ့ ပြုလုပ်တာဖြစ်တယ် လို့လည်း အများက ထင်မြင်ချက်ပေးကြပါတယ်။



အသက် ၂၄ နှစ်အရွယ် စက်မှုဘွဲ့ရ အမျိုးသားတစ်ဦးက

“ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ရေးကူးသွားတဲ့လူအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဖို့လုပ်တယ် ဆိုတာ ကြားရတော့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ အဲဒီ အိမ်နားကို ကပ်ဖို့ဆိုတာ အစောင့်တွေ အထပ်ထပ် ချထားတာပဲ။ အပြစ်ပေးချင်ရင် သူတို့ကိုပေးပေါ့။ အခုဟာက လှောင်အိမ်ထဲထည့်ထားပြီး အထဲမှာ ရှိနေတဲ့သူကို အန္တရာယ် ပေးနိုင်တာတွေကို အပြင်ကနေ တစ်ခုပြီးတစ်ခုထည့် ပြီးတော့မှ အန္တရာယ်ရှိတယ် ဆိုပြီး ပြဿနာရှာတယ်လို့ မြင်တယ်”

လို့ပြောပါတယ်။

“ကျွန်တော်က နိုင်ငံရေးတွေဘာတွေ သိပ်နားလည်တာမ ဟုတ်ပါဘူး။ ဥပဒေတွေ ဘာတွေလည်း သိပ်နားလည်တာ မဟုတ်ပါဘူး။ အခုဟာကတော့ လူသာမန်လို ရိုးရိုးလေး တွေးကြည့်တာတောင် ဘယ်လိုမှ မမျှတတာကို တွေ့နေရတာကို ပြောချင်တာပါ”

လို့ သူက ဆက်ပြောတယ်။

အင်းလျားကန်ကို ဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းမှာ နှစ်ရက်ကြာ ၀င်ရောက် နေထိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား Mr. John William Yettaw ဆိုသူကို သက်ဆိုင်ရာ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ အစိုးရပိုင် သတင်းမီဒီယာ တွေက ဖော်ပြခဲ့ကြတယ်။

သည်ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်စုကို တရားစွဲဆိုမယ့် အကြောင်းကိုတော့ ပြည်သူလူထု သိအောင်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ အင်တာနက် ၀က်ဆိုက်တွေနဲ့ ပြည်ပ သတင်းမီဒီယာတွေက တစ်ဆင့်သာ ပြည်သူလူထုက သိရှိရပါတယ်။

အခုလို အစိုးရက ပွင်းလင်းမှု မရှိတာနဲ့ပတ်သတ်ပြီး အစိုးရ၀န်ထမ်း ရုံးအုပ်ကြီးတစ်ဦက

“ အစိုးရက ပြည်သူကို အမြဲတမ်း လိမ်နေကျပဲ။ အခု ရေကူးသမား ကိစ္စကလည်း သိပ်ယုံချင်စရာမရှိဘူး။ သက်သက်မဲ့ သိက္ခာချချင်လို့လုပ်တာ ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ဒါပေမယ့် ဒေါ်စုကြည်ကို တရားစွဲဖို့ လုပ်တယ် အင်းစိန်ထောင်ကို ခေါ်သွားတယ် ဆိုတာကတော့ သိပ်ကို အရှက်မရှိ မျက်နှာပြောင်တိုက်ရာ ကျတယ်။ ဒီအကြောင်းတွေကို ပြည်သူတွေ သိအောင်ရော ဘာလို့ မပြောတာလဲ။ ရေကူးတဲ့သူအကြောင်းကျတော့ စာလုံးမဲကြီးတွေနဲ့ လူမြင်သူမြင် နေရာမှာ ရေးထားတယ်”

လို့ သူ့အမြင်ကို ပြောပြတယ်။

လူထုက ကြည်ညိုလေးစားရတဲ့ နအဖအစိုးရက နိုင်ငံတော် တည်ငြိမ်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းတွေကို အများပြည်သူ သိအောင် ထုတ်ဖော် ပြောဆိုခြင်း မရှိတာကို ရေတပ်ဗိုလ်မှူးဟောင်းဖြစ်ပြီး အခုအခါ အရပ်ဘက် အစိုးရ အရာရှိကြီး တစ်ဦးက အခုလိုပြောတယ်။

“သူ့ကို(ဒေါ်စု) လွှတ်ပေးလိုက်ရင် လူထုက လမ်းပေါ် ထွက်မလာဘူးလို့ ဘယ်သူ အာမခံမလဲ။ ဒီလိုပဲ သူ့အကြောင်းတွေကို လူတွေသိအောင် ပြောပြောနေရင် လူထုက တည်ငြိမ်ပါ့မလား။ အခုလိုတပ်က မအုပ်ချုပ်ဘူးဆိုရင် မြန်မာလူမျိုးတွေကို ထိန်းလို့ရမယ်လို့ ထင်နေသလား။ သူ့ကိုချုပ်ထားတာ နိုင်ငံရေးအရ အဖြေမဟုတ်ဘူး ဆိုပေမယ့် ကျန်တာတွေကို တည်ငြိမ်အောင်လုပ်ဖို့ လွယ်တယ်”

စစ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့ အရာရှိအများစုမှာ တပ်အရိပ်အငွေ့တွေ ပါလာပေမယ့် တစ်ချို့သူတွေမှာတော့ နှစ်ဖက် မြင်တတ်တဲ့ သူတွေ ရှိနေတာတွေ့ရတယ်။

သူနဲ့အမြင်မတူတဲ့ တိုင်းအဆင့်ရှိ တပ်ဘက်အငြိမ်းစား အရပ်ဘက် အရာရှိကြီးတစ်ဦးက

“ အရင် ဦးနေ၀င်းခေတ်တုန်းက တစ်ခုခုလုပ်မယ် တစ်နေရာရာသွားမယ် ဆိုရင် အဲဒိအချိန်မှာ သူနဲ့ တရားဝင်ပေါင်းနေတဲ့ ဇနီးကိုပဲ ခေါ်သွားတယ်။ အခုလို ဇနီးမယား၊ သမီးသား မြေးမြစ်တွေကို ခေါ်မသွားဘူး။ အခုဟာက သတင်းစာထဲမှာပါ သူတို့ တစ်ဆွေလုံး တစ်မျိုးလုံးက လူထုကို အုပ်ချုပ်နေတဲ့ပုံ လုပ်ထားတယ်။ ဒါ တပ်ရဲ့အင်အားကို သုံးပြီး သက်ဦးဆံပိုင်ပုံစံဖြစ်နေတာ။ အခုကိစ္စ (ဒေါ်စု)မှာလည်း အာဏာ ဆက်လက် တည်မြဲရေးအတွက် သူတို့လုပ်ချင်တာ လုပ်လို့ရအောင် အကွက်ဆင်ခဲ့တာပဲ ဖြစ်ဖို့များတယ်”

လို့ သူ့အယူအဆကိုပြောပါတယ်။

ရန်ကုန်နေ လူထုအများစုကတော့ ဒေါ်စုကိုတရားစွဲဆိုမှုဟာ အကွက်ဆင်မှု ဖြစ်တယ် လို့ ယုံကြည်ထားကြတယ်။ အခုလို ကမ္ဘာသိ လူထု ခေါင်းဆောင် အမျိုးသမီး တစ်ယောက်ကို လက်နက် လူသူအင်အားနဲ့ အနိုင်ကျင့်တာကို ရှက်စရာ ဖြစ်တယ်လို့ ပြောကြပါတယ်။

ရန်ကုန်မြို့က အသက် ၄၆ နှစ်ရှိ ဓါတ်ခွဲမှူးတစ်ဦးက

“ဘုန်းကြီးနဲ့ ပြည်သူတွေကိုသတ်တဲ့ လက်နက်ကြီးငယ်မျိုးစုံးနဲ့ အင်အား သိန်းနဲ့ချီရှိတဲ့ သူတွေက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိတဲ့ အချုပ်လည်း ခံထားရတဲ့ အမျိုးသမီး တစ်ယောက်ကို အနိုင်ကျင့်ချင်တိုင်း ကျင့်နေတာကတော့ တော်တော်ကို အရှက်မရှိတဲ့ လုပ်ရပ်ပါပဲ။ သူတို့လုပ်ရပ်တွေက သိပ်ကို ယုတ်မာ ကောက်ကျစ်လွန်းရာ ကျနေပြီ။ သူတို့ ပြောချင်လုပ်ချင်တာတွေကိုလည်း နည်းမျိုးစုံနဲ့ ပြည်သူကို လှည့်စားပြီး လုပ်ခဲ့တာပဲ။ ပြည်သူ့သဘောထား ဆိုပြီး စစ်အစိုးရက ပြောနေတာတွေက ဘယ်ပြည်သူကမှ အဲဒီလို မပြောဘူး”

လို့ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ပြည်သူတွေရဲ့ ရွေးချယ်မှုကို အသိအမှတ်မပြုခဲ့တဲ့ အပြင် ဒေါ်စုကိုပါ အကျဉ်းချထားတာဟာ နအဖ အစိုးရက အကြောက်လွန်နေတာ ဖြစ်တယ်လို့ အသက် ၅၉ နှစ်အရွယ် အစိုးရ၀န်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ ဘာဖြစ်လို့ ဒေါ်စုကို မလွှတ်ပေးရဲတာလည်းဆိုတာ ရှင်းပါတယ်။ ဒီအမျိုးသမီးကို သူတို့ တော်တော် ကြောက်နေတာ။ သူ့နောက်မှာ လူထုက ရှိနေတာကို။ အခု သူတို့ကို(နအဖ) ဘယ်ပြည်သူကမှ ရွေးထားခဲ့တာ မဟုတ်ဘူး။ သူတို့တကယ် ပြည်သူကို စေတနာရှိတယ် ဆိုရင် ပြည်သူကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပေးလိုက်ပေါ့”

အစိုးရ၀န်ထမ်း အမျိုးသမီးက ပြောပါတယ်။

စက်မှုဘွဲ့ရ လူငယ်ကတော့ မြန်မာနိုင်ငံမှာ ရွေးချယ်ခွင့် နည်းပါးပြီး လူငယ်တွေကြားမှာ မျှော်လင့်ချက် မဲ့နေတယ်လို့ ပြောပါတယ်။ သူကပဲအခုလိုဆက်ပြောပါတယ်။

“ကျွန်တော်တို့ လူငယ်တွေမှာက လူကြီးဆိုတဲ့သူတွေ လုပ်ချင်ရာလုပ်နေတဲ့ ကြားထဲမှာ ညပ်နေတယ်။ ဘွဲ့ရပြီးပြီ။ စားဝတ်နေရေး လုံခြံမှုအတွက် အာမခံနိုင်တဲ့ အလုပ်ဆိုတာ အခုထိ မတွေ့သေးဘူး။ ကိုယ့်နိုင်ငံမှာက အခွင့်အလမ်း ကောင်းကောင်းတွေ မရှိတော့ သူများနိုင်ငံသွားပြီး အနှိမ်ခံရတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့သူတွေမှာ ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်နိုင်မယ့် အရည်အချင်းမရှိတာတော့ သေချာတယ်။ လာမယ့် ၂၀၁၀ မှာရော ကျွန်တော်တို့က ဘယ်သူ့ကို ဘယ်လိုရွေးချယ်ရမှာလည်း။ ယုံကြည်ရလောက်တဲ့သူက ဘယ်သူလဲ ကျွန်တော်တို့မသိဘူး…

အခုဟာက အာဏာရှိတဲ့သူတွေက စည်းလွတ်ကမ်းလွတ် လုပ်ချင်တာ လုပ်နေတာကို ခံရတဲ့သူတွေက ဥပဒေအရဆိုပြီး ပြန်ပြီး ခုခံနေရတာတော့ ဘယ်တရားမလဲ။ စစ်အစိုးရက ပြောသလို ဥပဒေအထက်မှာ ဘယ်သူမရှိဘူး၊ သူတို့က လွဲရင်ပေါ့လေ”


သန်းရွှေ ချီးပမ်းနေ

ကာလနာတိုက်နေသော ဗိုလ်ချူပ်မှုးကြီးသန်းရွှေ photo:parade magazine
Freedom News Group!မှသတင်း၊
May 9, 2009/ညွန့်သက်ထားဦး
စစ်အစိုးရ ထိပ်တန်းခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီးသန်းရွှေ မှာနေပြည်တော် ရှိ
၎င်း ၏နေအိမ်တွင်ဝမ်းလျှောရောဂါခံစားနေသည်မှာကြာသပတေး
နေ့ ကတည်းဖြစ်သည်ဟုနေပြည်တော် ရှိ ၀န်ကြီးတစ်ဦး၏ စကားကို
ကိုးကားပြီး နေပြည်တော်သတင်းရပ်ကွက် တွင်ပျံ့နှံနေသည်။

ယခုနှစ် နေပြည်တော် ဥပ္ပါတသျှန္တိ စေတီတော်ရှိ ဗောဓိ ညောင်ပင် ကို
ကဆုန်လပြည့်နေ့ တွင်ဗိုလ်ချူပ်မှုးကြီးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့ က
လာရောက်ညောင်ရေသွန်းလောင်းမည်ဆိုသောသတင်းကြောင့်
ကြာသပတေးနေ့ကတည်းကလုံခြုံရေးထူထပ်စွာချထားသော်လည်းလာရောက်နိုင်ခြင်းမရှိဟု သိရသည်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၏ ၀မ်းလျှောရောဂါ ကို ကု သရန် အတွက် ရန်ကုန် စစ်ဆေးရုံမှဆရာဝန်ကြီး
များလည်းနေပြည်တော် သို့ ရောက်ရှိနေသည် ဟု သိရသည်။

နေပြည်တော်ရှိ ကျန်းမာရေး ၀န်ကြီးဌာန က အစိမ်းရောင်ဇုန်ရှိ စစ်ဗိုလ်ချုပ်များ၏ အိမ်တွင် ပိုးသတ်ဆေးများ ဖျန်းပေး နေရသည်ဟုသိရသည်။

ကဆုန်ညောင် ရေသွန်းပွဲသို့ တွင်း (၁) သီဟသူရတင်အောင်မြင့်ဦး နှင့် ဒေါ်ခင်စောနှင်းတို့ သာတက်
ရောက်သည်။မေလ ရ ရက်နေ့ က ဒလ ရှိ ဒနုတ် စေတီတော် ဌာပနာပိတ်ပွဲ တွင် ဒေါ်ကြိုင်ကြိုင် နှင့်
သမီးသုံး ဦးကို သာရုပ်မြင် သံကြားတွင် တွေ့ ရပြီး ပြည်သူများက မူ ဗိုလ်ချူပ်မှုးကြီး ၀မ်းပိတ်ရန်
အတွက် ဌာပနာ ပိတ်ပွဲ သို့ လာခြင်းဖြစ်သည် ဟု သရော်ပြောဆိုနေကြသည်။

စစ်အစိုးရပြစ်မှု စုံစမ်းဖို့ ဗြိတိသျှ ပါလီမန်အမတ်တွေ အဆိုပြု


07 May 2009

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဟုတ်မဟုတ် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ ဗြိတိသျှ ပါလီမန်အမတ်တွေက ဒီနေ့ပဲ ဗြိတိသျှ ပါလီမန်မှာ အဆိုပြု တင်သွင်းလိုက်ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီအဆိုကို မြန်မာ့ဒီမိုကရေစီရေးအတွက် ပါတီစုံပါတဲ့ ဗြိတိသျှ ပါလီမန်အမတ်များအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ အောက်လွှတ်တော် အမတ် ဂျွန်ဘကောင်းက ဦးဆောင်တင်သွင်းသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့အနေနဲ့ မကြာမကြာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုဖူးပါတယ်။ ဒီနေ့ ဗြိတိသျှပါလီမန် မှာ တင်သွင်းတဲ့ မြန်မာ့အရေး အဆိုပြုချက်နဲ့ ပတ်သက်ပြီး CSW နိုင်ငံတကာ ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့ အလစ်ဇာ ပါပါဒိုးရပ်စ်ကို မေးမြန်းခဲ့ပါတယ်။

ဗြိတိသျှလွှတ်တော်ထဲမှာ ဒီနေ့ မြန်မာ့အရေး အဆိုပြုချက်ကို ဗြိတိသျှလွှတ်တော်အမတ် ဘယ်လောက်လောက် ထောက်ခံ ခဲ့ကြပါသလဲ။

“ဗြိတိသျှ ပါလီမန်အမတ်တွေရဲ့ ဒီအဆိုပြုချက်ကို လွှတ်တော်အမတ် ၆၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီ အဆိုပြုချက်ထဲမှာ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ်အနေနဲ့ မြန်မာနိုင်ငံအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတကာအစိုးရတွေကို တောင်းဆိုထားတာပါ။ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အချိန်ကလည်း သီတင်း ၂ ပတ်လောက်ပဲ ကျန်တော့တာမို့ ဒီအချိန်ဟာ အချိန်အခါကောင်းပါပဲ။”

အခုလိုမျိုး မြန်မာနိုင်ငံတွင်းက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဟုတ်မဟုတ် ဒါကို စုံစမ်းစစ်ဆေးပေးဖို့ဆို ရင် အချက်အလက်တွေက ဘယ်လောက်အထိ အခိုင်အမာရှိလို့ပါလဲ။

“မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ အရပ်သား ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့ အချက်အလက်တွေကို စုဆောင်းတင်ပြထားတဲ့ အစီရင်ခံစာတွေ အများကြီးရှိထားပြီးသားပါ။ ဒါတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်ပြစ်မှုတွေ ဖြစ်တယ်လို့ ယူဆနေသူတွေ၊ ယုံကြည်နေသူတွေလည်း အများကြီးရှိပါတယ်။ ဒီအဖြစ်အပျက်ဆိုးတွေ ကို ကျမတို့ CSW အနေနဲ့ မှတ်တမ်းပြုစုထားတာ ရှိသလို တခြားလူ့အခွင့်အရေးအဖွဲ့တွေမှာလည်း မှတ်တမ်းမှတ်ရာတွေ အများကြီးရှိပါတယ်။”

ပြဿနာတခုကတော့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း တရုတ် အပါအ၀င် အာဆီယံနိုင်ငံ တော်တော်များများက ဒါတွေဟာ ပြည်တွင်းရေးပဲဖြစ်တယ်ဆိုပြီး တစိုက်မတ်မတ် ပြောနေတာ ရှိပါတယ်။ တကယ်တမ်း ကုလသမဂ္ဂအနေနဲ့၊ နိုင်ငံတကာအနေနဲ့ ဒီပြဿနာတွေဟာ Crimes against Humanity လူသား မျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု ဟုတ်မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့ရေးမှာ နိုင်ငံတကာအားလုံးက ပါဝင်လာနိုင်ပါ့မလားခင်ဗျ။

“ဒီလိုဖြစ်ပျက်နေတာတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ လက်ခံအသိအမှတ်ပြုဖို့ တာဝန်ရှိပါတယ်။ ဒီရာဇ၀တ်မှု တွေအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ထားဖို့ ကြိုးပမ်းရမယ့်အချိန် ရောက်နေပါပြီ။ မြန်မာပြည်သူ တွေအနေနဲ့ ဆက်ပြီးဖိနှိပ်ခံဖို့ မဖြစ်နိုင်တော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း သိသိသာသာကြီးကို ပေါ်လွင်နေတာပါ။ ဒီတော့ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို တရားဥပဒေနဲ့အညီ အရေးယူဖို့အတွက် ကမ္ဘာတ၀န်းနိုင်ငံ အသီးသီးရဲ့ အစိုးရတွေမှာ လုံးဝ တာဝန်ရှိပါတယ်။”

ဗြိတိသျှနိုင်ငံအခြေစိုက် CSW က ပြောခွင့်ရသူတဦးဖြစ်တဲ့ အလစ်ဇာ ပါပါဒိုးရပ်စ် ရှင်းပြသွားတာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းက အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ Crimes against Humanity လူသား မျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု ဟုတ်မဟုတ်ဆိုတာ နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့၊ ဒီကနေပြီး ICC
နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံးအထိ တင်သွင်းဖို့ ကြိုးစားသွားမယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။



ဗိုလ်ချုပ်ကြီးများ အိတ်ဖောင်းဘို့ အကူအညီ ရံပုံငွေတွေ ထပ်တောင်း

မိုးမြင့်   
ဗုဒ္ဓဟူးနေ့၊ မေလ 06 2009 15:40 - မြန်မာစံတော်ချိန်


နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီပေးရေး ရံပုံငွေများ ထပ်မံ လိုအပ်နေသေးကြောင်း သတင်းများကို ဖတ်ရကြားရသည်မှာ စိတ်ပျက်စရာနှင့် စိတ်မသက်သာစရာ ကောင်းလှသည်။ မြန်မာ စစ်အာဏာရှင်များ၏ ဘဏ္ဍာတိုက်ကို ဖွင့်၍ ဤဒုက္ခသည်များကို ကူညီရန် တာဝန်ရှိသည်ဟု ပြောသံဆိုသံများကိုမူ မကြားရသလောက်ပင် ဖြစ်သည်။ ၂ဝဝ၂ ခုကတဲက မြန်မာနိုင်ငံသည် ကုန်သွယ်ရေး ပိုငွေ တောက်လျှောက်ပြခဲ့ရာ၂ဝဝ၇-ဝ၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃.၂ ဘီလျံရှိ၍ ၂ဝဝ၈-ဝ၉ ဘဏ္ဍာနှစ်တွင် ၂.၅ ဘီလျံရှိသည်။ (ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်) ထွန်းကားလာနေသော သဘာဝဓါတ်ငွေ့နှင့် ရေနံမှ ရငွေများကြောင့် ဤသို့ ပိုငွေပြခဲ့ခြင်း ဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ အဆိုအရ မြန်မာနိုင်ငံ၏ နိုင်ငံခြား အရံငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၄ ဘီလျံရှိပြီး၊ အခြား သတင်းရပ်ကွက်များကမူ ၄ ဘီလျံနီးပါး ရှိသည်ဟု ဆိုသည်။  

အားလုံး တွေ့မြင်ခဲ့ကြသည့် အတိုင်းပင် ၂ဝဝ၈ ခုနှစ်မေလ နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး၌ မုန်တိုင်းဒဏ်ခံ ဒေသများသို့ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခွင့်ကို ခွင့်ပြုရန် စစ်အစိုးရက ဝန်လေးနေခဲ့သည်။ နိုင်ငံတကာ ဖိအားကလဲကြီးလာ၊ ဗိုလ်ချုပ်ကြီးများကလဲ လောဘထွက်လာမှသာ အဆိုပါ နိုင်ငံတကာ အကူအညီများကို လက်ခံ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးများလဲ တိုင်းပြည်ပိုက်ဆံကို ထုတ်သုံးရန် မလိုတော့ဘဲ သက်သာရာ ရသွားခဲ့သည်။ ဤကူညီကယ်ဆယ်ရေး လုပ်ငန်းကြီးတွင် စစ်အစိုးရဘက်မှ ဆောင်ရွက်ချက်ဟူ၍ ကယ်ဆယ်ရေး လုပ်ငန်းများ နှင့် မြစ်ဝကျွန်းပေါ်သို့ အကူအညီများ ဝင်ရောက်ခြင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခြင်းသာ ရှိသည်။ ဗိုလ်ချုပ်ကြီး များနှင့် ပုလဲနံပသင့်သော စီးပွါးရေး လုပ်ငန်းရှင်ကြီးများ၏ ဟန်ပြ စတိသဘောမျှ အလှူအတန်း တချို့မှလွဲ၍ ဘာမှမမြင်ခဲ့ကြရ။ အဆိုပါ လှူဒါန်းငွေများကို ကုလသမဂ္ဂနှင့် သံတမန် အသိုင်းအဝိုင်းသို့ ပေးအပ်ပြီး၊ နာမည်ကောင်း ယူနိုင်သေးသည်။ အခြား လှူဒါန်းမှု မှန်သမျှမှာမူ မြန်မာ ပြည်သူပြည်သားများ၊ ဒေသခံနှင့် နိုင်ငံတကာ အန်ဂျီအိုများ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ မူဆလင်၊ ဟိန္ဒူ ဘာသာရေး အဖွဲ့အစည်းများထံမှသာ ဖြစ်သည်။

နာဂစ်လွန်ကာလ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဤကြီးမားလှသော ကယ်ဆယ်ရေး စီမံကိန်းကြီးသည် ဗိုလ်ချုပ်ကြီးများ ကြွယ်ဝချမ်းသာဘို့ ဖြစ်လာခဲ့သည်။ နိုင်ငံခြား ငွေလဲလက်မှတ် (FEC) ၏ ပြည်တွင်းကျပ်ငွေ ပေါက်ဈေးနှင့် ဒေါ်လာနှင့် ပြည်တွင်းဈေးကွက်ရှိ မြန်မာကျပ်ငွေ ပေါက်ဈေးတို့အကြား မတူညီသော ဈေးနှုံးများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ ငွေသန်းနှင့်ချီ၍ နစ်နာခဲ့ရသည်ကို အားလုံးအသိပင် ဖြစ်သည်။ အဆိုပါ ငွေများအားလုံးကို မြန်မာအစိုးရကြားက အချောင် ရရှိသွားခဲ့သည်။ (ဤသို့ နိုင်ငံတကာမှ အကူအညီ အထောက်အပံ့ ပေးငွေများ အရေခွံ အခွါခံရသည်ကို ဤ (FEC) စနစ်ကို စတင်အသုံးပြုခဲ့သည့် ၁၉၉၃ ခုနှစ်ကတဲက မည်သူမျှ မပြောခဲ့ကြပါ။ ဤကာလများအတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအန်ဂျီအို (INGO) များက ဤခြားနားချက်ကို မြန်မာနိုင်ငံ၌ အလုပ်လုပ်ခွင့်ရရေးအတွက် အစိုးရထံ ပေးအပ်ရသည့် ‘အခွန်’ အဖြစ်သာ သဘောထားခဲ့ကြသည်)။ ယခုအခါ အမေရိကန်ဒေါ်လာနှင့် FEC တို့၏ ဈေးကွက်ပေါက်ဈေး ခြားနားချက်သည် ၁ဝ% အောက်သို့ ကျလာရာ ဗိုလ်ချုပ်ကြီးများအဘို့ အမြတ်ထွက်ရေး နည်းလမ်းသစ်များ ရှာရန်မှာ ပိုမို ခက်ခဲလာခဲ့သည်။ ဗဟိုဘဏ်ကလည်း အမှန်ငွေကြေး ပမာဏ (money supply) ကို အစဉ်လျှော့ပြနေပြီး၊ မတန်တဆ တန်ဘိုးမြှင့်ထားသော ဒေသသုံးငွေကို ရိုက်ထုတ်နေသည်။ ADB ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုံးသည် ၂ဝဝ၇ နှင့် ၂ဝဝ၈ ခုနှစ်များက ၃၇% နှင့် ၃ဝ% အသီးသီး ရှိခဲ့သည်။ စီးပွါးရေး တိုးတက်မှုနှုံးမှာ ၁ဝ% အောက်တွင်သာ ရှိသည်ဟု ဆိုသည်။ ဒေါ်လာနှင့် ကျပ်ငွေ လဲလယ်နှုံးမှာ ၂ဝဝ၇ ခုနှစ်တွင် တဒေါ်လာလျှင် ကျပ် ၁၃ဝဝ ရှိရာမှ ၂ဝဝ၉ ခုနှစ်တွင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၁ဝဝဝ သာ ရှိတော့ပြီး ကျပ်ငွေတန်ဘိုး ပိုမို ခိုင်မာလာခဲ့သည်။ ဤသို့ ကျပ်ငွေတန်ဘိုး မြင့်တက်လာမှုကြောင့် အခြားငွေမာအားလုံး အပေါ်တွင် ထိခိုက်မှုများ ရှိခဲ့သည်။ နိုင်ငံခြား အကူအညီများအပေါ် သွယ်ဝိုက်ခွန် ပေးရသလို ဖြစ်နေပြီး၊ ငွေမာများ တန်ဘိုးချလိုက်ရသလိုလဲ ဖြစ်သွားသည်။  

ပြည်တွင်းတွင်တော့ ဗိုလ်ချုပ်ကြီးများက အစိုးရပိုင် ပစ္စည်းများ၊ အဆောက်အဦများ၊ ကားများ၊ သစ်နှင့်သတ္တုတူးဖော် ခွင့်လိုင်စင်များ ရောင်းစားခြင်းဖြင့် တိုင်းပြည် ဘဏ္ဍာကို ဆက်လက် ‘လုယက်’ နေသည်။ ပုဂ္ဂလိကပိုင် ကဏ္ဍမှ ငွေများ ခန်းခြောက်သွားအောင် လုပ်လိုက်သလိုလဲ ဖြစ်နေသည်။ ဤငွေများ အားလုံးသည် မြန်မာ့စီးပွါးရေးဦးပိုင် လီမိတက် (UMEHL) ကဲ့သို့သော ကုမ္ပဏီများ၊ စစ်တပ်မှ ရှယ်ယာ ပါဝင်ထားသည့် ဖက်စပ်လုပ်ငန်း အများအပြား နှင့် စစ်အစိုးရ မိသားစုဝင်များ ပိုင်ဆိုင်သည့် ကုမ္ပဏီများမှတဆင့် ဗိုလ်ချုပ်ကြီးများ၏ အိတ်ထောင်ထဲ အကုန် ရောက်သွားသည်။ တဖန် ဤငွေများကို ပင်လယ်ရပ်ခြား တိုင်းပြည်များသို့ ကဲ့ထုတ်ကြပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြသည်။ 

မြစ်ဝကျွန်းပေါ် ဒေသသို့ ခရီးသွားကြည့်လျှင် ဘာမှမယ်မယ်ရရ မလုပ်ရသေးကြောင်း သိနိုင်သည်။ လမ်းစသည့် အခြေခံ အဆောက်အဦများမှာ ဆိုးဆိုးဝါးဝါး ပျက်စီးဆဲရှိသေးပြီး ဝေးလံ ခေါင်းပါးသည့်ဒေသမှ မုန်တိုင်း ဒုက္ခသည်များမှာ စားနပ်ရိက္ခာ နှင့် ရေမလုံလောက်မှု၊ အိုးအိမ်မရှိမှု၊ သူတို့ စားဝတ်နေရေးများကို ပြန်လည် မတည်ထောင်နိုင်သေးမှု စသည့် ဒုက္ခမျိုးစုံကို ခံစားရဆဲဖြစ်ကြောင်း တွေ့ရမည်။ ဟုတ်ပါသည်။ နိုင်ငံတကာ၏ အကူအညီသာ မရလျှင် ဤအခြေအနေမှာ ပို၍ ဆိုးရွားနေမည် ဆိုသည်မှာ မှန်ပါသည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် INGO များကရော ရိုးရိုးသားသားနှင့် ရဲရဲဝံ့ဝံ့ စစ်အစိုးရကို ဖိအား မပေးသင့်ပေဘူးလား။ ယခုတော့ INGO အသိုင်းအဝိုင်းသည် သူတို့၏ မူများကို ဘေးချိတ်ကာ သူတို့နဲနဲဖြစ်ဖြစ်၊ များများဖြစ်ဖြစ် လွတ်လွတ်လပ်လပ်လုပ်ခွင့် ရရေးအတွက်  အစိုးရ၏ အမြီးစားဖက် ခေါင်းစားဖက် လုပ်ငန်းရှင်ကြီးများ၊ အာဏာပိုင်များတို့နှင့် ပူးပေါင်း ၍နိုင်ငံတကာ အကူအညီများကို ထပ်မံတောင်းခံ နေကြသည်။ အဆိုပါ INGO များကို စစ်အစိုးရက အခြားနယ်ပယ်တို့တွင်လည်း လုပ်ပိုင်ခွင့်များ ပေးလိမ့်မည်ဟု မျှော်လင့်နေခြင်းမှာ အိပ်မက်သာဖြစ်သည်။ ရန်ကုန်မြို့နှင့် အနီးတဝိုက်တွင်ပင် နိုင်ငံခြားသားများ မိဘမဲ့ကျောင်းများ၊ လမ်းဘေးကလေးများဆိုင်ရာ ပရောဂျက် စီမံကိန်း လုပ်ငန်းခွင်များနှင့် အခြား ဒေသန္တရ လူမှုရေးစီမံကိန်း လုပ်ငန်းခွင်များသို့ ရဲအထူးသတင်း တပ်ဖွဲ့၏ ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးခြင်းမရှိဘဲ သွားရောက်ခွင့် မရကြပါ။ ဤသို့ သူတို့၏ နာဂစ်ပရောဂျက် လုပ်ငန်းခွင် အကြီးစားကြီးများ ဆက်လက် လည်ပတ်နေနိုင်ရေးနှင့် ဝန်ထမ်းများ လစာ ဆက်ထုတ်နိုင်ရေးတို့ အတွက် နိုင်ငံတကာက လှူဒါန်းငွေများကို ရရှိရေး အလုအယက် အပြိုင်အဆိုင် ကြိုးစား လုပ်ကိုင်နေမည့်အစား အဆိုပါ မြန်မာနိုင်ငံရှိ INGO များကလည်း စစ်အစိုးရ၏ မျက်နှာလွှဲခဲပစ် လုပ်နေမှုများကို အခြား အင်အားစုများနှင့် ပူးပေါင်းကာ ရိုးရိုးသားသား ထုတ်ဖော် မပြောသင့်ပေဘူးလား။  



သေနတ်သမားများက ရွှေဆိုင် ဓားပြတိုက်၊ တဦးသေ နှစ်ဦး ဒဏ်ရာရ

Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ မေလ 07 2009 11:56 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။     ။ ရမည်းသင်းမြို့ ဈေးအတွင်းရှိ ဒေါ်အေးကြည်နှင့်သားများ ရွှေဆိုင်ကို သေနတ်သမား ၃ ဦးက ဓားပြတိုက်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီအချိန် ဆိုင်မပိတ်မီ ကလေးတွင် မော်တော်ဆိုင်ကယ်ဖြင့် ရောက်လာသော သေနတ်သမားများက မဲမဲမြင်ရာ စွတ်ပစ်ပြီး ဆိုင်ရှိ ရွှေများကို လုယူသွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဒဏ်ရာကြောင့် လူ ၁ ဦးသေကာ ၂ ဦး ဒဏ်ရာရသွားခဲ့ကာ ရွှေပိသာ ၇ ပိသာကျော် ပါသွားခဲ့သည်ဟု ရွှေဆိုင်ပိုင်ရှင်၏ မိသားစုဝင် တဦးက ပြောသည်။

သေနတ်သမားများက မော်တော်ဆိုင်ကယ်ဖြင့်ပင် ပြန်ထွက်သွားပြီး လမ်းတွင်တွေ့သော ဆိုင်ကယ်တစီးမှ ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်၍ လုယူပြောင်းစီးသွားခဲ့ကြသည်။ ဆိုင်ကယ်ပိုင်ရှင်မှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရမည်းသင်းမှ မဇ္ဈိမ သတင်းထောက်က ပြောသည်။

ရွှေဆိုင်ကို အလုတွင် ပစ်ခတ်သွားခဲ့သော သေနတ်ဒဏ်ရာကြောင့် လူတဦး ပေါင်ထိကာ  အခြားတယောက် ပုခုံးကို ထိမှန်ခဲ့သည်။

မန္တလေးတိုင်းတွင်းရှိ ရမည်းသင်းမြို့တွင် နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း ပထမဆုံး ဆိုးရွားလှလွန်းသော ဓားပြမှုဖြစ်သည်ဟု ဒေသခံ ရဲတပ်သား တဦးကို ကိုးကား၍ မဇ္ဈိမသတင်းထောက်က ပေးပို့ထားသည်။

(သတင်းအပြည့်အစုံကို ဆက်လက် တင်ပြသွားပါမည်)


ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အမေရိကန်တဦး ရေကူးသွား




မဇ္ဈိမသတင်းဌာန
  
ကြာသပတေးနေ့၊ မေလ 07 2009 10:01 - မြန်မာစံတော်ချိန်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအလံများ စိုက်ထူထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း။ ဓာတ်ပုံ- မဇ္ဈိမ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအလံများ စိုက်ထူထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း။ ဓာတ်ပုံ- မဇ္ဈိမ။

ချင်းမိုင် (မဇ္ဈိမ) ။     ။ အမေရိကန်နိုင်ငံသား Mr. John Willian Yeattaw သည် နေအိမ်အကျယ်ချုပ် ကျခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းသို့ မေလ ၃ ရက် ညပိုင်းတွင် အင်လျားကန်တွင်းမှတဆင့် ရေကူး၍ သွားရောက် နေထိုင်ခဲ့ကာ ၂ ရက်ကြာ နေထိုင်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

မစ္စတာ ဂျွန် ဝီလီယံသည် ဒေါ်ဆောင်ဆန်းစုကြည် နေအိမ်ဝင်းမှ မေလ ၅ ရက်ညပိုင်းတွင် ရေကူး၍ ပြန်ထွက်လာခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာက ရေးသားထားသည်။

သို့သော် နောက်တရက်နံနက် ၅း၃ဝ နာရီတွင် အင်ယားကန်အတွင်း ငါးလီတာဝင် ရေသန့်ဗူး အကူအညီဖြင့် ရေကူးနေစဉ်  လုံခြုံရေး တပ်ဖွဲ့ဝင်များက သူ့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မစ္စတာ ဂျွန် ဝီလီယံသည်  အမေရိကန်ပတ်စ်ပို့  (PP.No-4397677222/28.4.200) ကိုင်ဆောင်ထားသူဖြစ်ပြီး မြန်မာနိုင်ငံသို့ မေလ ၂ ရက်နေ့က ရောက်ရှိခဲ့သည်ဟု ပါရှိသည်။ ဖမ်းဆီး ရမိစဉ်က နိုင်ငံကူး လက်မှတ်နှင့် ကင်မရာတလုံး၊ ခေါက်ပလာယာ တလက်တို့ကိုပါ သိမ်းဆည်းရမိခဲ့သည် ဆိုသည်။

ဒ်ါအောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှုအယူခံကို နအဖစစ်အစိုးရက ပယ်ချလိုက်ပြီဖြစ်သည်။


အယူခံပယ်ဖျက်မှုကို ဧပြီ (၃၀) ရက်တွင် တွဲဖက်ရှေ့နေ ဦးလှမျိုးမြင့်ကိုယ်တိုင် နေပြည်တော်သို့ သွားယူခဲ့ရ ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းဌာနများသို့ ပြောသည်။

နေအိမ်အကျယ်ချုပ်အယူခံမှုကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၉) ရက်ကတည်းက တင်သွင်းခဲ့သော်လည်း နအဖ၀န်ကြီးချုပ်က တစုံတရာအကြောင်းပြန်ကြားခြင်း မရှိခဲ့ရာ ဧပြီ (၂၈) ရက်တွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ထပ်မံတင်ပြခဲ့ရာတွင် အယူခံမှုကို ပလပ်လိုက်ကြောင်း နအဖဘက်က တရားဝင် အကြောင်းကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ BLC နဲ့ လန်ဒန်အခြေစိုက်တဲ့ ရှေ့နေကြီးများအဖွဲ့ကနေ ပြီးခဲ့တဲ့လကတည်းကကိုပဲ ကုလသမဂ္ဂလက်အောက်မှာရှိတဲ့ စိတ်ထင်မြင်ရုံနဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ကိုတင်ပြီးတော့ အဆုံးအဖြတ်တောင်းခဲ့တယ်။ အဲဒီအဖွဲ့ကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ ပြည်တွင်းဥပဒေအရရော၊ နိုင်ငံတကာဥပဒေအရရော ဥပဒေနဲ့မညီညွတ်ဘူးဆိုတာကို ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်” ဟု ပြောသည်။

တည်ဆဲဥပဒေ (၁၉၇၅) အရ နိုင်ငံတော်နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်သည့်ဥပဒေတွင် (၅) နှစ်အထိသာ ချုပ်နှောင်ထားပိုင်ခွင့်ရှိသော်လည်း တနှစ်ထပ်မံတိုးချုပ်ခဲ့ခြင်းသည်ပင်လျှင် နအဖစစ်အစိုးရအနေဖြင့် ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုသည်။

“ပြည်တွင်းဥပဒေကိုလည်း ဆန့်ကျင်တယ်။ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးဥပဒေ ပုဒ်မ (၇)၊ ပုဒ်မခွဲ (၁/င) မှာပါတဲ့ လူတဦးတယောက်ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ကြီးမားစွာ ထိခိုက်စေခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း လုံးဝချိုးဖောက်ရာရောက်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်အမှုအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးချုပ်နှောင်နေတာတွေ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတာတွေ၊ နောက် တရားစီရင်ရေးစနစ်ကို ဖိနှိပ်ရေးကိရိယာအဖြစ် သုံးတဲ့ကိစ္စတွေ၊ တိုင်းရင်းသားတွေအပေါ် ဖိနှိပ်နေတာတွေ အားလုံးစုပေါင်းပြီးတော့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးကနေ အရေးယူဆောင်ရွက်ခွင့်ရလာအောင် ကြိုးစားနေပါတယ်” ဟု ဦးအောင်ထူးက ဆက်လက်လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောဆိုသည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်တို့ရဲ့သဘောထားကတော့ အယူခံပိုင်ခွင့် အခွင့်အရေးကို အပြည့်အ၀မရခဲ့ဘူး။ အယူခံကို ကြားနာခြင်းမရှိဘဲ ပယ်ချလိုက်တဲ့အတွက် အခွင့်အရေး အပြည့်အ၀ မရခဲ့ဘူး။ ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်အမှု ပလပ်ခံရမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းကြားနိုင်ရန် ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းတပ်ဖွဲ့ကို တောင်းဆိုထားသည်။

ဝတ်ပြု ဆုတောင်းသူများကို သာသနာရေးဌာနက တရားစွဲ


ချင်းမိုင် (မဇ္ဈိမ)။     ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲကြောင့် အဖမ်းခံရသူ ရန်ကုန်တိုင်း တွံတေးမြို့မှ အန်အယ်ဒီ ပါတီဝင် နှစ်ဦးအမှုကို မြို့နယ်တရားရုံးက ယနေ့ စစ်ဆေးရာ သာသနာရေး ဦးစီးဌာနမှ ပါဝင် အစစ်ဆေးခံခဲ့သည်။  

မြို့နယ်အန်အယ်ဒီ ဒုဥက္ကဋ္ဌ  ဦးချစ်ဖေနှင့် စည်းအဖွဲ့ဝင် ဦးအောင်စိုးဝေကို သာသနာတော် ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့ ဒုတိယအကြိမ် ရုံးထုတ်ရာ သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ကိုယ်တိုင် တရားလိုအဖြစ် အစစ်ဆေးခံခဲ့ခြင်း ဖြစ်သည်။  

“ဦးဉာဏ်ဌေးကို စစ်တယ်။ သာသနာရေး အလံမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စာတမ်းရေးလို့ သာသနာကို ညှိုးနွမ်းအောင် လုပ်တယ်ဆိုပြီး စစ်တယ်”  ဟု ကိုအောင်စိုးဝေ၏ ညီဖြစ်သူ ကိုအောင်စိုးမင်းက မဇ္ဈိမကို ပြောသည်။

သာသနာရေး အလံတွင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ကျန်းမာပါစေ ဆိုသည့် စာတန်းများ ရေးခြင်းသည် သာသနာရေးကို ညစ်ထေးစေသည်ဟု ဦးဉာဏ်ဋ္ဌေးက တရားရုံးတွင် ထွက်ဆိုကြောင်း အန်အယ်ဒီ အမှုသည်များအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကျင်တိုးက ပြောသည်။  

သူက ဆက်ပြီး “သာသနာ့အလံကို ညစ်ထေးအောင် မလုပ်ရဘူး။ သံဃစာအုပ်တွေ ရှိတယ်။ အဲဒီစာအုပ်ထဲမှာ သံဃာ အဖွဲ့အစည်းက လိုက်နာဖို့ သာသနာ့အလံကို သတ်မှတ်ထားတာ။ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ လိုက်နာဖို့ ထုတ်ပြန်ထားတာ မရှိဘူးသေးဘူး။ ဥပဒေတခုကို ပြည်သူပြည်သားတွေကနေ လိုက်နာစေချင်ရင် ဒီဥပဒေကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းကနေ ထုတ်ပြန်ကြေညာတာ ရှိလားလို့ မေးတော့ မရှိသေးဘူး'' ဟု ပြောသည်။  

တရားစွဲဆိုခံရသူ နှစ်ဦးသည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဇီးဖြူကုန်းရွာ ပါတီဝင် လူငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရွာသားများ စုစုပေါင်း ၅ဝ ခန့်နှင့်အတူ တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာရှိ ဖက်တရာ စေတီတော်ကြီး၌ သာသနာ့အလံနှင့် သပြေပန်းများကို ဂြိုဟ်တိုင်များတွင် စိုက်ထူပြီး ဝတ်ပြုဆုတောင်းခဲ့သည်။

ဆုတောင်းစဉ် တွံတေးမြို့မှ ရဲ ၆ ဦးခန့်က လာရောက်၍ အသံဖမ်းခြင်း၊ မှတ်တမ်းယူခြင်းများ လုပ်ခဲ့သော်လည်း အခြား အနှောင့်အယှက် မပြုဘဲ၊ ပြီးစီးသည့်အခါ တွံတေးရဲတပ်ဖွဲ့ ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦးက သူတို့နှစ်ဦးကို ခေါ်ယူကာ တွံတေး ရဲစခန်းတွင် ချုပ်နှောင်ဖမ်းဆီးခဲ့သည်။   
 
ယခု စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မသည် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ပါ ကျခံရနိုင်သည့် ပုဒ်မဖြစ်ကြောင်း သိရသည်။

ယနေ့ တရားရုံးက ယခုလ ၁၃ ရက်နေ့သို့ ထပ်မံ၍ ရုံးချိန်းရက် ပေးခဲ့သည်။



မဲဆောက်-မြ၀တီနယ်စပ်ဂိတ် မက္ကဆီကိုနိုင်ငံက စလိုက်တဲ့ ၀က်တုပ်ကွေးဟာ တစ်ကမ္ဘာလုံးကို နေ့ စဉ်နှင့်အမျှ ကူးစက် ပြန့်ပွားလျက် ရှိပါတယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရော CDC အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနတို့ကပါ ၀က်တုပ်ကွေး ဗိုင်းရပ်သစ် ကာကွယ်ဆေး အတွက် ဆေးကုမ္ပဏီတွေနဲ့ အတူ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ကုသနိုင်တဲ့ဆေး ကိုတော့ ယနေ့အထိ ရှာဖွေမတွေ့ရှိသေးပါဘူး။ ဒီဗိုင်းရပ် ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ PATH လို့ခေါ်တဲ့ နိုင်ငံတကာ လူမှုအ ဖွဲ့အ စည်းက Kathy Nauzil ကတော့ သတင်းကောင်း တခုကို ပြောပါတယ်။ အခုတွေ့ရတဲ့ ၀က်တုပ်ကွေး ဗိုင်းရပ်ရဲ့ မော်လီကျူး ဖွဲ့စည်းမှုကို သုံးသပ် ကြည့်တော့ တကမ္ဘာလုံးမှာ အ ခု တွေ့နေရတဲ့ ဗိုင်းရပ်က တမျိုးတည်းပဲ ဖြစ်နေတာပါတဲ့…

အဲ့ဒီလို ကာကွယ်ဆေးမရှိသေးတဲ့ ရောဂါဆိုးကြီးဟာ ဥရောပကနေ အာရှကိုလည်း ကူးစက်လာပါပြီ။ အာရှနိုင်ငံများအနက်ဝက်တုပ် ကွေး ရောဂါစတင် ဖြစ်ပွားတဲ့နိုင်ငံများက တော့ တရုတ်နဲ့ ယိုးဒယားနိုင်ငံပါ။ မြန်မာနိုင်ငံဟာ တရုတ်၊ ယိုးဒယား နဲ့  အိမ်နီးချင်းနိုင်ငံ
ဖြစ်ပြီး စီးပွားရေးအရ ဆက်ဆံမှုအများဆုံးလုပ်နေတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ယိုးဒယားမှာ ၀က်တုပ်ကွေးစတင်ဖြစ်ပွား လာလို့ နယ်စပ်တွင်နေထိုင်သူများအဖို့ ၀က်တုပ်ကွေးရောဂါ ယိုးဒယားက တဆင့်ကူးစက်လာမှာကို အလွန်စိုးရိမ်ထိတ်လန့် နေကြပါတယ်။
မြန်မာစစ်အစိုးရ ကလည်းနယ်စပ်ဂိတ်တွေကို တင်းကြပ်ထားပါတယ်။

နယ်စပ်မှာ နေထိုင်တဲ့အ လုပ်သမားတစ်ဦးကတော့ “ ဒီမှာတော့ ၀က်တုပ်ကွေးကူးမှာကို အရမ်းလန့်နေကြတာ။ ဂိတ်ကလည်း အခုတစ်လော အရမ်းတင်းကြပ်နေတော့ ပြန်လို့လဲမရဘူး။ သူများတွေပြောလို့ mask တော့ဝယ်ထားတယ်။ ဒါပေမဲ့ အလုပ်ထဲမှာဆိုတော့ မစွတ်ထားနိုင်ပါဘူး။ မရှိလို့ ဒီမှာ အလုပ်လာလုပ်ပါတယ် ရောဂါရနေမှာလည်း စိုးရသေးတယ်” ဟုပြောပါတယ်။
မဟာချိုင် ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦး ကတော့ `` ဒီမှာအလုပ်လုပ်တာတော့ မကြာသေးပါဘူး။ အကိုနဲ့ နှစ်ယောက်အတူလာ တာ။ အကိုက ခဏပြန်သွားတယ်။ အခုထိပြန်မလာသေးဘူး။ ၀က်တုပ်ကွေး ကြောက်လို့လားတော့ မသိဘူး။ ဒီမှာ အကိုအတွက် ဘတ်ရိုက်ပေးဖို့လည်းရှိသေးတယ်။ စာရင်းတော့ပေးထားတယ်။ ဂိတ်ကလည်း အခုအ ၀င်အထွက်တွေကို ပိတ်ထားတယ်။´´
ဟုပြောပါတယ်။ မဟာချိုင်မှာတော့ ၀က်တုပ်ကွေးကြောင့် မြန်မာအလုပ်သမားတွေ ပြန်မှာကိုစိုးရိမ်နေပြီး အလုပ်သမားကဒ် ထုတ်ပေး မယ်ကြောင်းပြကာ ဆွဲဆောင်ထားရတယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင် နဲ့  ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကတော့ နယ်စပ် ဂိတ်တွေမှာ စစ်ဆေးပိတ်ပင်မှုတွေ လုပ်နေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှာ အထူးစိုးရိမ်လျက်ရှိပါတယ်။ မြန်မာ စစ်အစိုးရက တော့ ၀က်တုပ်ကွေးကို အကြောင်းပြပြီး နယ်စပ်ဂိတ်တွေကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားကြောင်း
သတင်းရရှိပါတယ်။ သတင်းပို့ ပေးတဲ့007gwburmese@gmail.comကိုကျေးဇူးတင်ရှိပါသည်။




အရိုက်ခံခဲ့ရသော်လည်း အရိုက်မခံခဲ့ရဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း

Mon 04 May 2009, လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ခလရ ၂၉၉ တပ်ရင်းမှ အရာရှိတစ်ဦးသည် မိမိဇနီးကို မထီမဲ့မြင်သည်ဟုဆိုကာ ရွာသား နှစ်ဦးအား ခြိမ်းခြောက်ရိုက်နှက်ခဲ့သည့်သတင်း ပြန့်နှံ့သွားသောကြောင့် အဆိုပါကိစ္စသည် မဟုတ်မှန်ကြောင်းသက်သေပြရန် ထိုရွာသားနှစ်ဦးကို လက်မှတ်ထိုးစေခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ရေးမြို့နယ်မှ ဗျူဟာမှူးသည် ခလရ ၂၉၉ ထံ သွားရောက်ပြီး ထိုရွာသားနှစ်ဦးအား ရိုက်နှက်ခြိမ်းခြောက်ခဲ့သည့် အရာရှိကို ယင်းအကြောင်းနှင့် ပတ် သက်၍ လာရောက်စစ်ဆေးခဲ့သောကြောင့် ထိုရွာသားနှစ်ဦးကို မိမိမရိုက်ခဲ့ရကြောင်း လက်မှတ်ထိုးစေခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးကပြောသည်။

“ဗျူဟာမှူးက ရွာသားကို ခြိမ်းခြောက်ခဲ့တဲ့ အရာရှိကို ဘာတွေပြောသွားလဲတော့ မသိဘူး၊ အဲဒီဗိုလ်ကြီးက သူရိုက်ခဲ့တဲ့ ရွာသားနှစ်ယောက်ကို ခေါ်ပြီး အရိုက်မခံခဲ့ရပါဘူးဆိုပြီး ခံဝန် ချက်လက်မှတ်ထိုးခိုင်းတယ်၊ တကယ်လို့ လက်မှတ်မထိုးရင် ဒီသတင်း အခုလိုပြန့်ရတာ  မင်းတို့ နှစ်ယောက်ပဲ ဖြန့်တာလို့ စွပ်စွဲလို့ ရတယ်ဆိုပြီး ထပ်ခြိမ်းခြောက်သေးတယ်” ဟု ကိုးမိုင် ရွာသားတစ်ဦးက ပြောသည်။

ထိုခြိမ်းခြောက်မှုကြောင့် ရွာသားနှစ်ဦးသည် ကြောက်ရွံ့ကာ ၄င်းအရာရှိထံတွင် ကတိခံဝန် ချက် လက်မှတ်ထိုးခဲ့ကြရသည်ဟု သိရှိရသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ဗျူဟာမှူးမှ လာရောက် စစ်ဆေးခဲ့သည်ကို ရွာသားများမှ သေသေချာချာ မသိရှိကြပေ။

လွန်ခဲ့သော ဧပြီလတွင် ခလရ ၂၉၉ တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးသည် ၄င်း ၏ဇနီးနှင့် လမ်းဘေးတွင်ရပ်နေစဉ် ကိုးမိုင်ရွာသားနှစ်ဦးက ဆိုင်ကယ်ဖြင့် မတော်တဆ နင်းမိသော ကတ္တရာလမ်းရှိ ရေအနည်းငယ် လွင့်စင် ထိမိသွားသဖြင့် ၄င်းရွာသားနှစ်ဦးကို ရိုက်နှက်ကာ နေအိမ်ကို မီးရှို့သည်အထိ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။


တပ်ချုပ်ကြီးကို ခြောက်လှန့်နေသော မေလပုံရိပ်များ



ဆောင်းပါး
မင်းလွင် (ရှမ်းပြည်)   
တနင်္လာနေ့၊ မေလ 04 2009 14:51 - မြန်မာစံတော်ချိန်


ဦးထွန်းလွင်၏ မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ် နီမြန်းလေသည်။ နောက် ၁ဝ နာရီဆိုလျှင် ဧရာဝတီတိုင်း၏ ကံကြမ္မာမှာ မည်သို့ဖြစ်မည်ကို မတွေးရဲလောက်အောင် ပူပန်နေပေမယ့် စိတ်ကို ရှည်ရှည်ထားပြီး တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။

ဒု-တပ်ချုပ်ကြီးကိုလည်း အကြောင်းစုံ ဆွေးနွေး တင်ပြသော်လည်း ဆုံးဖြတ်ချက် မပေးနိုင်ဘဲ ပေါ့ပျက်ပျက်နိုင်လှသော စကားကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရသည်။ လူပေါင်း သန်းနှင့်ချီသော ကြမ္မာဆိုးကို ဂရုမစိုက်ဘဲ မကြာမီ ကျင်းပတော့မည့် လူထုဆန္ဒ ခံယူပွဲတွင် မသမာသောနည်းဖြင့် အနိုင်ရရှိရေးကိုသာ အာရုံရောက်နေသည်။ အခုပဲကြည့်လေ၊ နေ့လယ်ကြောင်တောင်ကြီးမှာတောင် စကားပြောလိုက်တိုင်း အနံ့ဆိုး အရက်နံ့က ထွက်နေသည်။ မသင်္ကာသော မျက်နှာဖြင့်လည်း မေးခွန်း ထုတ်လိုက်သေးသည်။

''သေချာရဲ့လား၊ မုန်တိုင်းသတင်းက''၊ ''ဒီအချိန်မှာ ပြည်သူလူထုတွေကို စိတ်မခြောက်ခြားစေချင်ဘူး''၊ ''အခုလုပ်မယ့် ဆန္ဒခံယူပွဲဟာ ဒို့တပ်မတော်အတွက် အရေးပါဆုံး အချိန်ပဲကွ''၊ ''ခင်ဗျား တင်ပြတဲ့ အရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့ဆိုတာဟာ တပ်ချုပ်ကြီးနဲ့ပဲ ဆိုင်တယ်''၊ ''သူ့ကို သွားဆွေးနွေး တင်ပြလိုက်ပါ''။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးထွန်းလွင်တယောက် လေးလံသော ခြေလှမ်းများဖြင့် ဒု-တပ်ချုပ်မှူးကြီး မောင်အေး အိမ်မှ ထွက်လာပြီး တပ်ချုပ်ကြီး အိမ်ဘက်သို့ ခြေဦးလှည့်လိုက်သည်။ အိမ်တအိမ်နှင့် တအိမ် တမိုင်ကျော် ကွာဝေးနေပြီး နေအိမ်နှစ်လုံးကြားတွင်လည်း စစ်ဆေးရေးဂိတ် ၃ ခုကို ဖြတ်ကျော်ခဲ့ရသည်။ နောက်ဆုံးဂိတ် အရောက်တွင်လည်း ၅ မိနစ်ခန့် ကားကို ရပ်တန့်ပေးရပြီး လာရင်းကိစ္စ၊ အဆင့်ရာထူးများကိုပါ မေးမြန်းစစ်ဆေးခြင်း ခံနေရသည်။

ကွန်မန်ဒိုတပ်ခွဲ ၅ ခွဲဖြင့် ခြံရံထားသော တပ်ချုပ်ကြီးအိမ် ရောက်တော့ ဧည့်ဆောင်၌ တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။ တနာရီတိတိ ကြာသည်ထိ တပ်ချုပ်ကြီး ထွက်ပေါ်မလာခဲ့ပေ။ ဘုရား ဝတ်ပြုခန်းတွင် ရှိနေခြင်း မဟုတ်ဘဲ၊ မည်သူမျှ အကြောင်းကြားပိုင်ခွင့် မရှိသော ကိုယ်ပိုင် သီးသန့်ခန်းတွင် အနားယူနေကြောင်း သိရှိရ၍ လက်မြှောက် အရှုံးပေးကာ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည်။ မိမိအနေဖြင့် အသိပေး တင်ပြခြင်းကို တရားဝင် ဖြစ်အောင်တော့ လုပ်ရမည်ဟူသော စိတ်ဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌရုံးသို့ နောက်ဆုံး ဝင်ရောက်အကြောင်းကြားရာ တပ်မှူးကြီးရွှေမန်း၊ တပ်မှူးကြီးမြင့်ဆွေတို့ကို တွေ့ရ၍ အားတက်မိသွားသည်။ တပ်ချုပ်ကြီးကို တင်ပြခွင့် မရခဲ့ပေမဲ့ မပြေးသော်လည်း ကန်ရာရှိဆိုသလို တပ်မှူးနှစ်ဦးအား အစီရင်ခံ တင်ပြရာတွင် အိန္ဒိယ မိုးလေဝသ သတင်းဌာန၏ အရေးပေါ် သတိပေးချက်အရ ဘင်္ဂလားပင်လယ်အော်တွင် အစပျိုးဖြစ်ပေါ်နေသော မုန်တိုင်းသည် အားကောင်းလာပြီး အရှေ့မြောက်ဘက်သို့ ရွေ့ရှားနေကြောင်း၊ လေတိုက်နှုန်း မိုင် ၈ဝ မှ ၁ဝဝ အကြားတွင် ရှိပြီး လှိုင်းကြီးရုံတင်မက ဒီရေပါ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လွှမ်းနိုင်ကြောင်း၊ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအဖို့ အရေးပေါ် ကြေညာချက် ထုတ်ပြီး၊ ပြင်ဆင်ထားနိုင်လျှင် ၁ဝ နာရီခန့် အချိန်မီသေးကြောင်း၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် (ဧရတခ) ကလည်း မုန်တိုင်းတိုက်ခတ်မည့် လဏ္ခာများ ရှိနေ၍ မိုးလေဝသဌာနသို့ တနာရီ တကြိမ် ပုံမှန် သတင်းပေးပို့နေကြောင်းတို့ကို တပ်မှူးကြီးနှစ်ဦးအား ရှင်းလင်းတင်ပြပြီး အရေးပေါ် ကြေညာချက် ထုတ်ပြန်နိုင်ဖို့အတွက် တပ်ချုပ်ကြီးကို ထပ်ဆင့်အကြောင်းကြားရန် စစ်ကူတောင်းခံခဲ့သည်။  

မေလ ၂ ရက်နေ့

မြန်မာ့သဘာဝ ဘေးဆိုးများတွင် အဆိုးဆုံးသော မုန်တိုင်းဒဏ်ကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ခံစားလိုက်ရသည်။ မုန်တိုင်းသတင်းများကို ပြည်ပ အသံလွှင့်ဌာနများတွင် အကျယ်တဝင့် ကြိုတင်ကြေညာ ထားသော်လည်း မိမိတို့ မိုးလေဝသဌာနမှ အမှန်အတိုင်း ထုတ်ပြန်ချင်သော်ငြားလည်း နေပြည်တော်မှ ပိတ်ဆို့မှုများကြောင့် သိက္ခာကျဆင်းခဲ့ရသည်။ မိုးလေဝသဌာနသုံး ရဟတ်ယာဉ် တစီးကတော့ မင်္ဂလာဒုံ ကွင်းထဲတွင် အထီးကျန်စွာဖြင့် ရပ်တန့်နေရှာသည်။ အခြားသော လေယာဉ်များ အထူးသဖြင့် တပ်ချုပ်ကြီးနှင့် စီးပွားရေး သာမက လူမှုရေးများတွင် ပါဝင်ပတ်သက်နေသူ မောင်တေဇပိုင် လေယာဉ်များမှာ ထူးထူးခြားခြား မတွေ့ရပေ။ နောက်မှ သိရှိရသည်မှာ မိမိ နေပြည်တော်မှအပြန် ညနေခင်းကတည်းက မန္တလေးသို့ ပြောင်းရွှေ့သွားမှန်း သိခဲ့ရသည်။ အရေးပေါ် ကြေညာချက် ကြိုတင်ထုတ်ပြန်ဖို့ သွားရောက်စောင့်ဆိုင်းနေစဉ် လုံးဝ ထွက်အတွေ့မခံဘဲ လေယာဉ်များ ရွှေ့ပြောင်းရေးအတွက်ကိုတော့ တပ်ချုပ်ကြီး အမိန့်ပေးခဲ့သည်မှာ ယုတ္တိ လုံးဝ မရှိချေ။

မုန်တိုင်း စတင်တိုက်ခတ်ကတည်းက မိမိဌာနနှင့် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှာ အဆက်အသွယ် လုံးဝ မပြတ်ခဲ့ချေ။ ရေတပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စိုးသိန်း ကိုယ်တိုင် ဆက်သွယ်ရေးစက်မှ တိုက်ရိုက် မိမိနှင့် အဆက်အသွယ် ရနေပြီး၊ မုန်တိုင်းအခြေအနေကို တနာရီ တကြိမ် ပေးပို့နေသောကြောင့် နေပြည်တော်ကိုလည်း ထပ်မံအစီရင်ခံနေရသည်။ ဗိုလ်ချုပ်စိုးသိန်းမှာ ဗိုလ်ကြီးအဆင့်ဖြင့် ဥရောပတွင် ရေတပ်ဆိုင်ရာ စစ်ပညာကို လေ့လာသင်ယူနေစဉ် မိမိနှင့် သိကျွမ်းခဲ့ရသည်။ ထိုစဉ်က မိမိမှာလည်း မိုးလေဝသဆိုင်ရာ လေ့လာဆည်းပူးရန် နိုင်ငံတော်စရိတ်ဖြင့် ဥရောပတခွင် ရောက်ရှိနေချိန် ဖြစ်သည်။

''ခင်ဗျာ့ဌာနနဲ့ ကျနော်တို့ ရေတပ်က လင်မယားလိုပဲနော်။ နောက်များလည်း မကြာမကြာ တွေ့ကြရဦးမယ်''။ သတ္တုသံပါသော အသံ၊ နှုတ်ဆက်ဖော်ရွေခြင်းနှင့် ခန့်ညားသော ဥပဓိရုပ်ပိုင်ရှင် ဗိုလ်ကြီးစိုးသိန်းကို မိမိဥရောပတွင် စတင်ခင်မင်ခဲ့ရသည်။ အထူးသဖြင့် မိမိကြည့်မရသော စစ်သားများထဲတွင် ထူးထူးခြားခြား ဗိုလ်ကြီးစိုးသိန်းမှာ ခင်မင်စရာ ကောင်းနေသည်။

ဗိုလ်ကြီးစိုးသိန်းမှာ ယခုတော့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ရာထူးကြီး ရနေသလို မိမိမှာလည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး တာဝန်ကို ထမ်းဆောင်နေရသည်။ အမြဲတမ်းလိုလို တာဝန်အရ ဆက်ဆံနေရပြီး ယခု မုန်တိုင်းကာလတွင် တိုက်ရိုက်ဆက်သွယ် စကားပြောနေရသည်။ အရေးပေါ် အခြေအနေ ထုတ်ပြန်ရန် တပ်ချုပ်ကြီးကို သွားလျှောက်ဖို့လည်း ဗိုလ်စိုးသိန်းမှာ အကြံဉာဏ် ပေးခဲ့ရှာသည်။ သို့သော် မျှော်မှန်းသလို တပ်ချုပ်ကြီးက ထွက်မတွေ့သောကြောင့် မုန်တိုင်းကို အန်တုစောင့်ကြည့်နေရုံသာ ရှိကြောင်း နှစ်ဦးသား တိုင်ပင်ကြသည်။  

မုန်တိုင်းလွန်သော်

''ကျနော့် (ဧရတခ) ရေတပ်တော့ ပျက်ပြီ''၊ ''စာရင်းချုပ်အရ စစ်သင်္ဘောကြီးငယ် ၃၆ စီး မြုပ်သွားတယ်။ ကိုစိုးဝင်း (ဝန်ကြီးချုပ်ဟောင်း) တရုတ်သွားတုန်းက ဟိုက မီးရထားတွဲ ၁၅ဝ ကျော် လက်ဆောင်ပေးလိုက်တယ်။ ကျနော့်ကိုတော့ ရေယာဉ်ကြီး ၄ စီး ပေးတယ်။ ၂ စီးကတော့ ကိုကိုးကျွန်းမှာ ကပ်ထားလို့ မုန်တိုင်းဒဏ်က လွတ်သွားတယ်။ ဟိုင်းကြီးကျွန်းက ၂ စီးကတော့ နစ်တဲ့အထဲ ပါသွားပြီ။ ပြည်သူကိုကယ်ဖို့ မဆိုထားနဲ့ ကိုယ့်ဟာကိုယ်တောင် မဆယ်နိုင်ဘူးဗျာ''

ဗိုလ်စိုးသိန်းမျက်နှာမှာ နှမြောစိတ်ကြောင့် မကောင်းလှပေ။ မိမိမှာလည်း နေပြည်တော်သို့ အမြန်ဆုံး လာရန် ဆင့်ဆိုထားသောကြောင့် လာမဲ့ဘေး ပြေးတွေ့ရဦးမည်။ မသွားခင် ကိုယ့်ဘက်က မှားယွင်းမှု မရှိအောင် ပြင်ဆင်ထားရန်လည်း သူငယ်ချင်း ဗိုလ်စိုးသိန်းက သတိပေးရှာသည်။  

တပ်ချုပ်ကြီး၏ ဟန်ဆောင်ပူပန်ခြင်း

''ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ ကျနော် လုံးဝ မမျှော်လင့်ဘူးဗျာ။ အဓိက မိုးလေဝသဌာနမှာ တာဝန် အရှိဆုံးပါ။ ညွှန်မှူးထွန်းလွင်ကို တာဝန်ရှိသလိုသာ ဆက်လုပ်လိုက်ပါ''၊ ''လောလောဆယ် နာဂစ်ဒေသကို သိန်းစိန်နဲ့ လွှတ်ထားလိုက်ပါ''

အချိန်မီ သတိပေး ပျက်ကွက်မှုကြောင့် ညွှန်မှူးထွန်းလွင်ကို ဖြုတ်ရန် တပ်မှူးကြီး သူရရွှေမန်းနှင့် တွဲဖက် တပ်မှူးမြင့်ဆွေတို့ကို မှာကြားပြီး တပ်ချုပ်ကြီးတယောက် ဥက္ကဋ္ဌရုံးမှ ထွက်ခွာသွားသည်။ ကျန်ရစ်ခဲ့သော တပ်မှူး ၂ ဦး တယောက်မျက်နှာ တယောက်ကြည့်ကာ ခေါင်းကိုက်ခဲသွားလေတော့သည်။ တကယ်တော့ ညွှန်မှူးထွန်းလွင် ကြိုတင်၍ အစီရင်ခံခဲ့သည်။ မိမိတို့ကိုလည်း သေချာ ရှင်းလင်းတင်ပြခဲ့သည်။ ထွက်မတွေ့ဘဲ အခန်းအောင်းနေသူက တပ်ချုပ်ကြီးဖြစ်ကြောင်း သဘောပေါက်သည်။ မည်သူ့တွင် တာဝန်ရှိသည်ကို မေးနေစရာ မလိုပါ။ တပ်မှူး ၂ ဦးစလုံး တစုံတခုကို ဆုံးဖြတ်ချက် ချလိုက်သည်။  

မတည်မြဲသော ရာထူးသင်္ခါရ

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ရာထူးကို ဦးထွန်းလွင်တယောက် မဆုံးရှုံးခဲ့ပါ။ သူငယ်ချင်းဖြစ်သူ ရေတပ်ချုပ်ကြီးမှာ ရာထူးနှစ်ဆင့်ကျကာ စက်မှု (၂) ဝန်ကြီး ရာထူးသို့ လျှောကျသွားသည်။ အံ့သြစိတ်ကြောင့်လည်း သူငယ်ချင်း၏ ရင်ဖွင့်သံကို မျှဝေခံစားပေးနေရသည်။

''ပထမတော့ ကျနော်လည်း သူတို့ စစ်သဘောင်္တွေ ရောက်လာလို့ စိတ်နည်းနည်း တိုသွားတယ်''၊ ''နောက်မှ သူတို့ဘက်က ရှင်းပြတယ်။ ထိုင်းနဲ့လုပ်မယ့် (Cobra Gold) စစ်ရေးလေ့ကျင့်တာကို ရွှေ့ဆိုင်းလိုက်ပြီး နာဂစ်အတွက် လာတာတဲ့။ ရေယာဉ်ပေါ်မှာ လက်နက်မပါဘဲ၊ ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာတယ် ဆိုတာကို တက်ပြီး စစ်ဆေးဖို့လည်း ဖိတ်တယ်လေ''၊ ''ခင်ဗျားပဲ စဉ်းစားကြည့်ပါဗျာ။ အခုအချိန်မျိုးမှာ ကိုယ်က ပြည်သူတွေကို ကယ်ဖို့နေနေသာသာ ကိုယ့်ဟာကိုယ်တောင် မကယ်နိုင်ဘဲ ဒုက္ခဖြစ်နေတာပဲလေ။ အကူအညီ မှန်သမျှ များများနဲ့ မြန်မြန် လက်ခံရမှာပဲဗျ။ ကျနော်တင်မကဘူး၊ ဧရာဝတီ ရေတပ်စခန်း တခုလုံးက သူတို့ သင်္ဘောတွေ လာကပ်တာကို ဝမ်းသာနေကြတယ်''

ရေတပ်ချုပ်ကြီး၏ စိတ်ဓာတ်ကို ချီးကျူးလေးစားမိသည်။ အနောက်တိုင်းတခွင် ပညာသင်ခဲ့ဖူးတာကြောင့် ခေတ်မီ စိတ်ထားနှင့် ပကတိ အခြေအနေတွင်လည်း အမှန်ဘက်တွင် ရပ်တည်ခြင်း ဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် စိတ်ထားရှင် နေပြည်တော် တပ်ချုပ်ကြီးက ရေတပ်ချုပ်ကြီးသည် အမေရိကန် စစ်သဘောင်္များကို ဆိုက်ကပ်ခွင့်ပေးခြင်း၊ စစ်သင်္ဘောများနှင့် နေ့စဉ် ဆက်သွယ် စကားပြောခြင်း၊ အမေရိကန် ရေတပ်ဦးစီးချုပ်အား မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ကြိုဆိုစဉ်က မိမိအား လူစိတ်မရှိသယောင် ပုံစံမျိုး ပြောဆိုသွားခြင်း စသော ပြစ်ချက်များ သတ်မှတ်ကာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ရာထူးမှ ထုတ်ပယ်ခဲ့သည်။ မတတ်နိုင်လွန်း၍ ကျန်ရေတပ်ကေဒါများ ပူညံပူညံ လုပ်မည်စိုး၍ စက်မှု (၂) ဝန်ကြီး ရာထူးပေးကာ ချွေးသိပ်ခဲ့သည်။  

အတိတ်ပုံရိပ် အိမ်မက်ခြင်း

စံအိမ်တော်ဘေးတွင် စိုက်ထားသော ထင်းရှူးပင်မှာ သဘာဝအတိုင်း စိုက်ပျိုးထားခြင်း မဟုတ်ဘဲ အပင်ကြီးကို ကရိန်းဖြင့် ဆွဲနုတ်ကာ ကျင်းတူး၍ စိုက်ပျိုးထားခြင်းကြောင့် အရွက်များမှာ အချိန်တိုအတွင်း ခြောက်သွေ့နေသည်။ လေတိုက်လိုက်တိုင်း သစ်ရွက်ခြောက်မြည်သံကြောင့် တပ်ချုပ်ကြီး၏ စိတ်ကို ခြောက်ခြားစေသလို ဖြစ်နေသည်။ ယခုလည်း စံအိမ်တော်မှာ ကိုးကွယ်ပူဇော်နေသော သထုံမြို့မှ အလံတရာ ဆရာတော် ရောက်ရှိနေသည်။ ယခင် ရွှေဝါရောင် လူသတ်ပွဲအပြီးတွင်လည်း စိတ်ခြောက်ခြားနေ၍ ဆရာတော်ကို ပင့်ဖိတ်၍ တရားရေအေး တိုက်ကျွေးခိုင်းဖူးသည်။ အခုတော့ သက်သာမည် မထင်ပါ၊ တသက်လုံး ဖုံးခဲ့သမျှသည် ဘူးပေါ်သလို ပေါ်နေပြီ။

မိမိ၏ သမီးတော်လေး ကိုယ်ဝန်နှင့် မင်္ဂဆောင်စဉ်က ဗီဒီယိုခွေမှာ လက်ကျန် ထောက်လှမ်းရေးများ လက်ဆော့လိုက်သဖြင့် ကမ္ဘာတဝှမ်း ပျံ့သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းကိုက်နေချိန်တွင် လူဆိုးကြီး ဆက်ဒမ်ဟူစိန်ကို ကြိုးပေးသတ်လိုက်တော့ နှလုံးရောဂါပါဖြစ်ပြီး စင်္ကာပူဆေးရုံသို့ လစ်ရတော့သည်။ စကာင်္ပူ ဆေးတန်ခိုးကြောင့် ရောဂါသက်သာခဲ့ပေမယ့် ယခုအချိန်မှာ နာဂစ်အကျိုးဆက်ကြောင့် မိမိအပေါ် တကမ္ဘာလုံး အော့နှလုံးနာ ဖြစ်နေသည့် ရောဂါကို ဘယ်ဆေးဝါးမျိုးနှင့်မျှ သက်သာမည် မထင်ပါ။ အခံရအခက်ဆုံးမှာ မိမိမွေးထားသော တပ်မှူး ၂ ဦးက မိမိအမိန့်ကို အာခံကာ ညွှန်မှူးထွန်းလွင်ကို ဖြုတ်ချခြင်း မပြုဘဲ ထွန်းလွင် အစီရင်ခံစာကို ကဗျည်းထိုး မှတ်တမ်းတင်ထားသည်။ ရေခြားမြေခြား ရောက်နေသော ထောက်လှမ်းရေး အောင်လင်းထွဋ်ကလည်း ဖုံးကွယ်ထားခဲ့သော လူသတ်ပွဲကို အစပျိုး ဖော်ထုတ်နေလေပြီ။ တခြားသူ တဦးတယောက်ဆို တော်ပါသေးသည်။ အခုတော့ တရားခံပြ သက်သေအဖြစ် ကမ္ဘာကို ကြေညာနေပြီ။   

ဂြိုဟ်မွှေသည့် မေလ

ဒီလဒီကာလ ရောက်လေတိုင်း စိတ်သောက ရောက်ရစမြဲ ဖြစ်သည်။ ၁၉၉ဝ ခုနှစ်ကတည်းက မိမိတို့ကို အလဲထိုး အနိုင်ယူခဲ့သော ရွေးကောက်ပွဲအောင်ပွဲက အခုထိ ခြောက်လှန့်နေသည်။ မိမိ၏ လက်စွဲတော် လူမိုက်များက လိုသည်ထက် ပိုမို၍ လက်လွန်သွားသော ဒီပဲယင်း ရိုက်သတ်ပွဲကြောင့် ကမ္ဘာက အယုံအကြည် ကင်းမဲ့ခဲ့ရသည်။ ၉ဝ ရွေးကောက်ပွဲကို ချေဖျက်နိုင်ရန် အင်တိုက်အားတိုက် လုံးပမ်းခဲ့ရသော ဆန္ဒခံယူပွဲကလည်း ထင်သလောက် ဖြစ်မလာဘဲ ပိပိရိရိ မသေသပ်မှုကြောင့် အရှက်ကွဲနေရသည်။ လွန်ခဲ့သောနှစ် မေလက တိုက်ခတ်သော နာဂစ်ကြောင့်လည်း အကြင်နာတရား ကင်းမဲ့သည့် ကမ္ဘာ့အဆိုးဝါးဆုံး ပုဂ္ဂိုလ်ဘွဲ့ကို ရရှိစေခဲ့သည်။

မကြာမီ ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ လွတ်ရက်စေ့၍ ပြန်လွှတ်ပေးရတော့မည့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အကျယ်ချုပ် ပြဿနာဖြစ်သည်။ လွှတ်ပေးလိုက်ရရင်လည်း ကြွတက်လာမည့် လူထုလှိုင်းသည် မိမိတို့ကို ရိုက်ခတ်သွားနိုင်သည်။ ဆက်လက်ထိန်းထားလျှင်လည်း အကျယ်ချုပ်လက်နက် ထိပ်တုံးကို မိမိကိုယ်တိုင် ထမ်းပိုးရတော့မည်။ ထို့ပြင် ကလော်တုတ် ဆဲဆိုကြမည့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ညှိုးများကိုလည်း အံမတုဝံ့ပေ။ အဆိုးဝါးဆုံးမှာ မိမိမွေးထားခဲ့သော တပည့်ကျော်များကလည်း မယုံကြည် စိတ်မချရသေး၊ မိမိသာ အာဏာမဲ့သွားလျှင် ဆရာကြီး ဦးနေဝင်းကဲ့သို့ ဖြစ်သွားနိုင်သည်။ အာဏာကို ဆက်ဆုပ်ကိုင်ထားသောကြောင့်လည်း မိမိရုပ်မှာ ဘီလူးကဲ့သို့အလား ထင်မှတ်နေရသည်။

သောကကင်းငြိမ်းရန်မှာ ဗုဒ္ဓတရားရေအေး တိုက်ကျွေးရန် ခေါ်ထားသော သထုံ အလံတရာ ဆရာတော်ကလည်း ပင့်ဖိတ်လို့မရ။ နောက်ဆုံး အားကိုးရာဖြစ်သော ကြင်သူသက်ထား မကြိုင်ကြိုင်က ဘေးနားမှနေ၍ မေတ္တာသုတ်ကို ရွတ်ဖတ်ပေးနေရှာသည်။ မေတ္တာသုတ်ကို နားစွင့်ရင်း ဘုရားအာရုံပြုလိုက်သောအခါ မနောစိတ်တွင် ဘုရားပေါ်မလာဘဲ ရွှေဝါရောင်ကာလက ရိုက်သတ်ခဲ့သော မေတ္တာသုတ်ပိုင်ရှင် သံဃာတော်များ၏ ပုံရိပ်ကသာ မင်းမူနေပါတော့သတည်း။ ။

(၂ဝဝ၈ ခုနှစ်၊ မေလ ၁ ရက်၊ နံနက် ၁ဝ နာရီ)



လုပ်ငန်းခွင်အတွင်း စက်ရုံလုပ်သား သေဆုံးမှု လျော်ကြေး မရ


မေကျော်   
စနေနေ့၊ မေလ 02 2009 23:34 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။     ။ ပဲခူးမြို့ရှိ တရုတ်နှင့် မြန်မာစစ်အစိုးရ ဖက်စပ်လုပ်ကိုင်နေသည့် ချင်စု အထပ်သား စက်ရုံ၌ လုပ်ငန်းချိန်အတွင်း လုပ်သားတဦး သေဆုံးခဲ့ရာ ကျန်ရစ်သူ မိသားစုမှာ လျော်ကြေး မရကြောင်း သိရသည်။  

ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ချင်စု အထပ်သားစက်ရုံမှ အထပ်သားခွဲစက် စက်ကိုင်လုပ်သား ၂၅ နှစ်အရွယ် ကိုငြိမ်းချမ်းမှာ အလုပ်ချိန်အတွင်း စက်ရုံမီးသတ်ကန်တွင် သေဆုံးခဲ့သည်။

ညပိုင်း တာဝန်ချိန်အတွင်း သေဆုံးခြင်းဖြစ်ပြီး နံနက်မိုးလင်းမှသာ ရေခပ်သွားသည့် စက်ရုံလုပ်သားများက မီးသတ်ကန်အတွင်း သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

စက်ရုံတာဝန်ရှိသူများက ရုပ်အလောင်းအား ဆေးရုံသို့ စက်ရုံကားဖြင့် ပို့ပေးခဲ့သော်လည်း လျော်ကြေးပေးခြင်း မရှိကြောင်း ၎င်း အထပ်သား စက်ရုံမှ လုပ်သားများ အဆိုအရ သိရခြင်းဖြစ်သည်။

ယခင်က လျော်ကြေး အထိုက်အလျောက် ရခဲ့သော်လည်း ယခုလုပ်သား သေဆုံးမှုကျမှ မရခြင်းလည်း ဖြစ်သည်။

“လက်ချောင်း တချောင်း ပြတ်ရင် ငွေ ၁၅ဝဝဝ ပေးတယ်။ ဟိုတလောက ခြေထောက်ပြတ်တဲ့ တယောက်ကို ၁ သိန်း ပေးတယ်။ မကြာသေးဘူး” ဟု စက်ရုံလုပ်သား တဦးက ပြောသည်။

သစ်ခွဲစက်နှင့် လုပ်ကိုင်ရသူ လုပ်သားများမှာ မကြာခဏ ဆိုသလို ခြေ၊ လက် ပြတ်ခြင်းများ ဖြစ်တတ်သည်။ သို့သော် အလုပ်သမားများအား အသက်အာမခံ၊ ထိခိုက်မှု အာမခံ ပေးမထားကြောင်း ဆိုကြသည်။  

မြန်မာစစ်အစိုးရ အလုပ်သမားရေးရာ ဝန်ကြီးဌာနကလည်း လုပ်သားများအတွက် မည်သည့် ကိစ္စကိုမျှ လုပ်ဆောင်ပေးခြင်း မရှိဖူးကြောင်း သိရသည်။  

ယခုသေဆုံးမှုတွင်လည်း ကျန်ရစ်သူ မိသားစုမှာ လျော်ကြေး တောင်းရန် တရားရုံးစရိတ် မတတ်နိုင်ဘဲ မည်သည့် အဖွဲ့အစည်းကမှလည်း ကူညီခြင်း မရှိကြောင်း သိရသည်။

စက်ရုံ လည်ပတ်နေသည့် အချိန်ကာလ ၁ဝ နှစ်ကျော်အတွင်း လူသေဆုံးမှု ၇ မှု ဖြစ်ပွားခဲ့သည်။

သစ်ခွဲသား၊ အထပ်သားများ အဓိက ထုတ်လုပ်သည့် ချင်းစု အထပ်သားစက်ရုံမှာ တရုတ်လူမျိုးများ ဦးစီးကာ လုပ်သား ၂ဝဝဝ ကျော်ခန့်နှင့် နေ့ဆိုင်း ညဆိုင်း လုပ်ကိုင်နေသည့် အစိုးရနှင့် ဖက်စပ် စက်ရုံ ဖြစ်သည်။

ရဲတပ်ဖွဲ့ ဝင်တဦးဖြစ်တဲ့  ကိုအောင်မျိုးသူရဲ့ အဖြစ်မှန်ရင်ဖွင့်ချက်ကို အာဇာနည်မှ မှတ်တမ်းတင်ပါသည်။




"နာဂစ်ဒေသတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အတွေ့အကြုံများ"




Saturday, 02 May 2009 14:34

သူတောင်းစား နှိမ်နင်းရေးစီမံချက်’’ဆိုပြီး အမိန့်ထုတ်လာပါတယ်။ အဲဒီလို သူတောင်းစား နှိမ်နင်းရေး စီမံချက်’’ ထွက်လာတယ်ဆိုပြီး သေနတ်တွေ ကျည်တွေပေးပါတယ်။ ကျနော်တို့ကို ဘာပြောလဲဆိုတော့ နိုင်ငံခြားသားတွေလာလို့ရှိရင် ဒီလို တောင်းရမ်း စားသောက်နေတာ မတွေ့စေချင်ဘူးလို့ ပြောပါတယ်။ သိက္ခာကျတယ်လို့ ပြောပါတယ်။ ပြီးတော့ ည(၇)နာရီ (ဂ)နာရီလောက်မှာပါ။ သူတို့တွေလည်း ပင်ပန်းလို့ အိပ်ချင်တဲ့အချိန်ပေါ့ဗျာ။ တဲတွင်းမှာ အိပ်နေတဲ့လူတွေ အပြင်ထွက်။ ညတွင်းချင်း ဖျက်ခိုင်းရတယ်။ မဖျက်ရင် ဓါးတွေနဲ့ ခုတ်ထစ်၊ ခြေထောက်တွေနဲ့ ကန်ဖြို သူတို့တွေငိုကြတယ်။ မပြောင်းမနေရ ကျနော်တို့တွေ မောင်းထုတ်လိုက်တော့ ညတွင်းချင်း အဲဒီလူတွေဟာ သချိုင်းကုန်းတွေ၊ လယ်တွေကြားက ကုန်းကလေးတွေကို ပြောင်းသွားရတယ်ဗျာ....

အမည်။              ။ရဲတပ်သား အောင်မျိုးသူ

ကိုယ်ပိုင်အမှတ်။   ။လ/၂၁၁၄၀၅

အသက်။             ၂၃နှစ်

နေရပ်။               ။ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ဟင်္သာတခရိုင်၊ ညောင်ပင်ကျေးရပ်ကွက် သံလွင်ကွင်းကျေးရွာ

လုပ်သက်။           ။(၃)နှစ်ခွဲ

နာဂစ်ဒေသ။    ။ဖျာပုံ- ဒေးဒရဲအပိုင်တွင် (၂)လတိုင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့

ကျနော် ၂၀၀၅ခုနှစ်မှာ ဆယ်တန်းအောင်မြင်ပြီး ပဲခူးတိုင်းပြည်မြို့နယ်၊ ၀က်ထီးကန် ရဲလေကျင့်ရေး အမှတ်() သင်တန်းကျောင်းမှာ သင်တန်းငါးလကျော် ခြောက်လတက်ခဲ့ပြီးတော့ ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ရဲ()လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ စာရင်းတွေ ကိုလုပ်ရပါတယ်။ ပြီးတော့ ဆက်သွယ်ရေးတာဝန်ကို ယူရပါတယ်။ ၀န်ထမ်းလစာ တစ်လကိုကျပ်ငွေ တစ်သောင်းခွဲပဲ ရပါတယ်။ စားမလောက်တာတွေရယ် ပြီးတော့ သင်တန်းမှာ သင်ရတာနဲ့ အပြင်မှာ လုပ်ရတာနဲ့က တခြားစီးဖြစ်နေတာတွေကြောင့် ကျနော်လုံးဝလုပ်လို့ မပျော်တော့တာကြောင့် ၂၀၀၈ ခု စက်တင်ဘာမှာ ထိုင်းနိုင်ငံဘက်ကို ထွက်လာခဲ့ပါတယ်။ ခုကျနော် ပန်းရံအလုပ် ၀င်လုပ်နေပါတယ်။

၂၀၀၈ခုနှစ် မေလဆန်းမှာ နာဂစ်မုန်းတိုင်းတိုက်တော့ ကျနော်တို့ကို လုံခြုံရေးအတွက်ဆိုပြီး မေလ(၁၂)ရက်နေ့မှာ ဒေးဒရဲမြို့ကို စပြီးရောက်ခဲ့ပါတယ်။ ရယကရုံးကို ကျနော်တို့အဖွဲ့အရာရှိတွေအပါ အ၀င်ပေါ့ အားလုံးပေါ့ (၂၂)ယောက်။ (၁၅)ပေလောက်ရှိတဲ့ အခန်းတစ်ခန်းမှာ တည်းရပါတယ်။ တံတားရဲ့ ခြေရင်းက တိုက်ခန်းကလေးပါ။ စားသောက်စရာတွေတော့ တိုင်းကပေးလိုက်ပါတယ်။ တပ်ဖွဲ့ဆိုတော့ ချက်တာ ပြုတ်တာ စားသောက်တာတွေဟာ ဘုန်းဘောလအောပဲ။ စည်းမရှိ ကမ်းမရိနဲ့၊ ပြုတ်ပြီး အခွံခွါထားတဲ့ ဘဲဥမှာ အပြင်က အဖြူရောင်တွေက ယင်ကောင်တွေစားလို့ ကုန်တဲ့အထိကို ထားချင်သလိုထားတာပါ။ ကျနော်ဆိုရင် သွေးဝမ်းတွေသွားလို့ ဆေးရုံတက်ခဲ့ရပါတယ်။ ဆရာဝန်ကြီးက ကျနော်တို့ အရာရှိကိုခေါ်ပြီး သန့်သန်ရှင်းရှင်းနေထိုင်၊ စားသောက်ဖို့ သတိပေးခဲ့ရပါတယ်။

မုန်တိုင်းတိုက်နယ်မြေကို ကျနော်တို့ရောက်သွားတဲ့အခါ လူသေအလောင်းတချိုနဲ့ ၀က်သေကောင်၊ နွားအသေးကောင်၊ ကျွဲသေကောင် အပုပ်တွေရှိသေးတယ်။လေကောင်းလေသန့်ကို မရှုရဘူး။ အပုပ်နံ့တွေ တချက်တချက်လာတာ လူကို အော့ချင်လောက်အောင်ပါပဲ။ ကျနော်တို့က ပျက်နေတဲ့အိမ်တွေ တဲတွေကို စစ်သားတွေနဲ့ရောပြီး ပြန်ကူဆောက်ပေးရပါတယ်။ အချို့ဘာမှမသိတဲ့ (၁၃)နှစ် (၁၄)နှစ် ကလေးစစ်သားတွေတောင် ပါပါတယ်။ မလေးရှားတို့၊ တရုတ်တို့၊ နိုင်ငံခြားက လာအကူအညီပေးတဲ့ ရွက်ဖျင်တဲတွေကို ကျနော်တို့ ဆောက်ပေးရပါတယ်။ ဒေးဒရဲတံတားအနားမှာ အလုံး(၂၀)လောက် ကျနော်တို့ ဆောက်ရပါတယ်။ ဒေးဒရဲအားကစားရုံကြီး ပြိုသွားတာကို ကျနော်တို့ကိုယ်တိုင် ရှင်းလင်းပြီးတော့ အဲဒီမှာလည်း တဲတွေ ဆောက်ရပါတယ်။

ကျနော်ဟာ မုန်းတိုင်းဒေသကို သွားရမယ်ဆိုတော့ ဒုက္ခရောက်တဲ့လူတွေကို ကူညီရတော့မယ်ဆိုပြီး တော်တော်လေး ပျော်ခဲ့ပါတယ်။ ဒါပေမယ့်ကျနော်တို့က သူတို့ခိုင်းတာကိုပဲ လုပ်ခွင့်ရပါတယ်။ ကျနော်တို့က လမ်းကြောင်း စောင့်ရပါတယ်။ ဒေးဒရဲ ဖျာပုံလမ်းပေါ့ဗျာ။ ပြည်ထဲရေးဝန်းကြီး လမ်းကြောင်းတို့၊ ၀န်ကြီးချုပ် လမ်းကြောင်းတို့၊ နိုင်ငံခြား ဧည့်သယ်လမ်းကြောင်းတို့ရှိရင် လမ်းကြောင်းရှင်းပေးရပါတယ်။

လေဘေးသင့် ဒုက္ခသယ်တွေက တိုင်းနဲ့ ပြည်နယ်အသီးသီးက၊ မြို့အသီးသီက လာလှူကြတာတွေကို လမ်းပေါ်တက်ပြီး ယူကြတယ်ပေါ့ဗျာ။ သားသမီးများရင်များသလို အလုအယက်ယူ ကြပါတယ်။ ဒါကို ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ အဲဒီလိုယူနေကြတော့ ၀န်ကြီးလမ်းကြောင်း ပိတ်သွားပါတယ်။ ကျနော်တို့ကို အထက်က အမိန့်ပေးတယ်ခင်ဗျ။ လူတွေကို ရိုက်နှက်၊ ဆဲဆို ကန်ကျောက်ပြီး ရှင်းခိုင်းတယ်ခင်ဗျ၊ ဖယ်ပေး၊ ဖယ်မပေးရင် ပစ်မယ်ခတ်မယ်ပေါ့ဗျာ။ အော်ငေါက်ရတယ်။ ပြည်သူတွေက လမ်းပေါ်က ဆင်းသွားရတာပေါ့ဗျာ။ သူတို့ခိုင်းတဲ့အတိုင်း ကျနော်တို့လုပ်ခဲ့ရပါတယ်။ ကျနော်တို့ကို အမိန့်ပေး အုပ်ချုပ်တာက ပြည်မြို့အင်းမက တပ်မ(၆၆) စစ်တပ်ကဗျူဟာမှူးနဲ့ တပ်မမှူးတွေပါ။ သူတို့တွေလာရင်လည်း ကျနော်တို့က လုံခြုံရေး ယူရတယ်ခင်ဗျ။

ညဖက်ကျတော့ အစည်းအဝေးခေါ်တယ်ခင်ဗျ။ ဧရာဝတီတိုင်းရုံးက ညွှန်ကြားချက်လို့ ပြောပါတယ်။ သူတောင်းစား နှိမ်နင်းရေးစီမံချက်’’ဆိုပြီး အမိန့်ထုတ်လာပါတယ်။ အဲဒီလို သူတောင်းစား နှိမ်နင်းရေး စီမံချက်’’ ထွက်လာတယ်ဆိုပြီး သေနတ်တွေ ကျည်တွေပေးပါတယ်။ ကျနော်တို့ကို ဘာပြောလဲဆိုတော့ နိုင်ငံခြားသားတွေလာလို့ရှိရင် ဒီလို တောင်းရမ်း စားသောက်နေတာ မတွေ့စေချင်ဘူးလို့ ပြောပါတယ်။ သိက္ခာကျတယ်လို့ ပြောပါတယ်။ ကျနော့်အမြင်ကတော့ မရှိလို့တောင်းစားတာ ရှက်စရာမဟုတ်ပါဘူး။ ခိုးစားတာမှ မဟုတ်တာ။ သူတို့တွေလို မဟုတ်တာ လုပ်နေတာ၊ လိမ်နေတာကမှ ရှက်စရာလို့မြင်ပါတယ်။

သူတောင်းစား နှိမ်နင်းရေးစီမံချက်’’မှာ ဘာလုပ်ရလဲဆိုတော့ ညဘက်မှာ ဖျာပုံမြို့ပေါ်က ချောဆွဲထားတဲ့ ဟိုင်းလတ်ကားတွေနဲ့ ကျနော်တို့ သွားရတယ်။ စခန်းမှူးကိုယ်တိုင်ပါတယ်ခင်ဗျ။ စစ်တပ်က အမုန်းမခံတော့ဘူး ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကတည်းက အမုန်းမခံတော့ဘူးခင်ဗျ။ ကျနော်တို့ကို အမုန်းခံခိုင်းတယ်လေ။ စစ်တပ်ကလူ အမုန်းမခံတော့ဘူးဆိုတာ လုံးဝသေချာသွားပြီလေ။

လူတွေဟာ လယ်ကွက်တွေမှာ ရေတွေပုပ်နေလို့ မနေနိုင်ဘူး။ ကစင်းရိုးတာရိုးတွေပေါ်က ကွက်ကလေးတွေမှာ ဖျင်စုတ် အစအနတွေ အုန်းလက်တွေနဲ့ တဲလေးတွေ ဆောက်နေကြတယ်။ အချို့ တဲတွေမှာ တစ်ယောက် နှစ်ယောက် အချို့တဲတွေမှာ အသက်ကြီးနေတဲ့ လူတွေ၊ ဗိုက်ကြီးသယ်တွေ၊ အချိုဆိုရင် ကလေးငယ်လေးတွေနဲ့ပါ။ အဲဒါတွေက ဖျာပုံနဲ့ ဒေးဒရဲလမ်းမကြီးပေါ်မှာပါ။

ည(၇)နာရီ (ဂ)နာရီလောက်မှာပါ။ ကျနော်တို့လည်း အိပ်ချင်တဲ့အချိန်၊ သူတို့တွေလည်း ပင်ပန်းလို့ အိပ်ချင်တဲ့အချိန်ပေါ့ဗျာ။ တဲတွင်းမှာ အိပ်နေတဲ့လူတွေ အပြင်ထွက်။ ညတွင်းချင်း ဖျက်ခိုင်းရတယ်။ မဖျက်ရင် ဓါးတွေနဲ့ ခုတ်ထစ်၊ ခြေထောက်တွေနဲ့ ကန်ဖြို သူတို့တွေငိုကြတယ်။ မပြောင်းမနေရ ကျနော်တို့တွေ မောင်းထုတ်လိုက်တော့ ညတွင်းချင်း အဲဒီလူတွေဟာ သချိုင်းကုန်းတွေ၊ လယ်တွေကြားက ကုန်းကလေးတွေကို ပြောင်းသွားရတယ်ဗျာ။

ကျနော် မျက်ရည်ကျမိတယ်ခင်ဗျ။ အဲဒီနေ့ကစပြီး ကျနော်လုပ်နေတဲ့ ပြည်သူ့ရဲဝန်ထမ်းဘ၀ကို လုံးဝမုန်းသွားတယ်။ လုံးဝ စိတ်ဓါတ်ကို အလုံးအရင်းနဲ့ ကျသွားတယ်။ အဲဒီကတည်းက လုံးဝကို ကျနော်မလုပ်ချင်တော့တာပါ။ သူတို့လုပ်တာက နိုင်ငံ့ဝန်ထမ်းကိုသာ ရှင်းပြပြီး ပြည်သူတွေမသိအောင် လုပ်တာ။ လုံးဝတရား မျှတမှုမရှိဘူး။ ကျနော်တို့ကိုရှင်းပြတယ်။ ဒီလိုတောင်းစားနေရတာတွေက နိုင်ငံခြားသားတွေ မြင်ရင် လုံးဝမသင့်တော်ဘူး။ ဒါကြောင့်လို့ ပြောတယ်။ ဒါပေမယ့် ပြည်သူဘက်က ကြည်မယ်ဆိုရင် ဒါလုံးဝ တရားနည်းလမ်း မကျဘူးလို့ ကျနော်ထင်တယ်။

သူတောင်းစား နှိမ်နင်းရေးစီမံချက်’’ဘာညာ ‘‘သူတောင်းစာ ’’ဆိုပြီး ကိုယ့်လူမျိုးတွေအပေါ်မှာ မသုံးသင့်ပါဘူး။ နိုင်ငံခြားသားတွေအပေါ်မှာ ဒါတွေမရှိဘူးဆိုပြီး အထင်ကြီးစေချင်တယ်ပေါ့။ ဒုက္ခရောက်နေတာတောင်မှ ဒါတွေမလုပ်ဘူးပေါ့။ အဲဒီလိုသဘောပါ။ ဘာဖြစ်လိုလဲဆိုတော့ သတင်းထောက်တွေလာမယ်။ ဂျာနယ်သမားတွေလာမယ်။ ဓါတ်ပုံတွေရိုက်မယ်။ ဒါတွေကိုသူတို့မလိုလားဘူးလေ။

သူတို့(အစိုးရ) ကိုယ်တိုင်းလည်း ထောက်ပံ့နိုင်တာမဟုတ်ပဲနဲ့ နိုင်ငံခြားအကူအညီတွေ ပေးတာကိုလည်း လက်မခံရဘူးဆိုတာတော့ ရက်စက်ရာ ကျလွန်းပါတယ်။

ကျနော် လမ်းမှာတာဝန်ကျရင် လူတွေကို တောင်းပန်ပါတယ်။ လူကြီးတွေလာရင် ခဏလောက်လမ်း ပေါ်ကဆင်းပေးပါ။ ပြီးရင် ပြန်တက်ကြပေါ့နော်။ ကျနော့်ကို သူတို့နားလည်းကြပါတယ်။ ခင်လည်းခင်ကြပါတယ်။

ကျနော် သူတို့ကို မေးကြည်ပါတယ်။ နိုင်ငံခြားက အကူအညီပစ္စည်းတွေကို ဘာမှမရဖူးဘူး။ အစိုးရပေးတာလည်း ဘာမှမရဖူးဘူး။ ဟိုက ဒီက ပြည်သူတွေ အချင်းချင်း လာလှူတာတွေကိုပဲ စားသောက်ရတယ်လို့ ပြောပါတယ်။ ကျနော့်အမြင်ကတော့ ရောက်တာတော့ရှိတယ်။ ရွက်ဖျင်း ဆယ်ပေလောက် ပေးရမယ့်နေရာမှာ ငါးပေလောက်သာ ပေးပါတယ်။ နိုင်ငံခြားက လှူတဲ့ပစ္စည်းတွေဟူသ မျှဂိုဒေါင်ထဲမှာ ထည့်ထားတယ်ခင်ဗျ။ အဲဒါတွေက လူကြီးတွေလာရင် ဒါတွေရှိတယ်ဆိုပြီး ပြဖို့ထားတယ်။ ပြီးတော့ ဒီပစ္စည်းတွေက တစ်ခါတည်း ဝေရမယ့်ဟာတွေလေ။ လူကြီးလာမှ ဝေတယ်ဆိုတော့ လူတွေက မိုးထဲလေထဲမှာ စောင့်နေရတော့တာပေါ့။

ဒေးဒရဲတံတားမှာ လုံခြုံရေး တွဲဘက်လုံခြုံရေး စောင့်ရတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဘာလုပ်ရလဲဆိုတော့ နိုင်ငံခြား သတင်းထောက်တွေလာတယ်။ အမေရိကန် ဘယ်နှစ်ယောက်လာတယ်။ နော်ဝေးက ဘယ်နှစ်ယောက်၊ သြစတြေးလျက ဘယ်နှစ်ယောက် လာတယ်။ အကုန်မေးရတယ်။ မှတ်ရတယ်။ ပြီးတော့ ခရိုင်ရုံးကို စါရင်းပို့ရတယ်ခင်ဗျ။ ကုန်ကုန်ပြောမယ်ဗျာ။ ရုပ်ရှင်မင်းသား ကိုကျော်သူတို့လာလှူရင်တောင် အက်စ်ဘီတို့ ထောက်လှမ်းရေးတို့ စရဖတို့ အကုန်လိုက်ရတယ်ခင်ဗျ၊ သူတို့ဘာလုပ်လဲ။ ဘာပြောလဲ အကုန်လုံးကို ကျနော်တို့က တင်ပြရတယ်ခင်ဗျ။ ကယ်မရာဆိုရင် လုံးဝရိုက်ပိုင်ခွင့် မပြုဘူး။ ရိုက်တာမြင်လို့ရှိရင် အော်ရမယ်၊ ဆဲရမယ်ဆိုပြီး ကျနော်တို့ကို အမိန့်ပေးထားတယ်ခင်ဗျ။

ဒေးဒရဲမြို့ပေါ်မှာ လေဘေးဒုက္ခသယ်စခန်း (၂)ခု ဖွင့်ထားတယ်ခင်ဗျ။ မြို့ပေါ်တံတားခြေရင်းမှာ တဲအလုံး(၂၀)ခင်ဗျ။ ကျုံဒါးမှာ အလုံး(၃၀)ခင်ဗျ။ တကယ့်တကယ် ဖြစ်နေတဲ့ ရွာတွေအများ ကြီးရှိတယ်။ ဒေးဒရဲမြို့နယ်ထဲက ရွာပျက်သွားတဲ့လူတွေ၊ ရေလွှမ်းသွားတဲ့လူတွေ၊ စက်လှေတွေနဲ့ မြို့ကိုတက်လာကြတယ်ခင်ဗျ။ ကျနော်လှေဆိပ်မှာ ကွမ်းယာစားရင်း မေးကြည့်တယ်ခင်ဗျ။ သူတို့ရွာတွေဘက်ကို ဘယ်ကအကူအညီမှ မရောက်ဘူးလို့ ပြောတယ်ခင်ဗျ။

နိုင်ငံခြားသားတွေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလားတယ်။ အဲဒီအခါမှာ ကျုံဒါးရယ်၊ ဒေးဒရဲရယ်၊ အဲဒီနှစ်နေရာပဲ လိုက်ပြတယ်ခင်ဗျ။ ကျန်တဲ့ ဖျာပုံတို့ အခြားနေရာတို့ကို ကျနော်သိသလောက်ဆိုရင် သွားခွင့်မပြုဘူးခင်ဗျ။ လုပ်ထားတဲ့နေရာကိုပဲ လိုက်ပြတယ်။ တကယ်ဖြစ်နေတဲ့ နေရာကျတော့ သူတို့ လိုက်မပြဘူး။ ကျနော်တို့ အစိုးရဟာ ပြည်သူတွေအပါအ၀င် ဘယ်သူ့ကို ဘယ်လို လိမ်ရမလဲဆိုတာကိုပဲ ကြံစည် စဉ်းစားနေတယ်နဲ့ တူတယ်ဗျ။

ကျနော် ဒုတိယအကြိမ်()ပိုင်း တာဝန်ပြန်ကျတဲ့အခါ ဒေးဒရဲမြို့ကိုပဲ တာဝန်ပြန်ကျတယ်ခင်ဗျ။ ဒေးဒရဲနဲ့ ဖျာပုံဆက်ထားတဲ့ လမ်းဘေးမှာ သာသနာ့ဗိမာန် ရှိတယ်ခင်ဗျ။ အဲဒီထဲမှာ နိုင်ငံခြားက လှူတဲ့ဆန်၊ မြန်မာနိုင်ငံက လူတွေလှူတဲ့ဆန်တွေရှိပါတယ်။ ကန်ထရိုက်ယူပြီး မိုးထားတဲ့လူတွေဟာ လူကြီး မြင်သာတဲ့ဖက်ကို မိုးထားပြီး ဖြစ်သလိုလုပ်ထားတော့ မိုးရွာတာနဲ့ မိုးတွေယိုတော့ ဆန်တွေ အစားအစာတွေ အကုန်ပုပ်ပွ ပျက်စီကုန်တယ်ခင်ဗျ။ အဲဒါတွေကို လူကြီးလာရင်ပြဖို့အတွက် ကျနော်တို့ကို စောင့်ခိုင်းထားတယ်ခင်ဗျ။

နောက်တစ်ခုက ဒေးဒရဲ မယကနဲ့ အလက  မျက်နှာချင်းဆိုင်မှာ လမ်းကြားလေးရှိတယ်။ ပြည်ရွှေဆံတော်၊ ဆယ်ထပ်ကြီးဘုရားပုံစံမျိုး ဘုရားပရ၀ုဏ်ထဲမှာ ဂိုဒေါင်ကြီးရှိတယ်။ အဲဒီအထဲမှာ စားသောက်စရာတွေ အစုံ၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်၊ အာလူး၊ အထည်ဘေထုတ်တွေ၊ ကျနော်တို့ မမြင်ဖူးတဲ့ နိုင်ငံခြားပစ္စည်းတွေ အစုံလှောင်ထားတယ်။ အများကြီးပဲခင်ဗျ။ အ၀တ်အထည် အစားအစာ လိုချင်လို့လာတောင်းတဲ့လူတွေ လာပြီးအလှူခံလို့ရှိရင် ကျေးရွာက ထောက်ခံစာ ယူလာရတယ်။ အဲဒီရယကရုံးမှာ တပ်မ(၆၆)ဗျူဟာမှူး ကိုင်တယ်။ တပ်မမှူးတွေအပြငဗိုလ်တွေလည်းရှိတယ်။ ဆောက်လုပ်ရေးဝန်ကြီးလားမသိဘူး ရုံးလာထိုင်တယ်။ ဒီလူတွေ အပြောအရ ထောက်ခံစာတစ်စောင်ရဖို့ တန်းစီစောင်းရတယ်လို့ ပြောပါတယ်။ မယကရုံးထဲမှာလည်း လျှပ်စစ်ပစ္စည်း (ခြင်ရိုက်ဘက်တံ)တို့ မုန့်အခြောက်တို့ ရှိတယ်။ ဒါ့အပြင်ကို သင်္ကန်းတွေ၊ သပိတ်တွေလည်းရှိပါတယ်။

အလှူပစ္စည်းတွေကို လိုချင်လို့ဘုန်းကြီးတွေ သီလရှင် ဆရာလေးတွေ လာရင်လည်း သာသနာမှတ်ပုံတင်ပြရမယ်။ လူတွေလာရင်လည်း မှတ်ပုံတင်၊ မိသားစု သန်းခေါင်စါရင်းကို ပြရမယ်ဆိုတော့ မုန်းတိုင်းတိုက်တဲ့အထဲ ပါသွားတာ အဲဒီအထောက်အထားတွေ ဘယ်မှာ ရနိုင်တော့မလဲ။ တကယ့်တကယ်ကျတော့ တော်တော်ကြာ ဗိုလ်မှူးစားဖို့၊ တော်ကြာ ဗိုလ်ချုပ်စားဖို့ ဆိုင်ကယ်နဲ့ လာလာယူတာကျနော်က လုံခြုံရေး စောင့်နေခဲ့တာ မျက်မြင်ကိုယ်တွေ့ပဲ။ ကျနော်တို့ရှေမှာ အကောင်းဆုံးတွေကို စားတယ်။ သောက်တယ်။ ဗူးခွံတွေ ရှုပ်ပွနေတာပဲ။ တပ်ရင်းကို ပြန်မယ့်ကားရှိရင် အရာရှိ မိသားစုတွေအတွက်ဆိုပြီး နိုင်ငံခြားပစ္စည်းတွေကို ကားနဲ့လာယူတာ မမြင်ချင်အဆုံးပဲဗျ။

စားကုန်တွေ အကုန်လုံး ဒေးဒရဲမြို့ထဲမှာ ပြန်သွင်းကြတယ်။ နောက်ဆုံးကုန်ကုန်ပြောမယ် ယိုးဒယားကလာတဲ့ ဆားထုတ်တွေ၊ တရုတ်ကလာတဲ့ ဆားထုတ်တွေ၊ အကုန်လုံး ကျနော်တို့နေတဲ့မြို့အထိ ပျံနှံ့နေတော့ သူတို့ အကျင့်စရိုက်တွေကို ဈေးကွက်ကို ကြည့်ရင်သိနိုင်ပါတယ်။ ဂိုဒေါင်ထဲမှာ ကြက်ဥတွေ၊ ဘဲဥတွေ၊ ကြသွန်တွေပုပ်၊ အာလူးတွေ အပင်ပေါက်၊ ကျနော်မေးချင်တယ်၊ ဒါတွေကို ပြည်သူတွေကိုမဝေပဲ၊ လူကြီးတွေလာရင် ပြဖို့ပဲထားတာလား၊ ဒါပေမယ့် ကျနော်က ၀န်ထမ်းတစ်ယောက်ဆိုတော့ မေးပိုင်ခွင့်မရှိဘူး။ ဒီဘက်ကိုရောက်မှ ပြောရတော့တယ်။

မြို့ပေါ် ရပ်ကွက်တွေမှာတောင်မှ လူကြီးသွားမယ့် လမ်းကြောင်းမှာပဲ သွပ်တွေဝေတယ်။ ဒါတောင် လမ်းကကြည့်ရင် သွပ်တစ်ခြမ်းပဲမြင်ပြီး နောက်မှာတော့ တာလာပတ်မိုးထားတယ်။

ဘယ်လောက်သေလည်းဆိုတော့ ဒေသကလူတွေအပြောကိုထောက်ရင် တကယ်သိန်းချီ သေနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဒေသက စီးပွားဖြစ်ထွန်းတဲ့ဒေသ လူနေ ထူထပ်တယ်ဆိုတော့ လူတွေအများကြီး လုပ်ကိုင်စားသောက်လို့ ရတယ်။ ရွာလုံးကျွတ် ပျောက်သွားတာတွေရှိတယ်။

ကျနော်တို့ကို ရေဒီယို နားထောင်ခွင့်ပေးပါတယ်။ ဘီဘီင်္စီတို့ ဘာတို့ပေါ့နော်။ ဒါပေမယ့် မင်းတို့မယုံနဲ့နော် သူတို့ မဟုတ်တာတွေ ပြောနေတာတဲ့။ မြန်မာ့အသံက ထုတ်လွှင့်တာတွေကို ကျနော်တို့ ရီချင်တာပေါ့ဗျာ။ ပြနေတာကတမျိုး၊ ဒီမှာဖြစ်နေတာနဲ့ တလွဲစီပဲ။ ကျနော်ဆိုရင်၊ နော်ဝေကလွှင့်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံကို အမြဲနားထောင်းပါတယ်။

နာဂစ်ဒေသမှာ ထူးထူးခြားကိုပြောပါဆိုရင် ဂျူလိုင်လမှာပေါ့ဗျာ ဒေးဒရဲမြို့ထဲက ကလေးတစ်ယောက်ကို စစ်တပ်ထဲကို သွင်းမယ်ဆိုပြီး ပြည်အင်းမ(၆၆)တပ်ကို ခေါ်သွားပါတယ်။ ကလေးက (၁၃)နှစ် (၁၄)နှစ်ပဲ ရှိသေးတော့ သူ့အမေက လိုက်သွားတယ်။ ငိုပြီးတောင်းပန်တယ်ပေါ့။ စစ်တပ်က လူကြီးတွေက စစ်သားဖြစ်သွားပြီ ပြန်မပေးနိုင်ဘူးလို့ ပြောတော့ အဲဒီအဒေါ်က တိုင်မယ် တောမယ် လုပ်တော့မှ ပြန်ပေးလိုက်တာခင်ဗျ။ အဲဒါ ကျနော့်ကိုယ်တွေ့ပါ။ နောက်တစ်ခုက လှေတွေ လှူတယ်။ အိမ်တွေ လှူတယ်။ တီဗွီတွေမှာ လွှင့်တယ်။ မှတ်မှတ်ရရ ပြောချင်တယ်။

ကျနော် ဒေးဒရဲလမ်းမှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် လာတယ်ခင်ဗျ။ အဲဒီအချိန်မှာ ခရီးသွားပြည်သူတွေ ကားတွေကို ရပ်ပေးရတယ်ခင်ဗျ။ အဲဒီမှာကားပေါ်က ပိုက်လှေသူကြီးတစ်ယောက် ပြောပြပါတယ်။ လှေတစ်စီးကို (၃)သိန်းနဲ့ ၀ယ်ရမယ်။ အိမ်ဆိုလည်း (၃)သုံးသိန်းပေးရမယ်၊ (၆)သိန်းပေးရမယ်ဆိုပြီး စစ်ဗိုလ်တွေ လာပြောတယ်လို့ ဆိုပါတယ်။ ကျနော်က ပြောတယ် လှူတာမဟုတ်ဘူးလား၊ တီင်္ဗွီထဲမှာ လှူနေတာပဲလေဆိုတော့။ အလကားပါကွာ မင်းတို့ အစိုးရတွေ၊ မင်းတို့လည်း အတူတူပဲတဲ့။ ကျနော်တော်တော် စိတ်မကောင်းဖြစ်သွားပါတယ်။

နောက်တစ်ခုက ဒေးဒရဲမြို့နယ်က ရွာတစ်ရွာမှာ ချင်းလူမျိုး ဘုန်းကြီးတစ်ပါး။ ဘုန်းတော်ကြီး ကျောင်းပညာရေးကပါ။ စာသင်ပြပေးတဲ့ ကျောင်းတွေရော၊ ဘုန်းကြီးကျောင်းရော၊ အကုန် ပျက်စီနေပါတယ်ခင်ဗျ။ အဲဒါ ကျောင်းပြန်ဆောက်ချင်လို့ မြိုကိုတကလာပြီး တိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူးတွေနဲ့ ပြန်ဆောက်ဖို့အတွက် အကူအညီပေးဖို့ စကားပြောပါတယ်။ သူတို့တွေက ဘာပြန်ပြောလဲဆိုတော့ အရှင်ဘုရား ရှေ့စီနီယာတွေ များကြီးရှိပါတယ်။ အဲလိုပြောတယ်လို့ ကျနော်တို့ကို ပြန်ပြောပြပါတယ်။ အဲဒီဘုန်းကြီး နာမည်ဘွဲ့တော်က ဦးပညာသာမိပါ။ စစ်တပ်ဆီက ဘာမှ အကူအညီမရတဲ့အဆုံး ရွာကလူတွေနဲ့ သစ်တွေ ၀ါးတွေ ခုတ်ပြီး ယာယီကျောင်းလေး ဆောက်ပြီး စာသင်နေရပါတယ်။

ကျနော်ကူညီချင်ပေမယ့် ကျနော်လုပ်ရတဲ့အလုပ်က အော်ရတယ်၊ ငေါက်ရတယ်၊ မောင်းထုတ်ရတယ်၊ မလာနဲ့၊ မကပ်နဲ့၊ ပြည်သူမုန်းအောင် လုပ်ရတဲ့ လူရမ်းကားအလုပ်ပါခင်ဗျ။

နောက်ကျနော်တစ်ခု ကြုံခဲ့တာ ရှိပါသေးတယ်။ နာဂစ်ဒေသအစုံကိုတော့ ကျနော်မရောက်ခဲ့ဘူးပေါ့နော်။ ဖျာပုံ ဒေးဒရဲနဲ့ ဒလလမ်းကြောင်းတစ်လျှောက်မှာ တာဝန်ကျခဲ့တာပါ။ ဒလဟိုဘက်ကမ်း ဒီဘက်ကမ်းတံတားပါ။ အဲဒီတံတားခြေရင်းမှာ တာဝန်ကျတော့ အမျိုးသမီးကြီး တစ်ယောက်က သားလေး ထမင်းစားပြီးပြီလားလို့ မေးပါတယ်။ လာစားဖို့ခေါ်ပါတယ်။ ကျနော်တို့ ရဲသင်တန်းမှာ စားခဲ့ရတာထက် ဆိုးတာပေါ့။ ထမင်းဆို ၀ါထိန်နေပါတယ်။ ကျနော်က အကြီး ဆန်အလှူတွေ မရဘူးလားဆိုတော့ မရဘူးတဲ့ ရေမြုပ်သွားတဲ့ ဆန်တွေကို နေလှန်းပြီး ဒီလိုပဲ နေ့တိုင်းစားနေရတာပဲတဲ့။ ဆီဆိုတာလည်း မဖြစ်စလောက်ပဲတဲ့၊ ဒါလေးနဲ့ မင်းမျှတပြီး စားသွားပေါ့တဲ့။ ကျနော်စားခဲ့ရပါတယ်။

ဒေးဒရဲတံတားပေါ်မှာ ဘာကြုံခဲ့လဲဆိုတော့ ကျနော်ခွဲခြားပြောတာတော့ မဟုတ်ဘူး။ ညဘက်ဆိုရင် မကောင်းတာလုပ်စားတဲ့ မိန်းမပျက်တွေ တံတားပေါ်ကို တက်လာတယ်။ စစ်သားတွေနဲ့ အိပ်ကြတယ်။ တံတားအောက်မှာဆိုလည်း ဒီအတိုင်းပဲဗျ။

ဒုက္ခသယ်တွေထဲက အဲလိုပုံစံမျိုး ဖြစ်သွားတယ်လို့တော့ ကျနော် မကြားမိခဲ့ဘူး။ နဂိုရှိပြီးသားတွေပါ။ ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ စစ်သားပြိုင်ပြီးတော့ လူထုနဲ့ ပေါင်းသင်း ဆက်ဆံတဲ့နေရာမှာ ကျနော်တို့လောက် သူတို့မယဉ်ကျေးဘူးခင်ဗျ။

ဒေးဒရဲ တံတားရဲ့ဘေး၊ မယကရုံးရဲ့ အနောက်မှာ အစိုးရက အိမ်တွေဆောက်ပေးပါတယ်။ အဲဒီအိမ်တွေမှာ ပိုက်ဆံပေးနိုင်တဲ့လူတွေပဲ နေရပါတယ်။ ငွေမတတ်နိုင်တဲ့ လူတွေကတော့ ကျနော်ပြန်လာတဲ့အထိ တဲအိမ်လေးဆောက်ပြီး ဖြစ်သလို နေကြရတယ်ခင်ဗျ။

ကျနော်တို့ ဒေးဒရဲတံတားမှာ စောင်ရတဲ့အခါ အလှူပစ္စည်းတွေ လာပို့တဲ့လူတွေ အကုန်လုံးကို ကျနော်တို့က မေးမြန်းစစ်ဆေးရပါတယ်ခင်ဗျ။ စစ်သားတွေနဲ့ အတူပေါ့လေ။ ဘယ်ကိုသွားမလဲ၊ ဘာတွေလှူမလဲ၊ ဘယ်ကလာသလဲ၊ မှတ်ရပါတယ်။ အဲနောက်ကျတော့ အဲလိုမဟုတ်တော့ဘူးခင်ဗျ။ ကိုယ်တိုင် ကိုယ်ကျ သွားလှူခွင့် မပြုတော့ဘူး။ လှူမယ့်ပစ္စည်းကို မယကရုံးမှာထားခဲ့ရတယ်ခင်ဗျ။ လူတွေက ကြုံတွေ့ရတာတွေကို မီဒီယာတွေကို ပြောပြမယ်။ လူတွေကို ပြောပြမယ်ဆိုတော့ သူတို့မဟုတ်တာ လုပ်နေတာတွေ ဗူးပေါ်သလို ပေါ်မှာစိုးတယ်လို့ ကျနော်ယူဆတယ်ခင်ဗျ။

အလှူရှင်တွေဟာ အစပိုင်းကာလတွေကဆိုရင် ကျနော်တို့ကို ပါဝင်ပြီးတော့ ၀င်လှူဖို့ အကူအညီတောင်းကြပါတယ်။ မြန်မြန်ပြီးအောင်ပေါ့နော်၊ ပြီးတော့ မြန်မာတွေဆိုတာ မိမိရဲ့ အလှူပစ္စည်းတွေကို ကိုယ်တိုင်းကိုယ်ကျ လှူမှ စိတ်ကြည်နူးတတ်ကြတာလေ။ နောက်ပိုင်းမှာ ကိုယ်တိုင် လှူခွင့်မရတော့ပဲ မယကရုံးမှာပဲ၊ ပါသမျှ အလှူပစ္စည်းတွေကို ထားပစ်ခဲ့ရတယ်ဆိုတော့ ဘယ်လှူချင်တော့မလဲ။ ဘာသာရေးအရပဲကြည့်ကြည့်၊ လူမျိုးရေးအရပဲကြည့်ကြည့် အလှူရှင်တွေဟာ လုံးဝမကျေနပ်ကြတော့ဘူးခင်ဗျ။

နောက်ဆုံးအနေနဲ့တော့ဗျာ စစ်သားတွေက ကျနော်တို့ကိုခေါ်ပြီး လူမုန်းခံခိုင်းတာပါပဲ။ ကျနော်တို့က ငိုနေတဲ့လူတွေကို အငိုတိတ်အောင်၊ ငတ်နေသူကို ၀အောင် သွားကျွေး၊ နေစရာမရှိသူကို ရှိအောင် ၀ိုင်းဝန်း ကူညီပေးရတာမဟုတ်ပဲ၊ ဟိုလိုမလုပ်နဲ့ ဖယ်ပေး၊ ဆင်းပေး၊ ပြန်၊ နင်ပဲငဆ အော်၊ ဆဲ၊ ငေါက် တကယ်တော့ လူမိုက် သွားလုပ်ရသလိုပါဗျာ။ နိုင်ငံတကာက ပေးပို့ လှူဒါန်းကြတာတွေကို ရောင်းပြီး စီးပွား ဖြစ်းသွားကြတာက တပ်မ(၆၆) အင်းမက အရာရှိတွေနဲ့ ကျနော်တို့မြို့နယ်က အရာရှိကြီးတွေ ဇိမ်ခံ ပစ္စည်းကောင်းကောင်း သုံးလိုက်ကြရတာပဲ။ ပြည်တွင်းမှာ အမှန်အကန် ဖြစ်နေတာတွေကို ပြည်ပက ရေဒီယိုတွေ အကုန်မသိကြဘူးဗျ။  

(ရဲတပ်ဖွဲ့၏ အကျင့်ပျက် လာဘ်စားခြစားမှုများကို ကြုံကြိုက်ပါက ဆက်လက်ပြီး ရေးသားတင်ပြ သွားပါမည်။)

ကျော်သောင်း




မုန်တိုင်းဒဏ်ခံ အဆောက်အဦးများ မပြီးစီးနိုင်သေး

Saturday, 02 May 2009 19:07 အောင်သက်ဝိုင်း

မြစ်ဝကျွန်းပေါ် ဒေသတွင် တည်ဆောက်နေသော ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ အဆောက်အဦး (Cyclone shelter) များသည် မုန်တိုင်းတိုက်ပြီး တနှစ်ပြည့်ချိန် အထိ ပြီးစီးမှုမရှိသေး သောကြောင့် မုန်ုတိုင်းထပ်မံ ၀င်ရောက်လျှင် နားခိုရာမရှိ၍ ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ်ရှိ မိသားစု ၁၂ ဦးနေသည့် တဲအိမ် (ဓာတ်ပုံ - ဝေဆန်း)

မြစ်ဝကျွန်းပေါ်ဒေသတွင် Cyclone Shelter ရာပေါင်းများစွာလိုအပ်သော်လည်း စစ်အစိုးရ က စုစုပေါင်း အလုံး နှစ်ဆယ်ခန့် တည်ဆောက်ရန်သာ စီစဉ်ပေးထားပြီး ယခုအချိန်ထိ မြေတူးဆဲအဆင့်တွင်သာ ရှိနေ၍ အမြန် တည်ဆောက်သင့်ကြောင်း ဘိုကလေးနှင့် လပွတ္တာဒေသခံများက ပြောသည်။

“မုန်တိုင်းတိုက်ပြီးတာ တနှစ်ပြည့်ပြီ။ ကျနော်တို့ ချောင်းဝကျေးရွာမှာ ရွှေသံလွင်က ဆောက်နေတဲ့ ဆိုင်ကလုန်း နားခိုတဲ့ အဆောက်အဦးက ဘာမှအကောင်အထည်မပေါ်သေးဘူး။ မုန်းတိုင်းဆိုရင် ကျနော်တို့ရွာသူရွာသား တွေ ဘယ်ပြေးလို့ပြေးရမှန်းမသိဘူး”ဟု လပွတ္တာမြို့နယ်၊ ချောင်းဝ ရွာသားတဦးက ပြောသည်။

ယမန်နှစ် မေလ ၂ ရက်က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင် ကလုန်း မုန်တိုင်းကြောင့် အနည်းဆုံး လူပေါင်း ၁၄၀၀၀၀ နီးပါးသေဆုံး ခဲ့ရသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် Cyclone Shelter များတည်ဆောက်ရန် စစ်အစိုးရက ဆောက်လုပ်ရေးကုမ္ပဏီများကို ကန်ထရိုက်ပေးခဲ့ခြင်းဖြစ်သည်။(တာဝန်ယူဆောက်လုပ်နေသည့် ကုမ္ပဏီ စာရင်းကို  အောက်တွင်ဖော်ပြထားပါ သည်)

ယခုတည်ဆောက်သော Cyclone Shelter အရေအတွက်မှာ မြစ်ဝကျွန်းပေါ်ဒေသတခုလုံးရှိ လူဦးရေ သန်းပေါင်း များစွာအတွက်မလုံလောက်ဘဲ အနည်းဆုံး တရာ တည်ဆောက်ပေးမှသာ လုံလောက်နိုင်မည်ဖြစ်ကြောင်း အေ၀မ်း ဆောက်လုပ်ရေး ကုမ္ပဏီမှ အင်ဂျင်နီယာတဦးကပြောသည်။

“ခုဆောက်တဲ့နှုန်းက Cyclone Shelter တလုံးကို ရွာပေါင်း ၅၀ က လူတွေခိုလှုံရမဲ့သဘောဖြစ်နေတယ်။ ရွာတိုင်း မဟုတ်ရင်တောင် ကျေးရွာအုပ်စုကြီးတခုမှာ တခုဆောက်သင့်တယ်။ဒါပေမယ့် အစိုးရက မဆောက်ပေးဘူး”ဟု အဆိုပါ အင်ဂျင်နီယာကပြောသည်။

လူ ၅၀၀ ဆံ့ Cyclone Shelter တခုလျှင် ငွေကျပ် သိန်းတစ်သောင်းလေးထောင် ကုန်ကျပြီး ဆောက်လုပ်ရေး ကုမ္ပဏီများအနေဖြင့် ဆောက်လုပ်ပြီးစီးသည့်အဆင့်ကိုလိုက်၍ အစိုးရထံမှ လေးရစ်ခွဲကာ ငွေပြန် လည်ထုတ်ယူ ရမည်ဖြစ်သည်ဟု သိရှိရသည်။

ဧပြီလလယ်က ဘစ်ဂျလီ မုန်တိုင်း မြစ်ဝကျွန်းပေါ်ဒေသသို့ ၀င်ရောက်မည်ဆိုသောသတင်းများပေါ်ထွက်ခဲ့ရာ နားခိုရာနေရာမရှိသည့်အတွက် ထိတ်လန့်ခဲ့ကြရသည်ဟု လပွတ္တာ ဒေသခံများက ပြောသည်။

ယခုနှစ်၊ မုတ်သုံရာသီမတိုင်မီနှင့် မုတ်သုံရာသီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း အနည်းဆုံး ခြောက် လုံး ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနညွှန်ကြားရေး မှုးချူပ် ဦးထွန်းလွင်က ဧပြီလလဆန်းပိုင်းအတွင်း ကျင်းပသော စာတမ်းဖတ်ပွဲတခုတွင် ခန့်မှန်းပြောဆို ထားသည့် အတွက် မြစ်ဝကျွန်းပေါ်ဒေသခံများမှာ ပိုမိုထိတ်လန့်လျက်ရှိသည်ဟု သိရှိရသည်။

မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံခဲ့ရသော ဘိုကလေးမြို့နယ်တွင် ကျေးရွာပေါင်း ၅၈၉ ရွာရှိကာ လပွတ္တာမြို့နယ်တွင် ကျေးရွာပေါင်း ၅၀၀ နီးပါးရှိသည်။

 စဉ် ကုမ္ပဏီ မြို့နယ်/ကျေးရွာ Shelter ဆံ့သည့်လူဦးရေ
 ၁ ရွှေသံလွင် လပွတ္တာ/ချောင်းဝရွာ ၂ လူ ၅၀၀ ဆံ့
 ၂ FMI လပွတ္တာ/သင်္ကန်းကုန်းရွာ ၁ လူ ၅၀၀ ဆံ့
 ၃ တက်လမ်း လပွတ္တာ/သက်ကယ်သောင်ရွာ ၁ လူ ၅၀၀ ဆံ့
 ၄ TZTM လပွတ္တာ/သင်္ကန်းကြီးရွာ ၁ လူ ၅၀၀ ဆံ့
 ၅ ဧရာ ရွှေဝါ လပွတ္တာ/ဇင်ရွဲကြီးရွာ ၁ လူ ၅၀၀ ဆံ့
 ၆ မိုးကြယ်စင် လပွတ္တာ/စလူဆိပ်ရွာ ၁ လူ ၅၀၀ ဆံ့
 ၇ မက်စ် မြန်မာ လပွတ္တာ/ပြင်စလူကျေးရွာ ၁ လူ ၅၀၀ ဆံ့
 ၈ အေဝမ်း လပွတ္တာ/ပြင်စလူကျေးရွာ ၁ လူ ၅၀၀ ဆံ့
 ၉ ဝါဝါဝင်း လပွတ္တာ/ပိုးလောင်းရွာ ၁ လူ ၅၀၀ ဆံ့
 ၁၀ ဝါဝါဝင်း လပွတ္တာ/သစ်ပုတ်ရွာ ၁ လူ ၅၀၀ ဆံ့
 ၁၁ မြတ်နိုးသူ လပွတ္တာ/ပိုးလောင်းရွာ ၁ လူ ၅၀၀ ဆံ့
 ၁၂ မြတ်နိုးသူ လပွတ္တာ/သစ်ပုတ်ရွာ ၁ လူ ၅၀၀ ဆံ့
 ၁၃ ထူး ဘိုကလေး/ကဒုံကနိကျေးရွာ ၁ လူ ၅၀၀ ဆံ့
 ၁၄ ဒိုင်းမွန်းမာကျူရီ ဘိုကလေး/ဧရာကျေးရွာ ၂ လူ ၅၀၀ ဆံ့
 ၁၅ Original ဖျာပုံ/ဒေါ်ညိမ်းကျေးရွာ ၁ လူ ၅၀၀ ဆံ့
 ၁၆ ယုဇန ဖျာပုံ/ဓမင်းဆိပ်ကျေးရွာ ၁ လူ ၅၀၀ ဆံ့
 ၁၇ ဒဂုန်အင်တာနေရှင်နယ် ဖျာပုံ/အမာကျေးရွာ ၁ လူ ၅၀၀ ဆံ့
 ၁၈ မြနန္ဒာ ဒေးဒရဲ/သောကြာကျေးရွာ ၁ လူ ၅၀၀ ဆံ့
 ၁၉ ဧဒင် ဒေးဒရဲ/ကျုံဒါးရွာ ၁ လူ ၅၀၀ ဆံ့
၂၀
 ရွှေတောင် ဒေးဒရဲ/တိုးရွာ ၁ လူ ၅၀၀ ဆံ့
 ၂၁ အေးရှားဝေါ ကွမ်းခြံကုန်း/လက်ခုပ်ကုန်းရွာ



 ၁ လူ ၅၀၀ ဆံ့





ပြည်တွင်းမှ ပိတ်ထားသော  youtube ဗီဒီယို ဖြစ်ရပ်မှန်များကြည့်ရန်နည်းလမ်း

youtube website ဟာတကယ်တော့ matacafe website ထက်သာလွန်ကောင်းမွန်တယ်လို့ ကျွန်တော် ထင်တယ်. နည်းပညာပတ်သတ်ပြီး  ဗီဒီယို တွေ့လည်း စုံလင်တယ်.ဒါပေမယ် မြန်မာနိုင်ငံက youtube website ကိုburn ထားတယ်.ဒါကြောင့်မို့လို့ ဒီwebsite link ကနေyoutube.com ကို သွားလို့ရမယ် နည်းလမ်းပါ.https://polysolve.com/ မှာမိမိသွားချင်တဲ့ youtube link တခုခုကိုဖြည့်ပြီး Begin solving tab ကိုနိုပ်ပြီးသွားနိုင်ပါတ .် .မယုံလျှင်စမ်းကြည့်ပေါ့။

နာဂစ် ဒေသက အလှူရှင်

အင်ဒရူး ကာ့ဝုဒ်


Friday, 01 May 2009 15:54 ဧရာဝတီ

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွင်း အကူအညီ ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ Save the Children အဖွဲ့၏ ဌာနေတာဝန်ခံ ဒါရိုက်တာ အင်ဒရူး ကာ့ဝုဒ် (Andrew Kirkwood) ကို ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းထားပါသည်။



မေး။     ။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး တနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုထင်မြင်ယူဆပါသလဲ။

ဖြေ။     ။ ဒါကတော့ ခင်ဗျား ဧရာဝတီတိုင်းရဲ့ ဘယ်နေရာကို ရောက်သွားတယ်ဆိုတဲ့အပေါ် မူတည် ပါလိမ့်မယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရဲ့ စီးပွားလုပ်ငန်းထွန်းကားရာ ဗဟိုချက်မဒေသတွေ၊ ရန်ကုန်နဲ့ နီးကပ်တဲ့ ကျေးရွာ တွေမှာတော့ လူအများစုက ပြန်လည်ထူထောင်နေကြပါပြီ။ ပြောရမယ်ဆိုရင် ပုံမှန် ဘ၀အခြေအနေ ပြန်ရောက်နေပြီ ဆိုနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်း ဖြစ်ထွန်းရာ ဗဟိုချက်မဒေသတွေမှာတော့ လူတွေက အိမ်တွေ ဆောက်နေတာ၊ ဈေးတွေပြန်စည်ပင်နေတာ၊ စီးပွားရေး ရောင်းဝယ်ဖောက်ကားနေကြတာ မြင်ရပါလိမ့်မယ်။

အဲဒီဒေသတွေမှာ လူတွေ ပုံမှန်နေထိုင်မှု ပြန်ဖြစ်ဖို့ဆိုတာ နှစ်ပေါင်းများစွာ ရုန်းကန်ကြရပါလိမ့်ဦးမယ်။ ဒါပေမယ့်လည်း မြစ်ဝကျွန်းပေါ် အနောက်တောင်ပိုင်းဒေသမှာ … အထူးသဖြင့် ခေါင်တဲ့ ကျေးလက်ဒေသတွေမှာ လူတွေက သောက်သုံး ရေ၊ ချိုးရေတောင် အလုံအလောက် မရနိုင်ကြပါဘူး။ သူတို့က အကူအညီပေးတဲ့ အဖွဲ့တွေဆီက ပေးလာတဲ့ အစား အသောက်တွေကို မှီခိုနေကြရတုန်းပါ။ သူတို့ မိသားစုဝင်တွေ၊ အိုး အိမ်တွေ ဆုံးရှုံးခဲ့ကြရပြီး သူတို့ဘ၀ ပြန်လည် ထူထောင်နိုင်ဖို့ ပစ္စည်းကိစ္စအားလုံး ဆုံးရှုံးခဲ့ကြရပါတယ်။ ဆိုလိုတာက အဲဒီ ဒေသကလူတွေက ပြန်လည်ထူထောင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းရုန်းကန်ကြရဦးမှာပါ။

မေး။     ။ နာဂစ်မုန်တိုင်းပြီးနောက်မှာ ကလေးတွေ မိဘမဲ့ဖြစ်ကုန်တာ ဘယ်လောက်ရှိတယ်လို့ ခန့်မှန်းနိုင်ပါသလား။ ခင်ဗျားတို့အဖွဲ့က အဲဒီကလေးတွေအတွက် ဘာလုပ်ပေးနေပါသလဲ။

ဖြေ။     ။ မိသားစု လုံးဝ မကျန်တော့တဲ့ ကလေး ၁၀၀၀ လောက်ကို ကျနော်တို့ မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ သူတို့ မိသားစုဝင်တွေ အားလုံး သေကုန်ကြပါပြီ။ ဒီကလေးတွေကို စာရင်းထဲ ထည့်သွင်းနိုင်ခဲ့ပြီး အဖွဲ့အစည်း တော်တော် များများကလည်း ဒီအချက်အလက်တွေကို အသုံးပြုနိုင်ကြပါတယ်။ ကျနော်တို့က ကလေးဆုံးရှုံးသွားရတဲ့ မိဘတွေ၊ မိဘဆုံးရှုံးသွား ရတဲ့ ကလေးတွေကို ဆက်စပ်ပေးတာ၊ ချိတ်ဆက်ပေးတာတွေ လုပ်နိုင်ခဲ့ပါတယ်။

ဒီကလေးတွေ အများစုကို သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်ပေါင်းစည်းပေးတာမျိုး၊ ဒါမှမဟုတ် ဆွေမျိုးနီးစပ်တော်သူတွေနဲ့ ချိတ် ဆက်ပေးတာ မျိုး၊ ဒါမှမဟုတ် အဲဒီရပ်ရွာကပဲ မွေးစားချင်သူတွေနဲ့ ချိတ်ဆက်ပေးတာတွေ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီကလေး အများစုက ခရစ်ယာန်တွေဖြစ်နေပေမယ့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေက ဖွင့်ထားတဲ့ မိဘမဲ့ စောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်နေကြရတုန်းပါ။ ကျနော်တို့က ဒီလိုစောင့်ရှောက်ရေးဌာနတွေကို ထောက်ပံ့ပေးပါတယ်။ ကလေးတွေ နေထိုင်ရေး၊ ပညာရေး အခြေအနေတွေ တိုးတက်လာအောင် ပံ့ပိုးပေးနေပါတယ်။

မေး။     ။ ခင်ဗျားတို့ အဖွဲ့အစည်းအနေနဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ၊ ပံ့ပိုး ကူညီတဲ့ နေရာမှာ ဘယ်လို အခက်အခဲတွေ၊ ကန့်သတ်ချက်တွေ ရင်ဆိုင်နေရပါသလဲ။

ဖြေ။     ။ အခုတွေ့ရသလောက် အကြီးဆုံး အခက်အခဲကတော့ ထောက်ပံ့ရေး လမ်းကြောင်းပါပဲ။ ကျနော်တို့ လုပ်ကိုင်နေတဲ့ ကျေးရွာတွေက သိပ်ခေါင်ပါတယ်။ ရွာအများစုက လှေတွေနဲ့ပဲ သွားလို့လာလို့ ရောက်နိုင်ကြပါတယ်။ တချို့ရွာတွေက မြစ်ဝကျွန်းပေါ်ဒေသ တောင်ဖက်အစွန်းမှာ ရှိနေပါတယ်။ အဲသည်မှာ မြစ်ဝကျယ်ပြီး၊ ဒီရေ အတက်အကျ ကလည်း ပြင်းထန်ပါတယ်။ အခု မုတ်သုန်မိုးရာသီ ရောက်ပြီဆိုတော့ သွားလာ ရတာလည်း အင်မတန် အန္တရာယ် ကြီးပါတယ်။ ဒါက ကျနော်တို့ တွေ့ရတဲ့ အကြီးဆုံး အခက်အခဲပါ။

မေး။     ။ “မုန်တိုင်းပြီးကာလ မြစ်ဝကျွန်းပေါ်ဒေသမှ အသံများ” (After the Storm: Voices from the Delta) လို့ အမည်ရတဲ့ အစီရင်ခံစာတစောင်ကို ပြည်ပရောက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တခုက ထုတ်ဝေခဲ့ပါတယ်။ သူတို့ပြောတာက မြစ်ဝကျွန်းပေါ်ဒေသမှာ အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာအန်ဂျီအိုအဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တင်ပြဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ပြောထားပါတယ်။ ဒီအစီရင်ခံစာအပေါ် ခင်ဗျား ဘယ်လိုများ ပြောချင်ပါ သလဲ။

ဖြေ။     ။ အရေးပေါ် ကူညီရေးအဖွဲ့ (EAT) ရဲ့အစီရင်ခံစာက မြစ်ဝကျွန်းပေါ်ဒေသအတွင်းမှာ ကယ်ဆယ်ရေးလုပ်ငန်း ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အခြေအနေကို မှားယွင်းမြင်လာအောင် ဖော်ပြထားပါတယ်။ ပထမအချက်က ဒီအစီရင်ခံစာ က ပြောရရင် အများစုက ဆိုင်ကလုန်းမုန်တိုင်းတိုက်ပြီး ပထမလပိုင်း အခြေအနေကိုပဲ အလေးပေးဖော်ပြထားတာပါ။ ဒီ အချိန်မှာ အခြေအနေက သိပ်ရှုပ်ထွေးခက်ခဲလွန်းပါတယ်။ ဒီအစီရင်ခံစာက နာဂစ်မုန်တိုင်းအပေါ် တုံ့ပြန်ဆောင်ရွက်ကြတဲ့ ကြိုးပမ်းမှုတွေကို မျှမျှတတ မဖော်ပြထားပါဘူး။

အဲဒီမှာ ဘာတွေ လုပ်ငန်းအောင်မြင်တယ်ဆိုတာ မဖော်ပြထားပါဘူး။ ဥပမာပြောရရင် - Save the Children အဖွဲ့က နာဂစ် မုန်တိုင်းတိုက်ပြီး ပထမ ၂ ပတ်အတွင်းမှာပဲ လူပေါင်း ၁၆၀၀၀၀ ဆီ အကူအညီတွေရောက်အောင် ပေးပို့ ကူညီနိုင်ခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ် အနောက်တောင်ဖက် အစွန်အဖျားကျတဲ့၊ မုန်တိုင်း ပထမဦးဆုံး သက်ရောက်ခဲ့တဲ့ ဒေသတွေ အပါအ၀င်ပါ။ ဒီအစီရင်ခံစာက အကူအညီတွေ ဘယ်လိုပေးနိုင်ခဲ့ကြတယ်ဆိုတဲ့ ပိုပြီးမျှတတဲ့ ပုံမျိုး မဖော်ပြ ပေးခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။

မေး။     ။ မြန်မာစစ်အစိုးရ အနေနဲ့ နောက်ထပ် လူသားချင်းစာနာမှု အကူအညီတွေ ရရှိလာစေရေးအတွက် အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စမှာ ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ။     ။ Save the Children အဖွဲ့က မြန်မာအစိုးရရဲ့ တချို့ဌာနတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျနော်တို့က လူမှုဝန်ထမ်း ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာနတွေနဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ သူတို့ရဲ့ ပူးပေါင်းကူညီမှုနဲ့ပဲ ကျနော်တို့က လူထုအခြေပြု အထောက်အကူပေးရေး လုပ်ငန်းတွေ လုပ်နိုင်တာပါ။ ဒါပေမယ့် အစိုးရဌာနတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ပြောရင်တော့ လုံးလုံး မမှန်ပါဘူး။     ။

အဖွဲ့ချုပ်က ခြွင်းချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံ

Thursday, 30 April 2009 18:55 ဇာနည်ဝင်း
E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ခြွင်းချက် သုံးခုဖြင့်  လက်ခံသည်ဟု ယမန်နေ့က သဘောထား ကြေညာချက် ထုတ်ပြန် လိုက်သည်။

ယမန်နေ့က ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်သည့် နေရာတွင် တွေ့ရသော အဖွဲ့ချုပ် အဖွဲ့ဝင်များ (ဓာတ်ပုံ- Getty Images)

အဆိုပါ ခြွင်းချက် သုံးခုမှာ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် တို့ ဖြစ်သည်။

ထိုအချက်များမှာ ကုလသမဂ္ဂ၊ အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့၊ ဥရောပသမဂ္ဂ စသည့် နိုင်ငံတကာ အင်အားစုက စစ်အစိုးရကို တစိုက်မတ်မတ် တောင်းဆိုထားသည့် အချက်များလည်း ဖြစ်သည်။

ဤသို့ ဆုံးဖြတ်လိုက်ခြင်းမှာ မြန်မာ တပြည်လုံး ကြုံတွေ့နေရသော အခက်အခဲများကြောင့် ဖြစ်သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေရဲ့ နှစ်ရှည်လများ ဒုက္ခ သုက္ခတွေကို မျှဝေနေတဲ့ မိသားစုတွေ၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးမှာ ခြေကုန် လက်ပန်း ကျနေတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို မျှော်တွေးပြီးတော့ လက်ကမ်းလိုက်တာ ဖြစ်ပါတယ်” ဟု ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောသည်။

အဖွဲ့ချုပ်သည် အာဏာပိုင်များက ပြုလုပ်ပေးသည့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် နိုင်ခဲ့သည့် နိုင်ငံရေးပါတီ ဖြစ်သည်။ အစိုးရက အဆိုပါ ရလဒ်ကို အကောင်အထည် မဖော်ဘဲ ရွေးကောက်ပွဲတခု ပြုလုပ်ပါက အဖွဲ့ချုပ် အနေဖြင့် လက်မခံနိုင်ကြောင်း ယခင်က ကြေညာထားသည်။

ယမန်နေ့က ထုတ်ပြန်သည့် စာမျက်နှာ ၃ မျက်နှာပါ ရွှေဂုံတိုင် ကြေညာစာတမ်းသည် အနယ်နယ် အရပ်ရပ်မှ အဖွဲ့ချုပ် ကိုယ်စားလှယ်များ ရန်ကုန်တွင် အထူး အစည်းအဝေး ပြုလုပ်ခဲ့ရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထွက်ပေါ်လာမည့် အဖြေကို သိလိုသဖြင့် အာဏာပိုင်များကပင် အဆိုပါ အစည်းအဝေးကို ဖြစ်မြောက်စေလိုသည် ဟု အကဲခတ်များက သုံးသပ်ကြသည်။ အထူး အစည်းအဝေးသို့ သွားရောက်မည့်သူများကို ကန့်သတ်ပိတ်ပင်၊ ဖမ်းဆီးခြင်း မပြုခဲ့သည့် အချက်ကို ၎င်းတို့က ထောက်ပြကြသည်။

ကြေညာစာတမ်းတွင် ပါရှိသော အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ မှန်ကန်သည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“အရင်တုန်းကတော့ အဖွဲ့ချုပ်ဟာ ပါတီ ရှင်သန်ရေး၊ ပါတီရှိမှ ဒီမိုကရေစီရေး အတွက် ဆောင်ရွက်လို့ရမယ် လို့ ဒီလိုပဲ ရပ်တည်ခဲ့တယ်။ ဒါပေမယ့် ဦးဝင်းတင်တို့ မလွတ်ခင် ပါတီ ရှင်သန်ရေးထက် ပါတီရဲ့ အခြေခံမူတွေကို ဆုပ်ကိုင်ရေးဘက်ကို ပြောင်းလဲလာပါတယ်။ အခုလည်း ဒီအတိုင်း ရပ်တည်နေပါတယ်။ ဒါကို အကြိုက်ဆုံးပဲ” ဟု ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

သို့သော်လည်း အာဏာပိုင်တို့နှင့် ညှိနှိုင်းသည့် အခြေအနေသို့ ရောက်လာပါက အလျှော့ပေးရဦးမည်ဟု ဦးအေးသာအောင်က သုံးသပ်သည်။

“တပ်နဲ့ လက်တွဲရမယ်၊ အပေးအယူ လုပ်ရမယ်၊ ကိုယ့်ဘက်က များများ ပေးရမယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ရွှေဂုံတိုင် ကြေညာစာတမ်းသည် အဖွဲ့ချုပ် အဖွဲ့ဝင်များအတွက် အလုပ်လမ်းညွှန်တခု ဖြစ်လာကြောင်း၊ ဒီမိုကရေစီ လိုလားသူများ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမို ရလာဖွယ်ရှိကြောင်း ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ယူဆနေသည်။

သို့သော်လည်း အဖွဲ့ချုပ်၏ တောင်းဆိုချက်တခုဖြစ်သည့် အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးကိုမူ စစ်အစိုးရက သဘောတူနိုင်မည်ဟု မယူဆကြောင်း လူ့ဘောင်သစ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက ဧရာဝတီကို ပြောပြသည်။

အဖွဲ့ချုပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြုလုပ်သည့် အထူး အစည်းအဝေးတွင် ဆွေးနွေးကြရာ အခြေခံ ဥပဒေရှိ အငြင်းပွားဖွယ်ရာ အချက် ၁၂ ချက် ကို ပြင်ဆင်ရန် ထောက်ပြထားသည်။ ယင်းသို့ ထောက်ပြချက်များအနက် နိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှု၊ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်မှု စသည့် အချက်များ ပါဝင်သည်။

“အခြေခံ ဥပဒေကို လူထု ၉၂.၄၈ ရာခိုင်နှုန်းက အတည်ပြုထားတယ်၊ ပြန်ပြင်ရင် လူထုကို မလေးစားရာကျတယ် လို့ စစ်အစိုးရက ပြောထားတယ်။ လိုက်လျောမှာ မဟုတ်ဘူး။ အခုအတိုင်းကတော့ ဖြစ်နိုင်ချေ နည်းတယ်” ဟု ကိုငွေလင်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဆိုသော်လည်း အဖွဲ့ချုပ်က ကိုင်စွဲထားသည့် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်ပြီးလည်း ရွှေဂုံတိုင် ကြေညာစာတမ်းတွင် အကြိမ်ကြိမ် ဖော်ပြထားသည်။

“ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ် ဆောင်ရွက်ရန်” ဟု စစ်အစိုးရကို တိုက်တွန်းထားသည်။

အထူး အစည်းအဝေးကို အဖွဲ့ချုပ်၊ ဌာနချုပ်ရုံး တည်ရှိရာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အနောက် ရွှေဂုံတိုင်လမ်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သောကြောင့် ထုတ်ပြန်ချက်ကို “ရွှေဂုံတိုင် ကြေညာစာတမ်း”ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ရွှေဂုံတိုင် ကြေညာစာတမ်းတွင် ဖော်ပြထားချက်များအရ အဖွဲ့ချုပ်၏ လှုပ်ရှားမှုများ လက်တွေ့ကျလာသည်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာ့ နိုင်ငံရေးကို လေ့လာ အကဲခတ်နေသော ကိုဝင်းမင်းက သုံးသပ်လိုက်သည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ စပြောလာပြီ။ အရင်ကဆိုရင် ရွေးကောက်ပွဲအကြောင်း သူတို့ မပြောဘူး။ အခု သူတို့ဆီမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သေနင်္ဂဗျူဟာ စရှိလာပြီ၊ လက်တွေ့ကျလာပြီလို့ ပြောလို့ရတာပေါ့” ဟု ကိုဝင်းမင်းက ပြောသည်။

တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ဖော်ပြထားသဖြင့် ပြည့်စုံသည့် ထုတ်ပြန်ချက် တခု ဖြစ်သည်ဟု ကိုဝင်းမင်းက သုံးသပ်သည်။


ဝမ်းပျက်ဝမ်းလျှောကြောင့် တလအတွင်း သေဆုံးသူ ၃၀ ခန့်ရှိ

Thursday, 30 April 2009 18:54 အေးလဲ့

ဝမ်းပျက် ၀မ်းလျှော ရောဂါကြောင့် မြန်မာပြည်အနှံ့ တလအတွင်း သေဆုံးသူပေါင်း ၃၀ ခန့် ရှိခဲ့သော်လည်း ပြည်တွင်းထုတ် ဂျာနယ်များတွင် သတင်းထုတ်ပြန်ခွင့် ပိတ်ပင်ခံခဲ့ရ သည်ဟု ပြည်တွင်း သတင်းဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။

ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြည်တွင်းသတင်းဂျာနယ်တိုက်များသို့ အသေအပျောက်စာရင်းကို ပြောကြားသော်လည်း သတင်းဖော်ပြမှု မလုပ်ရန် တားမြစ်သည်ဟုဆိုသည်။

“သေတာအားလုံး ၃၀ ရှိပြီလို့ ကျန်းမာရေးဌာနက ပြောတယ်။ ဒါတောင် သူတို့လက်လှမ်းမမီတာ ရှိသေး တယ်တဲ့” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

ယခုလ တလအတွင်း ရန်ကုန်တိုင်းတွင် မြောက်ဥက္ကလာပ၌  အဆိုးရွားဆုံးဖြစ်ပွားခဲ့ပြီး တောင်ဥက္ကလာပ၊ ဒေါပုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ဒလ၊ ပုဇွန်တောင် အစရှိသည့် ဒေသများတွင် ဖြစ်ပွားနေသည်။

မန္တလေးတိုင်းတွင်လည်း အမရပူရ၊ ပြည်ကြီးတံခွန်၊ မိထ္ထီလာ၊ မြင်းခြံနှင့် ဧရာဝတီတိုင်းတွင် လပွတ္တာ၊ ဘိုကလေး အစရှိသော မြို့များတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ အများဆုံး ဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်။

မြင်းခြံမြို့နေ အပြင်ဆေးခန်းဆရာဝန် တဦးက “ကျနော့်ဆေးခန်းမှာ ဝမ်းရောဂါကြောင့် ရောက်လာတဲ့ လူနာ တနေ့ကို ၄ ယောက်၊ ၅ ယောက်တော့ ရှိတယ်၊ မတိုး၊ မလျော့သွားပေမယ့် နေ့တိုင်း လိုလို ရှိတယ်၊ ဆေးရုံမှာလည်း လူနာ ၃၀၀ လောက်ရှိမယ်၊ သေဆုံးသူ ၅ ဦးလောက်တော့ရှိမယ်၊ ကလေးများတယ်” ဟု
ပြောသည်။

ပြည်သူလူထု အထိတ်တလန့်ဖြစ်ပွားမည်ကို စိုးရိမ်သည်ဟု ဆိုကာ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးက ယခုကဲ့သို့သော ကူးစက်ရောဂါများနှင့် စပ်လျဉ်း၍ အသေအပျောက် ပမာဏကို ထိန်းချုပ် ဖော်ပြခြင်းဖြစ်သည်ဟု သတင်းဌာနတချို့က ဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း ရန်ကုန်နှင့် မန္တလေး ကလေးဆေးရုံများတွင် ၀မ်းရောဂါကြောင့် လာရောက် ပြသသူ လူနာများပြားနေခဲ့ပြီး ခုတင်ပင် မလောက်ငဟု ကြားသိရသည်။

သို့သော်လည်း ယခုအခါ အခြေအနေ တိုးတက်ကောင်းမွန်လာသည်ဟု သက်ဆိုင်ရာ ဆေးရုံ တာဝန်ရှိသူ များက ပြောသည်။

ယခုဖြစ်ပွားသည့် ဒေသများထဲမှ တချို့သော ဒေသများအတွင်း ကာလဝမ်းရောဂါ အဆင့်ဖြစ်ပွားမှုများ ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။



သိပ္ပံဇာတ်လမ်းကြယ်တာရာစစ်ပွဲထဲက စခန်းကြီးတစ်ခုလို့ အထင်မမှုားလိုက်ကြပါ

နဲ့ အဲဒါ ဘုရားစူး....ကြပ်ပြေးမှာဆောက်မယ့်လေယာဉ်ကွင်းပါ။


အဲလောက်ကောင်းတဲ့လေယာဉ်ကွင်းကြီးဆောက်လို့ ကျွန်တော်တို့ နိုင်ငံကိုသိပ်လည်းအထင်မကြီးသွားကြပါနဲ့  အကြီးဆုံးမြို့ ကြီးဖြစ်တဲ့ရန်ကုန်မြို့ မှာတောင် ၂၄နာရီတစ်ရက်မှာ၆နာရီပြည့်အောင်မီးမလာပါဘူး။ ဖယောင်းတိုင်မီးနဲ့ စာကြည့်ပြီး ၁၀တန်းအောင်လာရတဲ့ကျွန်တော့်လိုလူတွေအများကြီးပါ။ လူဖြစ်လာကတည်းက စတွေ့ ခဲ့ရတဲ့ အာဏာရူးဆိုတဲ့လူကြီးဟာ အခုတော့ဘုရင်ရူးပါ ရူးနေပါရောလား။ သူအာဏာရလာတဲ့အချိန်ကစလို့ ကျွန်တော့်ဘ၀သက်တမ်းတစ်လျှောက်မှုာ အကောက်ကျစ်ဆုံး အောက်တန်းအကျဆုံးလူတစ်ယောက်ကို ပထမဆုံးကြုံဖူးခြင်းပါ။
အာဏာရူးသန်းရွှေက သူသေမယ့်ကြပ်ပြေးမှာ အိမ်တစ်ဆောင်၊မီးတပြောင်အပြင် ရန်ကုန်ကိုလူမသိအောင် ခိုးပြန်ပြီးအိပ်နေကျညတွေမှာ လေယာဉ်ခလုတ်တိုက်လဲမှာကြောက်ရတဲ့ ကြပ်ပြေးလေယာဉ်ကွင်းကိုစိတ်မချလို့ အသစ်ချဲ့ ဖို့  ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လေယာဉ်ကွင်းသစ်ပရောဂျက်ကြီးကို အေးရှားဝေါလ် ကုမ္ပဏီနှင့် စင်္ကာပူ CPG Consultant Pet. Ltdတို့ အပြီးအပ်ပြီးသွားပါပြီ။
ဘုရင်ရူးသန်းရွှေဟာ မြန်မာပြည်သူတွေပိုင်ဆိုင်တဲ့ ဒေါ်လာငွေသန်းပေါင်းများစွာကို ကိုယ်ကျိုးအတွက် အရှက်မရှိမျက်နှာပြောင်တိုက် အကျိုးမဲ့သုံးဖြုန်းနေတဲ့အချိန်မှာ လူပေါင်းသိန်းနဲ့ ချီပြီးသေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဖြစ်ခဲ့တာ ၁နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
လူုယုတ်မာသန်းရွှေဟာ မုန်တိုင်းဖြစ်ပြီး အလောင်းတွေစီနေကတည်းကပြည်သူအချင်းချင်းစာနာကူညီခဲ့တဲ့သူတွေကို နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက် ထောင်ချနေခဲ့တာလည်း ယနေ့ ထိတိုင်ပါပဲ။ နိုင်ငံတကာကအကူအညီတွေကိုလည်း အနှောင့်အယှက်မျိုးစုံပေးပြီးပိတ်ဆို့ တားဆီးနေဆဲပါ။ ကနေ့ အထိ ဧရာဝတီတိုင်းအပါအ၀င် မုန်းတိုင်းသင့်ခဲ့တဲ့ဒေသတွေကပြည်သူတွေမှာ မုန်တိုင်းနဲ့ ပါက်သက်တဲ့စိတ်ဝေဒနာ၊ နေရေးစားရေး အစစအရာရာချို့ တဲ့စွာနဲ့ ပင်ပင်ပန်းပန်းရုန်းကန်နေရဆဲပါ။



နာဂစ်ဒုက္ခသည်ကူညီသူတွေ ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို


02 May 2009

မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ပြီးတဲ့နောက် လေဘေးဒုက္ခသည်များကို သူတို့ဘာသာ သွားရောက်ကူညီကြလို့ အဖမ်းခံနေရတဲ့ အရပ်သားများကို ပြန်လွှတ်ပေးပါလို့ လူ့အခွင့်အရေး အဖွဲ့အစည်းများက စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

လူပေါင်း ၁,၃၈၀,၀၀၀ သေကျေပျောက်ဆုံးခဲ့တဲ့ အဲဒီဆိုင်ကလုန်း လေပြင်းမုန်တိုင်းကျခဲ့တာ တစ်နှစ်ပြည့်တဲ့အချိန်အထိ အသက်မသေ ရှင်ကျန်သူများကို သွားရောက်ကူညီခဲ့ကြသူ ၂၁ ယောက် မလွတ်ကြသေးဘူးလို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) နဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံတို့က ဆိုပြီး၊ လေဘေးဒုက္ခသည်များကို ကူညီမှုနဲ့ ဖမ်းဆီးတာ မတရားဘူး၊ လွှတ်ပေးဖို့ မေတ္တာရပ်ခံတာကိုလည်း မတုံ့ပြန်တဲ့အတွက်လည်း စစ်အစိုးရကို ပြစ်တင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။

လွတ်လပ်တဲ့ ကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့အစည်းများကို အစိုးရက ကန့်သတ်ချုပ်ချယ်ထားတဲ့အချိန် အဲဒီလို စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများကသာ သွားရောက်မကူညီရင် လေဘေးသင့်ဒေသမှာ လူတွေ အခုထက်မက ပိုပြီးသေကုန်ကြမှာလို့ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထောက်ပြပါတယ်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး စစ်အစိုးရ ကိုင်တွယ်ပုံဟာ နှေးကွေးပြီး လုံလောက်မှုမရှိဘူးလို့ ဆိုတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှတိုက် ညွှန်ကြားရေးမှူး အယ်လင်း ပီယာဆင် က စွယ်စုံဟာသပညာရှင် ဇာဂနာ ကို လွှတ်ပေးဖို့ အထူး မေတ္တာရပ်ခံလိုက်ပါတယ်။

လန်ဒန်အခြေစိုက် Amnesty International အဖွဲ့ကြီးကလည်း လေဘေးသင့်ဒုက္ခသည်များကို သွားရောက်ကူညီလို့ အဖမ်းခံနေရသူများကို လွှတ်ပေးဖို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအသင်းအနေနဲ့လည်း အဲဒီ အရပ်သားများ လွတ်မြောက်ရေးအတွက် စစ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲမှာ တင်ပြလုပ်ဆောင်ပေးသင့်ကြောင်း Amnesty International အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။



















Subpages (2): C - box news

Comments (1)

Arzarni Group - May 2, 2009 4:01 AM

ရင်ထဲကထင်မြင်သမျှ ရေးသွားခဲ့ ပါ ..ဆဲဆိုတာမပါဘဲနဲ့ ပေါ့